Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 9, 2019

၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက်


၂၀၁၉ခုနှစ် ဒီဇင်ဘာလပထမအပတ်တွင် Japan Myanmar Aung Sun Vocational Training Institute ( JMASVTI ) စတင်ဖွင့်လှစ်ပါတော့မည်။ ( အင်းစိန်မြို့နယ်-အောင်ဆန်းနည်းပညာအထက်တန်းကျောင်းနေရာ)

AGTI အဆင့် ၃ နှစ်သင်တန်းဖြစ်ပြီး

(၁) Automobile Technology ( Maintenance)
(၂) Electrical Engg: ( Industry) ဘာသာရပ်များကို ဂျပန်ပညာရှင်များမှ ကြီးကြပ်သင်ကြားလေ့ကျင့်ပေးပါမည်။

သင်တန်းပြီးဆုံးပါလျှင် သီလဝါစက်မှုဇုံ၊ Suzuki ၊ Toyota ကုမ္ပဏီတို့တွင်အလုပ်အကိုင်အခွင့်အလမ်းများရှိနေပါသည်။ Nissan ကုမ္ပဏီဝင်ရောက်လာတော့မည့်အကြောင်းလည်း ကြားသိနေပါသည်။

ကျွမ်းကျင်တတ်မြောက်မှုအပြည့်အဝရရှိစေရန် ဦးရေကန့်သတ်ထားပါသဖြင့် လျှောက်လွှာခေါ်ယူပါက သတ်မှတ်ကာလအတွင်း လျှောက်ထားနိုင်ကြစေရန် သတင်းကောင်းပါးအပ်ပါသည်။

ပညာလည်းရ အလုပ်အတွက်စိတ်မပူရ။

နောင်ရေး စိတ်အေးဘို့ စဉ်းစားနိုင်အောင် မျှဝေလိုက်ပါသည်။

( အောက်တိုဘာလအတွင်း သတင်းစာများတွင် ကြော်ငြာထည့်သွင်းရန် လျာထားပါသည်။ အပြည့်အစုံကို သတင်းစာတွင် ထည့်သွင်းကြေညာသွားပါမည်။)

No comments:

Post a Comment