Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 6, 2019

အခိုး အေငြ႕မ်ားတြင္္ ျဒပ္ ၆၄ မ်ိဳးပါဝင္သျဖင္္႔ အေမႊးတိုင္းနံ႕သည္္လည္း ကင္ဆာျဖစ္နိုင္ဟုု တရုတ္သုေတသီမ်ားဆိုိ


အေမႊးတိုင္မွ ထြက္ေသာ အခိုးအေငြ႕ မ်ားသည္္ ေဆးလိပ္ ေငြ႕ထက္ အႏၲရာယ္ ပိုမ်ားၿပီး ကင္ဆာျဖစ္နိုင္ ။ ဟိႏၵဴ ဘာသာေရး ပြဲေတာ္ ္မ်ားတြင္ အသုံးမ်ားေသာ အေမႊးတိုင္မွ ထြက္ေသာ အခိုးအေငြ႕ မ်ားသည္ ေဆးလိပ္္ေငြ႕ထက္ အႏၲရာယ္ ပိုမ်ားၿပီး ကင္ဆာ ျဖစ္ပြား နိုင္ေၾကာင္း ေလ့လာမွု တစ္ရပ္က ေဖာ္ျပသည္ ။

အေမႊးတိုင္မွ ထြက္ေသာ အခိုးအေငြ႕ မ်ားတြင္္ ကင္ဆာ ျဖစ္နိုင္သည့္ အဆိပ္အေတာက္မ်ား ပါဝင္ေၾကာင္း တ႐ုတ္ သုေတသီ မ်ား၏ ေလ့လာမွု အရ သိရသည္ ။ အေမႊးတိုင္မွ ထြက္ေသာ အခိုးအေငြ႕ မ်ားတြြင္ အဆိပ္ ရွိေသာ အေငြ႕ သုံးမ်ိဳးပါဝင္ၿပီး ဆဲလ္မ်ားကို မ်ိဳးေျပာင္းေစနိုင္ေၾကာင္း ယင္း ေလ့လာမွု အရ သိရသည္ ။

အေမႊးတိုင္မွ ထြက္ေသာ အခိုးအေငြ႕ မ်ားကိို ရွူ မိပါက ယင္း အေငြ႕မ်ား အဆုတ္ ထဲတြင္ ေလွာင္ပိတ္ မိကာ ေရာင္ရမ္း ေစသည္ ။ ယင္း အခိုး အေငြ႕မ်ား တြင္ ျဒပ္ ၆၄ မ်ိဳး ပါဝင္ၿပီး အသက္ရွူ လမ္းေၾကာင္္းကို အေႏွာင့္ အယွက္ ျဖစ္ေစသည္ ။

အေမႊးနံ့ မ်ားေၾကာင့္ ခႏၶာကိုယ္္ အတြက္ အႏၲရာယ္ ျဖစ္ေစၿပီး ကင္ဆာ ျဖစ္ပြားနိုင္ေၾကာင္း ေလ့လာမွု မ်ားက အတည္ျပဳ ေသာ္လည္း အိႏၵိယ နိုင္ငံရွိ အေမႊးတိုင္ ထုတ္လုပ္ေသာ ကုမၸဏီ မ်ားက ျငင္းဆို ထားသည္ ။ အေမႊးတိုင္ကို အလုံပိတ္ အခန္း ( သို႔မဟုတ္ ) ေလဝင္ ေလထြက္ နည္းေသာ အခန္းမ်ား တြင္ အသုံးျပဳပါက အမွုန္ အမႊား မ်ား အသက္ရွူ လမ္းေၾကာင္းသို႔ ဝင္ေရာက္နိုင္သည့္ အႏၲရာယ္ ပိုဆိုးရြားသည္ ။



သို႔ေသာ္ ယခု ေလ့လာမွုကိို အေမရိကန္ႏွင့္ တ႐ုတ္ ေဆးရြက္ႀကီး ကုမၸဏီမ်ားက ရန္ပုံေငြ ေထာက္ပံ့ ထားၿပီး ၎တို႔၏ ေဆးလိပ္ လုပ္ငန္းသည္ အေမႊးတိုင္ မ်ားေလာက္ အႏၲရာယ္ မရွိိေၾကာင္း ေျပာဆို လိုသည့္ သေဘာသာ ျဖစ္ေၾကာင္း အိႏၵိယ အေမႊးတိုင္ လုပ္ငန္းမ်ား အဖြဲ႕အစည္းက ေျပာၾကားသည္ ။

အေမႊးတိုင္ကို ဘာသာေရး အတြက္္ အဓိက အသုံးျပဳၿပီး ေဆးလိပ္ကဲ့သို႔ ရွူရွိုက္ရန္ မရည္ရြယ္ ေသာ္လည္း အေမႊးတိုင္ အေငြ႕မ်ားကို ရွူရွိုက္မိမွု မ်ားျပားေၾကာင္း သုေတသီ မ်ားက ေျပာၾကားသည္ ။ အိႏၵိယ နိုင္ငံသည္ ကမၻာ့ထိပ္တန္္း အေမႊးတိုင္ ထုတ္လုပ္ေသာ နိုင္ငံျဖစ္ၿပီး ဘာသာေရး အရ အေမႊးတိုင္သုံးစြဲမွု အမ်ားဆုံး နိုင္ငံ မ်ားတြင္ ပါဝင္သည္ ။

thadinyatkwat

Unicode Version

အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များသည် ဆေးလိပ် ငွေ့ထက် အန္တရာယ် ပိုများပြီး ကင်ဆာဖြစ်နိုင် ။ ဟိန္ဒူ ဘာသာရေး ပွဲတော် ်များတွင် အသုံးများသော အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များသည် ဆေးလိပ်ငွေ့ထက် အန္တရာယ် ပိုများပြီး ကင်ဆာ ဖြစ်ပွား နိုင်ကြောင်း လေ့လာမှု တစ်ရပ်က ဖော်ပြသည် ။

အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များတွင် ကင်ဆာ ဖြစ်နိုင်သည့် အဆိပ်အတောက်များ ပါဝင်ကြောင်း တရုတ် သုတေသီ များ၏ လေ့လာမှု အရ သိရသည် ။ အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များတွင် အဆိပ် ရှိသော အငွေ့ သုံးမျိုးပါဝင်ပြီး ဆဲလ်များကို မျိုးပြောင်းစေနိုင်ကြောင်း ယင်း လေ့လာမှု အရ သိရသည် ။

အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များကို ရှူ မိပါက ယင်း အငွေ့များ အဆုတ် ထဲတွင် လှောင်ပိတ် မိကာ ရောင်ရမ်း စေသည် ။ ယင်း အခိုး အငွေ့များ တွင် ဒြပ် ၆၄ မျိုး ပါဝင်ပြီး အသက်ရှူ လမ်းကြောင်းကို အနှောင့် အယှက် ဖြစ်စေသည် ။

အမွှေးနံ့ များကြောင့် ခန္ဓာကိုယ် အတွက် အန္တရာယ် ဖြစ်စေပြီး ကင်ဆာ ဖြစ်ပွားနိုင်ကြောင်း လေ့လာမှု များက အတည်ပြု သော်လည်း အိန္ဒိယ နိုင်ငံရှိ အမွှေးတိုင် ထုတ်လုပ်သော ကုမ္ပဏီ များက ငြင်းဆို ထားသည် ။ အမွှေးတိုင်ကို အလုံပိတ် အခန်း ( သို့မဟုတ် ) လေဝင် လေထွက် နည်းသော အခန်းများ တွင် အသုံးပြုပါက အမှုန် အမွှား များ အသက်ရှူ လမ်းကြောင်းသို့ ဝင်ရောက်နိုင်သည့် အန္တရာယ် ပိုဆိုးရွားသည် ။



သို့သော် ယခု လေ့လာမှုကို အမေရိကန်နှင့် တရုတ် ဆေးရွက်ကြီး ကုမ္ပဏီများက ရန်ပုံငွေ ထောက်ပံ့ ထားပြီး ၎င်းတို့၏ ဆေးလိပ် လုပ်ငန်းသည် အမွှေးတိုင် များလောက် အန္တရာယ် မရှိကြောင်း ပြောဆို လိုသည့် သဘောသာ ဖြစ်ကြောင်း အိန္ဒိယ အမွှေးတိုင် လုပ်ငန်းများ အဖွဲ့အစည်းက ပြောကြားသည် ။

အမွှေးတိုင်ကို ဘာသာရေး အတွက် အဓိက အသုံးပြုပြီး ဆေးလိပ်ကဲ့သို့ ရှူရှိုက်ရန် မရည်ရွယ် သော်လည်း အမွှေးတိုင် အငွေ့များကို ရှူရှိုက်မိမှု များပြားကြောင်း သုတေသီ များက ပြောကြားသည် ။ အိန္ဒိယ နိုင်ငံသည် ကမ္ဘာ့ထိပ်တန်း အမွှေးတိုင် ထုတ်လုပ်သော နိုင်ငံဖြစ်ပြီး ဘာသာရေး အရ အမွှေးတိုင်သုံးစွဲမှု အများဆုံး နိုင်ငံ များတွင် ပါဝင်သည် ။

thadinyatkwat

No comments:

Post a Comment