Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 10, 2019

အီးပါျခင္း အႏုပညာ

လူတခ်ိဳ႕က
မနက္ေစာေစာေရအဝေသာက္ၿပီးမွ
အီးပါၾကတယ္
သူတို႔အဆိုအရဆို တညလံုးေခ်ဖ်က္ထားတဲ့အစာေတြ
မနက္က်ပါထုတ္လိုက္တာ
ေပါ့ပါးသြားတယ္တဲ့
ဟုတ္သလိုလိုေတာ့ရွိသား…

တခ်ိဳ႕ၾက တေန႔၂ခါပံုမွန္သြားမွ
အပူအပုပ္စင္သတဲ့
အစာေခ်စနစ္ပံုမွန္အလုပ္လုပ္တာတဲ့
အြန္း..ဒါလဲ..မွန္သလိုလိုပဲ…

တခ်ိဳ႕ၾက၃ရက္ေလာက္ေနမွ
တစ္ခါေလာက္အီးပါၾကသတဲ့
ေန႔တိုင္းသြားစရာမလိုဘူးတဲ့
ဖင္အလုပ္ရႈပ္သတဲ့
တဝတျပဲဘယ္ေလာက္စားစား
လံုးဝ ဝမ္းမသြားတဲ့
ကိုဝမ္းခိုင္တို႔ မဝမ္းခိုင္တို႔ကေျပာတယ္
သူတို႔ၾကက်ဳပ္တို႔ထက္
အလုပ္ရႈပ္ပိုသက္သာသလိုလိုေတာ့ရွိသား..

တခ်ိဳ႕ၾကလည္း
ဝမ္းတလံုးေကာင္းေခါင္းမခဲတဲ့
ေခါင္းကိုက္ရင္ ဝမ္းႏႈတ္
ေညႇ ာ္မိရင္ ဝမ္းႏႈတ္
သြားကိုက္ရင္ ဝမ္းႏႈတ္
ဝက္ျခံေပါက္ရင္ဝမ္းႏႈတ္
မအီမသာျဖစ္ရင္ဝမ္းႏႈတ္
အေၾကာတက္ရင္ ဝမ္းႏႈတ္
အားေန ဝမ္းႏႈတ္လိုက္ရမွ ေက်နပ္သြားၾကတဲ့လူေတြ…

တခ်ိဳ႕ၾက ျမန္မာထိုင္အိမ္သာနဲ႔မွ
အီးထြက္ပိုၿပီးအားရတာတဲ့

တခ်ိဳ႕ၾကလည္း ဘိုထိုင္နဲ႔ပါမွ
ေဆးပညာအရ အဆင္ေျပတာတဲ့

တခ်ိဳ႕ၾက ေရပန္းနဲ႔ေဆးမွ သန္႔တယ္ထင္ၾကတယ္

တခ်ိဳ႕က ေရခြက္နဲ႔ ျဖန္းျဖန္းဆို
ပက္ၿပီးေဆးရမွ
သန္႔ျပန္႔သြားတယ္ယူဆတယ္

တခ်ိဳ႕က တစ္ရႉးနဲ႔ပဲ သုတ္လိုက္တာပဲ
နည္းနည္းျမင့္တဲ့သူေတြၾကေတာ့
wet tissue ေလးနဲ႔ေပါ့ဗ်ာ

ေတာရြာေတြမွာေတာ့
ဒုတ္နဲ႔ကုန္းၾကတယ္ ၾကားဖူးတယ္
ဘယ္လိုကုန္းၾကလဲေတာ့မသိဘူး..

တခ်ိဳ႕ၾက အသံျမည္ရင္ရွက္တတ္ၾကတယ္
ေရပန္းဖြင့္ခ်ၿပီး အီးပါေရာပါခ်လိုက္တာမ်ိဳး..

တခ်ိဳ႕ၾကဖုန္းနဲ႔သီခ်င္းဖြင့္ၿပီး ဖုန္းသံနဲ႔အီးသံေရာခ်ၿပီးအင္ထုၾကတယ္..

တခ်ိဳ႕ၾက ဘယ္သူၾကားၾကားမၾကားၾကား
ဂရုစိုက္မေနဘူး
ဘူ ဂြမ္ ဝုန္း ဒိုင္း ၾကဲခ်ရမွ အားရၾကသတဲ့..

တခ်ိဳ႕ၾကလည္း သူမ်ားအိမ္သာမွာမပါတတ္ၾကဘူး
ကိုယ့္အိမ္ေရာက္မွ ကိုယ္ပါတတ္ၾကတယ္..

တခ်ိဳ႕ၾကလည္း အိမ္သာမေရြးပဲ
ဖင္ လစ္ဘရယ္ဆန္ၾကတယ္..

တခ်ိဳ႕ၾက ျခံဳပုတ္ထဲမွာဘဲ
ၾကံဳသလို ပါလိုက္ၾကတယ္..

ေဟာ..ဘဘေတြေခတ္က
ဘဘလာရင္ပါလို႔ရေအာင္ ေရႊ႕လို႔ရတဲ့ဘိုထိုင္အိမ္သာႀကီးတစ္ခု
အျမန္ေဆာက္ရသတဲ့
ဒါေပမယ့္ ဘဘကအဲ့ခရီးမွာ အီးထြက္ေတာ္မမူလို႔
အဲ့အိမ္သာႀကီးက
ခုထိဒီတိုင္းပဲတဲ့…?

အာရပ္ေစာ္ဘြားေတြၾက
အရမ္းခ်မ္းသာေတာ့
ဘိုထိုင္အိမ္သာကိုေရႊနဲ႔လုပ္ၾကသတဲ့..

မင္းတုန္းမင္း သီေပါမင္းတို႔ၾကေတာ့
အိမ္သာေအာက္မွာ အီးေတာ္က်ဖို႔ခြက္ကို
ေရႊနဲ႔လုပ္ရသတတ္ ဖတ္ဖူးတယ္
ပါေတာ္မူေတာ့ ေရႊအီးခြက္ပါသြားလား
မပါသြားဖူးလား သိခ်င္မိတယ္…

အေမရိကန္ သမၼတေတြၾကေတာ့
သြားေလရာခရီးစဥ္မွာ အိမ္သာဝင္ရင္ေတာင္
လံုျခံဳေရးအျပည့္အစံုခ်ၿပီး အီးပါၾကသတဲ့
(ဘုန္းကံႀကီးပံုမ်ား)…

သနၲာဗိုၾကေတာ့ အီးပါေနတုန္း ဓာတ္ပံုရိုက္ခံရေတာ့ အရမ္းေတြထိတ္လန္႔ၿပီး
ၿပီးေအာင္ပါခဲ့လား
ဒါမွမဟုတ္ ရႉရႉးပဲေပါက္ခဲ့သလား
အင္တာဗ်ဴးေတြမွာလည္းေျဖမသြားဘူး..

တခ်ိဳ႕ကဝမ္းခ်ဳပ္ေနလို႔
မအီမသာျဖစ္ေနၾကတယ္
တခ်ိဳ႕ကဝမ္းသြားေနလို႔
မအီမသာျဖစ္ေနၾကတယ္
တခ်ိဳ႕ကဝမ္းမွန္တာကိုဂုဏ္ယူေနၾကတယ္
တခ်ိဳ႕က ဝမ္းသြားတဲ့အေၾကာင္းျပာရမွာ
ရွက္ၾကတယ္..
တခ်ိဳ႕က ဖင္မႏိုင္ဘဲ
ပဲႀကီးဟင္းစားၾကတယ္…

တခ်ိဳ႕ၾကအလုပ္အရမ္းမ်ားလို႔
ထိပ္ဝထိေရာက္ေနတဲ့စီနီယာဝမ္းကိုဘဲ ကမန္းကတမ္းအျမန္ပါၿပီး
ေနာက္ပိုင္းက ဂ်ဴနီယာဝမ္းကို
အခ်ိန္မရလို႔ ျပန္ရွံု႔ၿပီး အလုပ္ျပန္လုပ္ၾကတဲ့သူေတြလည္းရွိတယ္..

တခ်ိဳ႕ၾကလည္း
အီးပါခါနီး ေကာ္ဖီေလးေဖ်ာ္ သတင္းစာတစ္ေစာင္နဲ႔ အိမ္သာထဲဝင္သြားၾကတာ
၄၅မိနစ္ေလာက္ၾကာတယ္…

တခ်ိဳ႕အိမ္သာေတြၾကလည္း
ပိုစတာဗီႏိုင္းေလးေတြကာၿပီး
ဝါးေလးေတြနဲ႔ပဲျဖစ္သလိုေဆာက္ထားၾကတယ္

တခ်ိဳ႕အိမ္သာေတြၾကေတာ့လည္း
ေမြးႀကိဳင္သန္႔ျပန္႔လြန္းျပီး
လွဲအိပ္လို႔ေတာင္ရပါ့

ဘာပဲေျပာေျပာေပါ့ဗ်ာ…

အီးပါျခင္းအႏုပညာဆိုတာ
လူတိုင္းနဲ႔မကင္းႏိုင္ၾကဘူးေလ..

တခ်ိဳ႕ေတြ ဝမ္းသြားဖို႔လမ္းေၾကာင္းကို
ဗိုက္ကေဖာက္ထားရတဲ့လူနာေတြ

ဝမ္းသြားဖို႔အေပါက္ပါမလာတဲ့ကေလးငယ္ေတြ

သူတို႔ထက္စာရင္

ခင္မ်ားတို႔ က်ဳပ္တို႔က
ပံုမွန္ အီးပါခြင့္ရေနေသးတာ
ကုသိုလ္ကံေကာင္းေသးတယ္ေျပာရမယ္

ဘဝမွာ
အီးအရမ္းပါခ်င္ပါလ်က္
အိမ္သာမရွိလို႔မပါရတာမ်ိဳး
အစည္းအေဝးခန္းထဲကထြက္လို႔မရေသးလို႔
မပါရတာမ်ိဳး
Bus ကားေပၚ ဖယ္ရီေပၚမွာမို႔
မပါရတာမ်ိဳး
ထြက္မယ့္ေကာင္ေတြက အထဲကအခ်က္ေပးေနၿပီး
ဂိတ္မႉးကခြင့္မျပဳေသးလို႔ အထဲမွာရုန္းရင္းဆန္ခတ္ေတြျဖစ္
ေခၽြးေတြက် မ်က္ႏွာႀကီးနီၿပီး
ကမ႓ာ့အႀကီးဆံုးဒုကၡပိုင္ရွင္
ျဖစ္ဖူးၾကတယ္မလား?

အမုန္းၾကဲ ဗုန္းခြဲၿပီးမွ
ေရဆြဲခ်တာ ေရမရွိလို႔
ဒုကၡေတြေရာက္ ေခၽြးေတြျပန္
ကိုယ့္အီးပံုႀကီးကိုယ္ျပန္ၾကည့္ၿပီး
ဘာလုပ္လို႔လုပ္ရမွန္းမသိ
ေနာက္လူလာရင္လည္း ျမင္ေတာ့မယ္
ေရကမေဆးရေသး
ကမ႓ာ့သနားစရာအေကာင္းဆံုးသူလည္း
ျဖစ္ဖူးၾကတယ္မလား?

ကိုယ့္သိကၡာက
အီးအေပၚမွာတည္ရွိတာမဟုတ္ေပမယ့္
အသံျမည္ေအာင္မပါရဲ
အသံျမည္ေအာင္မေပါက္ရဲပဲ
ဂိတ္ဝကိုျဖည္းျဖည္းခ်င္းထိန္းၿပီးလႊတ္ေပးရင္း
ကမ႓ာ့အထိန္းခ်ဳပ္ႏိုင္ဆံုးလူသားလည္း
ျဖစ္ခဲ့ဖူးတယ္မလား?

ဒါ့ေၾကာင့္
က်န္းမာေနတုန္း
အီးေပါက္ရတာ..
စားႏိုင္ေနတုန္း
အီးပါရတာ…
ေရရွိတုန္း အီးပါခြင့္ရေနတာ..
လူအားတုန္း အီးပါခြင့္ရေနတာ..
ႏိုင္ငံတည္ၿငိမ္ေနတုန္း အီးပါခြင့္ရေနတာ..
(တခ်ိဳ႕ေနရာေတြမွာ အီးပါရင္း
လက္နက္ႀကီးက်မွာေၾကာက္ေနရတဲ့သူေတြ
ရွိတယ္ဆိုတာ ကိုယ္ခ်င္းစာၾကပါ )
ႏူးကလီယားစစ္ပြဲဆိုတာမျဖစ္ခင္ေလးမွာ
အီးပါခြင့္ရေနတာ….
မိတ္ေဆြတို႔ သတိျပဳမိၾကရဲ႕လား..

အီးပါတာရွက္စရာမဟုတ္ပါ…မိတ္ေဆြတို႔
အီးပါတက္ဖို႔သာလိုတာပါ
ဒါ့ေၾကာင့္
ပါသာပါၾကပါ…

ဤတြင္အီးပါျခင္းအႏုပညာၿပီးဆံုး၏။
Min Yel Kyaw Swar

#Unicode Version# ျဖင့္ဖတ္ပါ ။

လူတချို့က
မနက်စောစောရေအဝသောက်ပြီးမှ
အီးပါကြတယ်
သူတို့အဆိုအရဆို တညလုံးချေဖျက်ထားတဲ့အစာတွေ
မနက်ကျပါထုတ်လိုက်တာ
ပေါ့ပါးသွားတယ်တဲ့
ဟုတ်သလိုလိုတော့ရှိသား…

တချို့ကြ တနေ့၂ခါပုံမှန်သွားမှ
အပူအပုပ်စင်သတဲ့
အစာချေစနစ်ပုံမှန်အလုပ်လုပ်တာတဲ့
အွန်း..ဒါလဲ..မှန်သလိုလိုပဲ…

တချို့ကြ၃ရက်လောက်နေမှ
တစ်ခါလောက်အီးပါကြသတဲ့
နေ့တိုင်းသွားစရာမလိုဘူးတဲ့
ဖင်အလုပ်ရှုပ်သတဲ့
တဝတပြဲဘယ်လောက်စားစား
လုံးဝ ဝမ်းမသွားတဲ့
ကိုဝမ်းခိုင်တို့ မဝမ်းခိုင်တို့ကပြောတယ်
သူတို့ကြကျုပ်တို့ထက်
အလုပ်ရှုပ်ပိုသက်သာသလိုလိုတော့ရှိသား..

တချို့ကြလည်း
ဝမ်းတလုံးကောင်းခေါင်းမခဲတဲ့
ခေါင်းကိုက်ရင် ဝမ်းနှုတ်
ညှေ ာ်မိရင် ဝမ်းနှုတ်
သွားကိုက်ရင် ဝမ်းနှုတ်
ဝက်ခြံပေါက်ရင်ဝမ်းနှုတ်
မအီမသာဖြစ်ရင်ဝမ်းနှုတ်
အကြောတက်ရင် ဝမ်းနှုတ်
အားနေ ဝမ်းနှုတ်လိုက်ရမှ ကျေနပ်သွားကြတဲ့လူတွေ…

တချို့ကြ မြန်မာထိုင်အိမ်သာနဲ့မှ
အီးထွက်ပိုပြီးအားရတာတဲ့

တချို့ကြလည်း ဘိုထိုင်နဲ့ပါမှ
ဆေးပညာအရ အဆင်ပြေတာတဲ့

တချို့ကြ ရေပန်းနဲ့ဆေးမှ သန့်တယ်ထင်ကြတယ်

တချို့က ရေခွက်နဲ့ ဖြန်းဖြန်းဆို
ပက်ပြီးဆေးရမှ
သန့်ပြန့်သွားတယ်ယူဆတယ်

တချို့က တစ်ရှူးနဲ့ပဲ သုတ်လိုက်တာပဲ
နည်းနည်းမြင့်တဲ့သူတွေကြတော့
wet tissue လေးနဲ့ပေါ့ဗျာ

တောရွာတွေမှာတော့
ဒုတ်နဲ့ကုန်းကြတယ် ကြားဖူးတယ်
ဘယ်လိုကုန်းကြလဲတော့မသိဘူး..

တချို့ကြ အသံမြည်ရင်ရှက်တတ်ကြတယ်
ရေပန်းဖွင့်ချပြီး အီးပါရောပါချလိုက်တာမျိုး..

တချို့ကြဖုန်းနဲ့သီချင်းဖွင့်ပြီး ဖုန်းသံနဲ့အီးသံရောချပြီးအင်ထုကြတယ်..

တချို့ကြ ဘယ်သူကြားကြားမကြားကြား
ဂရုစိုက်မနေဘူး
ဘူ ဂွမ် ဝုန်း ဒိုင်း ကြဲချရမှ အားရကြသတဲ့..

တချို့ကြလည်း သူများအိမ်သာမှာမပါတတ်ကြဘူး
ကိုယ့်အိမ်ရောက်မှ ကိုယ်ပါတတ်ကြတယ်..

တချို့ကြလည်း အိမ်သာမရွေးပဲ
ဖင် လစ်ဘရယ်ဆန်ကြတယ်..

တချို့ကြ ခြုံပုတ်ထဲမှာဘဲ
ကြုံသလို ပါလိုက်ကြတယ်..

ဟော..ဘဘတွေခေတ်က
ဘဘလာရင်ပါလို့ရအောင် ရွှေ့လို့ရတဲ့ဘိုထိုင်အိမ်သာကြီးတစ်ခု
အမြန်ဆောက်ရသတဲ့
ဒါပေမယ့် ဘဘကအဲ့ခရီးမှာ အီးထွက်တော်မမူလို့
အဲ့အိမ်သာကြီးက
ခုထိဒီတိုင်းပဲတဲ့…?

အာရပ်စော်ဘွားတွေကြ
အရမ်းချမ်းသာတော့
ဘိုထိုင်အိမ်သာကိုရွှေနဲ့လုပ်ကြသတဲ့..

မင်းတုန်းမင်း သီပေါမင်းတို့ကြတော့
အိမ်သာအောက်မှာ အီးတော်ကျဖို့ခွက်ကို
ရွှေနဲ့လုပ်ရသတတ် ဖတ်ဖူးတယ်
ပါတော်မူတော့ ရွှေအီးခွက်ပါသွားလား
မပါသွားဖူးလား သိချင်မိတယ်…

အမေရိကန် သမ္မတတွေကြတော့
သွားလေရာခရီးစဉ်မှာ အိမ်သာဝင်ရင်တောင်
လုံခြုံရေးအပြည့်အစုံချပြီး အီးပါကြသတဲ့
(ဘုန်းကံကြီးပုံများ)…

သန္တာဗိုကြတော့ အီးပါနေတုန်း ဓာတ်ပုံရိုက်ခံရတော့ အရမ်းတွေထိတ်လန့်ပြီး
ပြီးအောင်ပါခဲ့လား
ဒါမှမဟုတ် ရှူရှူးပဲပေါက်ခဲ့သလား
အင်တာဗျူးတွေမှာလည်းဖြေမသွားဘူး..

တချို့ကဝမ်းချုပ်နေလို့
မအီမသာဖြစ်နေကြတယ်
တချို့ကဝမ်းသွားနေလို့
မအီမသာဖြစ်နေကြတယ်
တချို့ကဝမ်းမှန်တာကိုဂုဏ်ယူနေကြတယ်
တချို့က ဝမ်းသွားတဲ့အကြောင်းပြာရမှာ
ရှက်ကြတယ်..
တချို့က ဖင်မနိုင်ဘဲ
ပဲကြီးဟင်းစားကြတယ်…

တချို့ကြအလုပ်အရမ်းများလို့
ထိပ်ဝထိရောက်နေတဲ့စီနီယာဝမ်းကိုဘဲ ကမန်းကတမ်းအမြန်ပါပြီး
နောက်ပိုင်းက ဂျူနီယာဝမ်းကို
အချိန်မရလို့ ပြန်ရှုံ့ပြီး အလုပ်ပြန်လုပ်ကြတဲ့သူတွေလည်းရှိတယ်..

တချို့ကြလည်း
အီးပါခါနီး ကော်ဖီလေးဖျော် သတင်းစာတစ်စောင်နဲ့ အိမ်သာထဲဝင်သွားကြတာ
၄၅မိနစ်လောက်ကြာတယ်…

တချို့အိမ်သာတွေကြလည်း
ပိုစတာဗီနိုင်းလေးတွေကာပြီး
ဝါးလေးတွေနဲ့ပဲဖြစ်သလိုဆောက်ထားကြတယ်

တချို့အိမ်သာတွေကြတော့လည်း
မွေးကြိုင်သန့်ပြန့်လွန်းပြီး
လှဲအိပ်လို့တောင်ရပါ့

ဘာပဲပြောပြောပေါ့ဗျာ…

အီးပါခြင်းအနုပညာဆိုတာ
လူတိုင်းနဲ့မကင်းနိုင်ကြဘူးလေ..

တချို့တွေ ဝမ်းသွားဖို့လမ်းကြောင်းကို
ဗိုက်ကဖောက်ထားရတဲ့လူနာတွေ

ဝမ်းသွားဖို့အပေါက်ပါမလာတဲ့ကလေးငယ်တွေ

သူတို့ထက်စာရင်

ခင်များတို့ ကျုပ်တို့က
ပုံမှန် အီးပါခွင့်ရနေသေးတာ
ကုသိုလ်ကံကောင်းသေးတယ်ပြောရမယ်

ဘဝမှာ
အီးအရမ်းပါချင်ပါလျက်
အိမ်သာမရှိလို့မပါရတာမျိုး
အစည်းအဝေးခန်းထဲကထွက်လို့မရသေးလို့
မပါရတာမျိုး
Bus ကားပေါ် ဖယ်ရီပေါ်မှာမို့
မပါရတာမျိုး
ထွက်မယ့်ကောင်တွေက အထဲကအချက်ပေးနေပြီး
ဂိတ်မှူးကခွင့်မပြုသေးလို့ အထဲမှာရုန်းရင်းဆန်ခတ်တွေဖြစ်
ချွေးတွေကျ မျက်နှာကြီးနီပြီး
ကမ္ဘာ့အကြီးဆုံးဒုက္ခပိုင်ရှင်
ဖြစ်ဖူးကြတယ်မလား?

အမုန်းကြဲ ဗုန်းခွဲပြီးမှ
ရေဆွဲချတာ ရေမရှိလို့
ဒုက္ခတွေရောက် ချွေးတွေပြန်
ကိုယ့်အီးပုံကြီးကိုယ်ပြန်ကြည့်ပြီး
ဘာလုပ်လို့လုပ်ရမှန်းမသိ
နောက်လူလာရင်လည်း မြင်တော့မယ်
ရေကမဆေးရသေး
ကမ္ဘာ့သနားစရာအကောင်းဆုံးသူလည်း
ဖြစ်ဖူးကြတယ်မလား?

ကိုယ့်သိက္ခာက
အီးအပေါ်မှာတည်ရှိတာမဟုတ်ပေမယ့်
အသံမြည်အောင်မပါရဲ
အသံမြည်အောင်မပေါက်ရဲပဲ
ဂိတ်ဝကိုဖြည်းဖြည်းချင်းထိန်းပြီးလွှတ်ပေးရင်း
ကမ္ဘာ့အထိန်းချုပ်နိုင်ဆုံးလူသားလည်း
ဖြစ်ခဲ့ဖူးတယ်မလား?

ဒါ့ကြောင့်
ကျန်းမာနေတုန်း
အီးပေါက်ရတာ..
စားနိုင်နေတုန်း
အီးပါရတာ…
ရေရှိတုန်း အီးပါခွင့်ရနေတာ..
လူအားတုန်း အီးပါခွင့်ရနေတာ..
နိုင်ငံတည်ငြိမ်နေတုန်း အီးပါခွင့်ရနေတာ..
(တချို့နေရာတွေမှာ အီးပါရင်း
လက်နက်ကြီးကျမှာကြောက်နေရတဲ့သူတွေ
ရှိတယ်ဆိုတာ ကိုယ်ချင်းစာကြပါ )
နူးကလီယားစစ်ပွဲဆိုတာမဖြစ်ခင်လေးမှာ
အီးပါခွင့်ရနေတာ….
မိတ်ဆွေတို့ သတိပြုမိကြရဲ့လား..

အီးပါတာရှက်စရာမဟုတ်ပါ…မိတ်ဆွေတို့
အီးပါတက်ဖို့သာလိုတာပါ
ဒါ့ကြောင့်
ပါသာပါကြပါ…

ဤတွင်အီးပါခြင်းအနုပညာပြီးဆုံး၏။
Min Yel Kyaw Swar

No comments:

Post a Comment