Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 25, 2019

တိုင်းရင်းဆေးဆရာ ဆိုင်က သွေးဆေးအနီမှုန့်လေးတွေ ဆရာဖြူသွေးဆေးတဲ့


မွေးကင်းစတုန်းက အရေပြားကဘာပြသနာမှ မရှိ။ ၁၅ ရက်သားမှာ အရေပြားပေါ်မှာ ပြည်ဖုသေးသေးလေးသုံးလေးဖုပေါက်လာတယ်။ အိမ်နီးချင်းအပေါင်း သူတော်ကောင်းတို့ ရဲ့ တစ်ကြံ တစ်ကျပ် နဲ့တိုင်းရင်းဆေးဆရာ ဆိုင်က သွေးဆေးအနီမှုန့်လေးတွေ ဆရာဖြူသွေးဆေးတဲ့ ၊
( ကွမ်းယာလောက်အရွယ်ကိုတစ်ထုပ်၅ထောင် )ကို အမေကိုသောက်ခိုင်းတယ်။ကလေးကို သနပ်ခါးနဲ့ ရောလိမ်းခိုင်းတယ်။ သုံးရက်ပြည့်တော့ ဒီပုံနဲ့ ရောက်လာတာဘဲ။ mucosal မထိဘူး။မျက်ခုံးမွေးတွေတော့ ကျွတ်ထွက်ကုန်ပြီ၊မျက်စိပိတ်လို့မရဘူး။shock ရနေတယ်။electrolyte inbalance တွေနဲ့။temperature တင်လို့မရဘူး၊အရေပြားအထူးကုကို consult လုပ်ထားပြီး လိုတာလုပ်ပေးထားတယ်။ အမေက လေးတန်းအောင်။ကုသမှုအတွက်က လုပ်ပေးနိုင်တာ အကုန် လုပ်ပေးထားတယ်၊
oncall အနေနဲ့လုပ်ပေးနိုင်တာတော့ မချိမဆန့်ခံနေရတဲ့ကလေးသက်သာအောင် လက်ကလေးကိုင်ပြီး ဗောဇ္ဇျင်သုတ် ဘဲရွတ်ပေးနိုင်တော့တယ်။မနက် duty off တဲ့အထိတော့ အသက်ရှိသေးတယ်။




No comments:

Post a Comment