Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 25, 2019

သင့်အနာဂါတ်ကို ပြောပြပေးမယ့် Tarot ဗေဒင်



Card 1

Card 2

Card 3

Card 4

# Unicode Version # ဖြင့် ဖတ်ပါ #

ဗေဒင်ဝါသနာပါသူတွေ အတွက် Tarot ကဒ် ဗေဒင်ကို ဖော်ပြပေးချင်ပါတယ်။အရင် ဆုံး လုပ်ရမှာကတော့ စိတ်ကို တည်ငြိမ်အောင်လို့ (၃)မိနစ်လောက် ငြိမ်ငြိမ်လေး နေပြီး အသက်ကို ဖြည်းဖြည်းချင်းရှုသွင်း၊ရှုထုတ်လုပ်ပါ။အာရုံတွေ မများပဲ ကြိုက်နှစ်သက်ရာ ကဒ် တစ်ခုကို ရွေး ချယ်ပေးရမှာပါ။မရွေးခင်မှာ ကိုယ်တကယ်ကြိုက်နှစ်သက်တဲ့ ကဒ်က ဘာလဲ ဆိုတာကို သေချာ စဉ်းစားပြီးမှ ရွေးချယ်ပေးပါ။ဒီကဒ်(၄)ခုထဲက တစ်ခုကို ရွေးရမှာပါ။

Card 1

စစ်မှန်တဲ့ အချစ်တစ်ခု သင့်ဘဝထဲကို ဝင်ရောက်လာဖို့ စောင့်ဆိုင်းနေတာလား..?အဲ့ဒါဆိုရင်တော့ သင့်ဆန္ဒမကြာခင်ပြည့်ဝတော့မှာပါ။မကြာခင်မှာပဲ စစ်မှန်တဲ့ ချစ်ခြင်းက သင့်ဆီကို ရောက်လာေ တာ့မှာပါ။တကယ်လို့ လက်ရှိမှာ ချစ်သူရှိပြီးသားသူတွေ ဆိုရင်တော့ ချစ်သူရဲ့ အချစ်၊ဂရုစိုက်မှု နဲ့ အကြင်နာတွေက အရင်ကထက်ပိုပြီး သင့်အပေါ် လွှမ်းခြုံလာတော့မှာပါ။

Card 2

ဒီကဒ်ကို ဆွဲမိတယ်ဆိုရင်တော့ စိတ်ဆင်းရဲမှုတွေ၊စိတ်အလို မကျမှု တွေ ထဲမှာ သင်ဟာ မွန်းကြပ်၊ပိတ်မိနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ဒါပေမယ့် အဲ့ဒီအရာတွေ အကုန်လုံးဟာ မဝေး တော့တဲ့ အနာဂါတ်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။အရှုံးတွေ နဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရပေမယ့် မကြာခင်မှာ အခွင့်အရေးကောင်း အခွင့် အရေး သစ်တွေ ပေါ်လာေ တာ့မှာပါ။အရင်က သင်မမြင်ခဲ့တဲ့အရာတွေ၊မျက်စိကျော်မိခဲ့တဲ့ ကောင်းသောအရာတွေက သင့်ဆီ ကို ရောက်လာတော့မှာပါ။အသစ်တွေကို ကြိုးစားဖို့ မကြောက်ပါနဲ့။စွန့်စားမှု သစ်တွေ လာရင် ကျေကျေနပ်နပ်ကြီးလက်ခံလိုက်ပါ။အောင်မြင်မှုက သင့်ဆီမှာပဲ ရှိပါတယ်။

Card 3
သင့်ရဲ့ ခေါင်းထဲမှာ အတွေးပေါင်းများစွာ၊မဆုံးနိုင်တဲ့မေးခွန်းတွေနဲ့ ပြည့်နှက်နေပြီလား..?သင် အဖြေရှာလို့ မရတဲ့ မေးခွန်းတွေ၊အခြေအနေတွေဟာ မကြာခင်မှာ ပျောက်ကွယ်တော့မှာပါ။နောက် ဆုံးမှာ သင့်ရဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို အဟန့်အတား ဖြစ်စေတဲ့ အရာအားလုံးကို ရှင်းထုတ်နိုင်ေ တာ့မှာပါ။စိတ်ညစ်စရာတွေ မကြာခင်ပြီးတော့မယ်ဆိုတဲ့ သဘောပါ။လေပြေ မလာ ခင်အချိန် ထိတော့ ကိုယ့်ရဲ့ စိတ်ဓါတ် ခွန် အားတွေနဲ့ ပြဿနာ အခက်အခဲတွေကို ပြန်လည် ခုခံတွန်းထုတ်ပါ။

Card 4

ကံဆိုးမိုးမှောင်ကျမှုတွေကို ရင်ဆိုင်လာခဲ့ရတာ အတော်ကြာခဲ့ပါပြီ။မကြာခင်မှာပဲ အရာအားလုံးက သင့်အတွက် အကောင်းဘက်ကို ပြောင်းလဲပေးတော့မှာပါ။ကြယ်တစ်စင်းလို တောက်ပခွင့်ရတော့ မှာပါ။သင်ဟာ အလုပ်မှာရော၊မိသားစု life မှာပါ စံပြပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာတော့မှာပါ။ချစ်သူ ရှိရင်တော့ အချစ်တွေ ပိုတိုးရတော့မှာဖြစ်သလို၊ချစ်သူ မရှိသေးဘူးဆိုရင်တော့ အချစ်တွေ ဝန်ခံ မယ့်သူတစ်ယောက် ပေါ်လာတော့မှာပါ။

No comments:

Post a Comment