CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 9, 2019
ဗိုလ်ချုပ်ရုပ်တု
ကယားပြည်နယ်ဝန်ကြီးချုပ်ကရော၊ အင်န်အယ်လ်ဒီပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်ကရော လွိုင်ကော်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားတဲ့ ကိစ္စဟာ အစိုးရရော၊ ပါတီကပါ ညွှန်ကြားတာမဟုတ်ဘူး။ ရုပ်တု ဖြစ်မြောက်ရေးကော်မတီက သူ့အစီအစဉ်နဲ့ သူလုပ်တာလို့ အမြဲပြောခဲ့တယ်။
ဒါပေမယ့် ဗိုလ်ချုပ်ရုပ်တု ထားတာကို ကန့်ကွက်နေတဲ့ ကယားလူငယ်လေးတွေရဲ့ ကြေညာချက်မှာ တော့ ရုပ်တုထားမယ့် အုတ်ခုံ အတွက် ပြည်နယ်ရန်ပုံငွေကနေ သိန်းတစ်ထောင်တစ်ကြိမ်၊ သိန်း လေးရာ တစ် ကြိမ် လွှတ်တော်ကို အသိမပေးပဲ သုံးခဲ့တယ်လို့ ဖော်ပြထားတယ်။
ဘယ်သူမှန်လို့ ၊ ဘယ်သူမှားသလဲ ။ ဒီသတင်းနဲ့ပတ်သက်ပြီး ဆဲဗင်းဒေးက ပြည်နယ်အစိုးရနဲ့ လွှတ်တော်တာဝန်ရှိသူတွေကို ဆက်သွယ် ပေမယ့် အဖြေမပေးကြသေးဘူး။
===========================================
ကယားပြည်နယ်အစိုးရ အဖွဲ့က ဗိုလ်ချုပ်ရုပ်တုထားရှိမည့် အုတ်ခုံတည်ဆောက်ခြင်းအ တွက် ပြည်နယ်လမ်းပန်းဆက် သွယ်ရေး ရန်ပုံငွေ ကျပ်သိန်းတစ် ထောင်ကျော်ကို လွှတ်တော်သို့ အသိပေးခြင်းမရှိဘဲ သုံးစွဲခြင်း သည် အာဏာအလွဲသုံးမှု၊ အဂတိလိုက်စားမှုဖြစ်ကြောင်း ဗိုလ်ချုပ် ရုပ်တု ကန့်ကွက်ရာတွင် ပါဝင် သည့် လူငယ်များက ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။
ထို့အပြင် ကြေးရုပ်ဖြစ် မြောက်ရေး ပြည်နယ်အစိုးရအဖွဲ့ က လွှတ်တော်သို့ အသိမပေးဘဲ ကျပ်သိန်း ၄၀၀ ထပ်မံကူညီခဲ့ ကြောင်း ဇွန်လ ၇ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
(သတင်းကောက်နှုတ်ချက်)
Ye Htut
ဗိုလ်ချုပ်ရုပ်တု
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 09, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 09, 2019
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment