CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, June 10, 2019
အိမ္ေျမွာင္နိမိတ္" (အိမ္ေျမွာင္ႏွင့္ ပတ္သက္ေသာ နိမိတ္မ်ားအေၾကာင္း)
အိမ္ေျမႇာင္သည္ မ်ားေသာအားျဖင့္ ေနအိမ္တြင္ရွိေသာ တြားသြားတိရိစာၦန္ အေကာင္ငယ္ျဖစ္၏။ အိမ္ေျမႇာင္ စုတ္ထိုး(ေအာ္ျမည္)မႈမွာ မၾကာခဏ ေအာ္တတ္၏။ အခ်ိဳ႕အိမ္ေျမႇာင္သည္ ႏွစ္ရက္သုံးရက္မွတစ္ႀကိမ္ စုတ္ထိုး၏။ ထိုကဲ့သို႔ၾကားပါက “သင္လည္း က်န္းမာပါေစ၊ အစားအစာ ၾကြယ္ဝပါေစ”ဟုေမတၱာပို႔သင့္၏။
တစ္ေန႔တည္း ႀကိမ္ဖန္မ်ားစြာ ေလးငါးႀကိမ္ မကစုတ္ထိုးေသာ္ အိမ္သားမ်ား “က်န္းမာေရး ခ်ဴခ်ာမႈရွိတတ္၏။ စီးပြားလာဘ္လာဘဝင္ကိန္း နည္းပါးမႈရွိတတ္၏။”
အိမ္ေျမႇာင္အေရွ႕အရပ္မွစုတ္ထိုးခဲ့ေသာ္ ေ႐ႊ၊ ေငြ၊ လက္ဝတ္ရတနာ ဝင္ကိန္းရရွိလိမ့္မည္။
အိမ္ေျမႇာင္အေနာက္အရပ္မွစုတ္ထိုးခဲ့ေသာ္ သူခိုးသူဝွက္ ရန္သူမ်ိဳးငါးပါး ေဘးေတြ႕ႀကဳံလိမ့္မည္။
အိမ္ေျမႇာင္အေရွ႕ေတာင္အရပ္မွစုတ္ထိုးခဲ့ေသာ္ အိမ္မွ လူေျခႏွစ္ေခ်ာင္းအရွင္ထြက္တတ္သည္။ႏြား၊ ျမင္း၊ အိမ္ေမြးတိရစာၦန္ ေပ်ာက္ဆုံးလိမ့္မည္။
အိမ္ေျမႇာင္ေတာင္စူးစူးအရပ္မွစုတ္ထိုးခဲ့ေသာ္ ေျခႏွစ္ေခ်ာင္း က်ား၊ မ အေရွ႕အရပ္မွလာလိမ့္မည္။
အိမ္ေျမႇာင္အေနာက္ေတာင္အရပ္မွစုတ္ထိုးခဲ့ေသာ္ ေလာဘေဒါသႀကီးမႈ ေတြ႕ႀကဳံႏိုင္ၿပီး အမႈအခင္း ျဖစ္လိမ့္မည္။
အိမ္ေျမႇာင္ေျမာက္စူးစူးအရပ္မွစုတ္ထိုးခဲ့ေသာ္ ခ်ီးေျမႇာက္ျခင္းခံရမည္။ ေ႐ႊ၊ ေငြ၊ လွည္း၊ လူဝင္ကိန္း ရရွိလိမ့္မည္။
အိမ္ေျမႇာင္ဦးေခါင္းတည့္တည့္အေပၚမွ စုတ္ထိုးခဲ့ေသာ္ ရာထူးလာဘ္လာဘ ဒီေရကဲ့သို႔ တစ္ခဏခ်င္းရရွိလိမ့္မည္။
ေမာင္ၾကည္မ်ိဳး
#Unicode Version# ျဖင့္ဖတ္ပါ ။
အိမ်မြှောင်သည် များသောအားဖြင့် နေအိမ်တွင်ရှိသော တွားသွားတိရိစ္ဆာန် အကောင်ငယ်ဖြစ်၏။ အိမ်မြှောင် စုတ်ထိုး(အော်မြည်)မှုမှာ မကြာခဏ အော်တတ်၏။ အချို့အိမ်မြှောင်သည် နှစ်ရက်သုံးရက်မှတစ်ကြိမ် စုတ်ထိုး၏။ ထိုကဲ့သို့ကြားပါက “သင်လည်း ကျန်းမာပါစေ၊ အစားအစာ ကြွယ်ဝပါစေ”ဟုမေတ္တာပို့သင့်၏။
တစ်နေ့တည်း ကြိမ်ဖန်များစွာ လေးငါးကြိမ် မကစုတ်ထိုးသော် အိမ်သားများ “ကျန်းမာရေး ချူချာမှုရှိတတ်၏။ စီးပွားလာဘ်လာဘဝင်ကိန်း နည်းပါးမှုရှိတတ်၏။”
အိမ်မြှောင်အရှေ့အရပ်မှစုတ်ထိုးခဲ့သော် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ ဝင်ကိန်းရရှိလိမ့်မည်။
အိမ်မြှောင်အနောက်အရပ်မှစုတ်ထိုးခဲ့သော် သူခိုးသူဝှက် ရန်သူမျိုးငါးပါး ဘေးတွေ့ကြုံလိမ့်မည်။
အိမ်မြှောင်အရှေ့တောင်အရပ်မှစုတ်ထိုးခဲ့သော် အိမ်မှ လူခြေနှစ်ချောင်းအရှင်ထွက်တတ်သည်။နွား၊ မြင်း၊ အိမ်မွေးတိရစ္ဆာန် ပျောက်ဆုံးလိမ့်မည်။
အိမ်မြှောင်တောင်စူးစူးအရပ်မှစုတ်ထိုးခဲ့သော် ခြေနှစ်ချောင်း ကျား၊ မ အရှေ့အရပ်မှလာလိမ့်မည်။
အိမ်မြှောင်အနောက်တောင်အရပ်မှစုတ်ထိုးခဲ့သော် လောဘဒေါသကြီးမှု တွေ့ကြုံနိုင်ပြီး အမှုအခင်း ဖြစ်လိမ့်မည်။
အိမ်မြှောင်မြောက်စူးစူးအရပ်မှစုတ်ထိုးခဲ့သော် ချီးမြှောက်ခြင်းခံရမည်။ ရွှေ၊ ငွေ၊ လှည်း၊ လူဝင်ကိန်း ရရှိလိမ့်မည်။
အိမ်မြှောင်ဦးခေါင်းတည့်တည့်အပေါ်မှ စုတ်ထိုးခဲ့သော် ရာထူးလာဘ်လာဘ ဒီရေကဲ့သို့ တစ်ခဏချင်းရရှိလိမ့်မည်။
မောင်ကြည်မျိုး
အိမ္ေျမွာင္နိမိတ္" (အိမ္ေျမွာင္ႏွင့္ ပတ္သက္ေသာ နိမိတ္မ်ားအေၾကာင္း)
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 10, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 10, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment