Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 9, 2019

ရှားပါးသတ္တု တရုတ်ပြည်အစား မြန်မာပြည်က ဝယ်ယူနိုင်

သမ္မတထရမ့်ရဲ့ ကုန်သွယ်ခွန်ချမှတ်မှုကို တုန့်ပြန်တဲ့အနေနဲ့ တရုတ်အစိုးကလည်း သူတို့နိုင်ငံက အမေရိကန်ပြည်ထောင်စုကို တင်ပို့နေတဲ့ ရှားပါးသတ္တု ၁၇ မျိုး အပေါ်မှာ အခွန်ငွေ ၂၅% မကြာခင်က ချမှတ်လိုက်တဲ့တာကြောင့် အဲဒီ သတ္တုတွေအပေါ်မှာ မှီခိုနေရတဲ့ အလိုအလျှောက်စက်ရုပ်စနစ် သုံးပစ္စည်း၊ မောင်းသူမဲ့ ဒရုန်း နဲ့ လျှပ်စစ်ဓါတ်အားသုံး မော်တော်ကားလုပ်ငန်းတွေက အတော်စိုးရိမ်ပူပန် ခဲ့ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကုန်သွယ်ရေး ကျွမ်းကျင်သူတွေက အဲဒီ လုပ်ငန်းတွေအနေနဲ့ သိပ်ပြီး ပူပန်ဖို့မလိုပါဖူး။ အဲဒီ ရှားပါးသတ္တုတွေကို အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ကယ်လ်ဖေါနီးယားပြည်နယ် အပြင် မြန်မာ၊ သြစတေးလျနဲ့ ရုရှားနိုင်ငံတွေကနေ အမြောက်အများ ရရှိနိုင်တယ်လို့ မနေ့က ပြောကြားပါတယ်။

လက်ရှိမှာ အမေရိကန်လုပ်ငန်းရှင်တွေသုံးစွဲနေတဲ့ အဲဒီ ရှားပါးသတ္တုတွေကို တရုတ်ပြည်က တင်ပို့နေတာဖြစ်ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေ အရ တရုတ်ပြည်ဟာ အဲဒီ (Europium, scandium, ytterbium စသဖြင့်) ရှားပါးသတ္တု အမြောက်အများကို မြန်မာပြည်အတွင်းရှိ ကချင်ပြည်နယ် နဲ့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေကနေ တရားမဝင် ထုတ်လုပ်ရယူပြီး နိုင်ငံခြား တိုင်းပြည်တွေကို တဆင့်ပြန်လည် တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
Khin Maung Soe

No comments:

Post a Comment