Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 6, 2019

မြန္ျပည္နယ္ က်ိဳက္ခမီျမိဳ႕တြင္ “၄ႏွစ္ကေလးအား မုဒိန္းက်င့္ အေလာင္းေဖ်ာက္ ေရကန္တြင္းသို႔ပစ္ခ်ထားမႈ ျဖစ္ပြား


မြန္ျပည္နယ္ က်ိဳက္ခမီျမိဳ႕တြင္ “၄ႏွစ္ကေလးအား မုဒိန္းက်င့္ အေလာင္းေဖ်ာက္ ေရကန္တြင္းသို႔ပစ္ခ်ထားမႈ ျဖစ္ပြား …..

5.6.2019 (11:30pm)
က်ိဳက္ခမီ က်ားဆိပ္ေန ပြဲစားလုပ္သူမိန္းမတစ္ဦးရဲ႕သမီး …
၄ႏွစ္အရြယ္ ကေလးအား ေလွသားတစ္ဦးမွ မုဒိန္းမႈျဖစ္ပြားခဲ့သည္။
ျဖစ္စဥ္မွာ ညေန ၄နာရီေလာက္က ကေလးအားမုန္႔ဝယ္ေကြၽးဖို႔ က်ဴးလြန္သူမွ ေခၚသြားခဲ့သည္။ ည ၇နာရီ ၈နာရီဝန္းက်င္ထိ ျပန္မေရာက္လာခဲ့သျဖင့္ မိခင္ျဖစ္သူနဲ႔ အိမ္နီးနားခ်င္းတို႔႐ွာေဖြရာ က်ဳးလြန္သူဟုယူဆရသူက ကေလးအား ေရကန္တြင္း ပစ္ခ်ျပီး ထြက္ေျပးသည္ကိုျမင္၍ ရပ္ကြက္ေနသူမ်ားလိုက္ဖမ္းၾကရာ မိေလသည္။ စစ္ေဆးေမးျမန္ၾကရာ မုဒိန္းမႈက်းလြန္ေၾကာင္းသိရျပီး ေသဆံုးသူကေလးအား ေရကန္တြင္း႐ွာေဖြၾကေလသည္။
ကေလးအေလာင္းအား ေရကန္တြင္း႐ွာေဖြေနေသာ္လည္းမေတြ႔ပဲ ကန္ေထာင့္တေနရာမွ ကေလးအေလာင္းေပၚလာေလသည္။ အခ်ိန္အားျဖင့္ ည၁၀နာရီခြဲဝန္းက်င္ရိွေနၿပီ။ ရပ္ကြက္သူ ရပ္ကြက္သား မ်ား ဆူပူအံုႂကြလာ၍တာဝန္ရိွသူမ်ား ဖ်န္ေျဖျပီး မုဒိန္းမႈက်းလြန္သူအား ရဲစခန္းသို႔ နီးစပ္ရာလူနာတင္ယာဥ္ျဖင့္ ဖမ္းေခၚသြားသည္။
ေသဆံုးသူ ၄ႏွစ္အရြယ္ ကေလးအေလာင္းအား လူနာတင္ယာဥ္ျဖင့္ ေဆးရံုသို႔ ပို႔ေဆာင္ခဲ့သည္ဟု သတင္းရရွိပါသည္။
ကဲ……
က်ိဳက္ခမီျမိဳ႕မွာ ခုလိုျဖစ္လာျပီး … ဒီထက္ဆုိးမဲ့အေျခအေနေတြလဲျဖစ္လာဦးမွာပဲ ညဘက္ေတြဆို ေသာင္တင္ေနတဲ့ ေလွသားေတြ အုပ္စုလိုက္ သြားေနၾကတာ …။
လမ္းသြားလမ္းလာေတြကို ရန္ျပဳသလိုလုပ္သြားတာေတြ ျမင္ေနရတာၾကာျပီး… ဒါေတြကိုဘယ္လိုေဆာင္ရြက္ၾကမလဲ အားလံုးေပါ့ဗ်ာ သတိဝိရိယနဲ႔ေနၾကရေတာ့မယ္…….
ကို႔သားသမီးကေလးသူငယ္ေတြကိုလဲ မ်က္စိေအာက္က အေပ်ာက္မခံေစာင့္ေ႐ွာက္ၾကပါဗ်ာ …..လူစိမ္းေတြဆို ျဖစ္ႏိုင္သမ်ွ သတိထားၾကပါဗ်ာ……😥😥😥
ခုလိုျဖစ္သြားတဲ့ကေလးအတြက္ပိုလို႔ေတာင္ဝမ္းနည္းမိတယ္ဗ်ာ ေနာင္ဘဝရိွခဲ့ရင္ဒီလိုမ်ဳိးမၾကံဳရပါေစနဲ႔သမီးေလးေရ…….😣😢😢😢😢😢

သတင္း – Pyae Khant Phyo
ဓါတ္ပုံ – ဟိတကာရီဗုဒၶဘာသာလူငယ္မ်ားနာေရးကူညီမႈအသင္း



Unicode Version

မွန်ပြည်နယ် ကျိုက်ခမီမြို့တွင် “၄နှစ်ကလေးအား မုဒိန်းကျင့် အလောင်းဖျောက် ရေကန်တွင်းသို့ပစ်ချထားမှု ဖြစ်ပွား …..

5.6.2019 (11:30pm)
ကျိုက်ခမီ ကျားဆိပ်နေ ပွဲစားလုပ်သူမိန်းမတစ်ဦးရဲ့သမီး …
၄နှစ်အရွယ် ကလေးအား လှေသားတစ်ဦးမှ မုဒိန်းမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ညနေ ၄နာရီလောက်က ကလေးအားမုန့်ဝယ်ကျွေးဖို့ ကျူးလွန်သူမှ ခေါ်သွားခဲ့သည်။ ည ၇နာရီ ၈နာရီဝန်းကျင်ထိ ပြန်မရောက်လာခဲ့သဖြင့် မိခင်ဖြစ်သူနဲ့ အိမ်နီးနားချင်းတို့ရှာဖွေရာ ကျုးလွန်သူဟုယူဆရသူက ကလေးအား ရေကန်တွင်း ပစ်ချပြီး ထွက်ပြေးသည်ကိုမြင်၍ ရပ်ကွက်နေသူများလိုက်ဖမ်းကြရာ မိလေသည်။ စစ်ဆေးမေးမြန်ကြရာ မုဒိန်းမှုကျးလွန်ကြောင်းသိရပြီး သေဆုံးသူကလေးအား ရေကန်တွင်းရှာဖွေကြလေသည်။
ကလေးအလောင်းအား ရေကန်တွင်းရှာဖွေနေသော်လည်းမတွေ့ပဲ ကန်ထောင့်တနေရာမှ ကလေးအလောင်းပေါ်လာလေသည်။ အချိန်အားဖြင့် ည၁၀နာရီခွဲဝန်းကျင်ရှိနေပြီ။ ရပ်ကွက်သူ ရပ်ကွက်သား များ ဆူပူအုံကြွလာ၍တာဝန်ရှိသူများ ဖျန်ဖြေပြီး မုဒိန်းမှုကျးလွန်သူအား ရဲစခန်းသို့ နီးစပ်ရာလူနာတင်ယာဉ်ဖြင့် ဖမ်းခေါ်သွားသည်။
သေဆုံးသူ ၄နှစ်အရွယ် ကလေးအလောင်းအား လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သတင်းရရှိပါသည်။
ကဲ……
ကျိုက်ခမီမြို့မှာ ခုလိုဖြစ်လာပြီး … ဒီထက်ဆိုးမဲ့အခြေအနေတွေလဲဖြစ်လာဦးမှာပဲ ညဘက်တွေဆို သောင်တင်နေတဲ့ လှေသားတွေ အုပ်စုလိုက် သွားနေကြတာ …။
လမ်းသွားလမ်းလာတွေကို ရန်ပြုသလိုလုပ်သွားတာတွေ မြင်နေရတာကြာပြီး… ဒါတွေကိုဘယ်လိုဆောင်ရွက်ကြမလဲ အားလုံးပေါ့ဗျာ သတိဝိရိယနဲ့နေကြရတော့မယ်…….
ကို့သားသမီးကလေးသူငယ်တွေကိုလဲ မျက်စိအောက်က အပျောက်မခံစောင့်ရှောက်ကြပါဗျာ …..လူစိမ်းတွေဆို ဖြစ်နိုင်သမျှ သတိထားကြပါဗျာ……😥😥😥
ခုလိုဖြစ်သွားတဲ့ကလေးအတွက်ပိုလို့တောင်ဝမ်းနည်းမိတယ်ဗျာ နောင်ဘဝရှိခဲ့ရင်ဒီလိုမျိုးမကြုံရပါစေနဲ့သမီးလေးရေ…….😣😢😢😢😢😢
သတင်း – Pyae Khant Phyo
ဓါတ်ပုံ – ဟိတကာရီဗုဒ္ဓဘာသာလူငယ်များနာရေးကူညီမှုအသင်း

No comments:

Post a Comment