Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 12, 2019

ေဆးစြမ္းထက္ေသာ ျမက္မုန္ညွင္းပင္


ဥတုသုံးပါရ၏ ခါးေသာစပ္ေသာအရသာရွိသည္။
အပင္ ဥ ပဥၥငါးပါး ေဆးအသုံးျပဳသည္ ။ ။

ေပ်ာက္ကင္းေသာ ေရာဂါမ်ား ---
ေသြးဝမ ။ ေသြးအန္ ။ ေသြးက် ။ ေရငတ္ အဖ်ား ။ ေသြးေရာဂါ ။ ေအာ႔အန္ ။ နာက်င္ကိုက္ခဲျခင္း ။ ေရယုန္နာ ။ ဝက္ရူးပ်ံ ။ေရာဂါစသည္တို႕ကိုေပ်ာက္ကင္းသည္ ။

ေရာဂါအလိုက္ အသုံးျပဳနည္း ---

"ပိတ္ဝမ္းသြားပါက "
ဂ်င္းေျခာက္နွင့္ျမက္မုန္ညွင္းဥကိုဆတူ အမုန္႔ျပဳ၍ ပ်ားရည္နွင့္ သင့္ေတာ္ရံုေရာျပီးလ်င္ ၄-ပဲသားမွ် တေန႔ ၃- ႀကိမ္ လ်က္ေပးပါက ေပ်ာက္ကင္း၏ ။

" ေသြးဝမ္းေရာဂါ "
ျမက္မုန္ညွင္းဥ အေျခာက္ ဥကို အမုန္႔ေထာင္း၍ သႀကား ပ်ားရည္တို႔ႏွင့္ လက္ေကာ္ရေအာင္ နယ္ျပီး နယ္ျပီးလ်င္ တေန႔ ၄- ႀကိမ္လ်က္ေပးလ်င္ ေပ်ာက္ကင္း၏ ။

" မ်က္လုံးေရာင္ရမ္းျခင္း "
ျမက္မုန္ညွင္း ဥကို ဆိတ္က်င္ငယ္ရည္ျဖင့္ ေသြး၍ ေယာင္ရမ္းေသာ မ်က္လုံးကို ကြင္းေပးပါက မ်ားစြာအက်ိဳးရွိသည္ ။

" မ်က္စိမွဳန္ ျခင္း "
မ်က္စိမွဳန္ျခင္း မ်က္လုံးမ်က္ရည္ေဝ႕ျခင္း မ်က္လုံးအခိုး ထြက္ျခင္းတို႔ကို ျမက္မုံညွင္းဥကို ေရေအးနွင့္ေသြး၍ မ်က္စဥ္းခပ္ေပးလ်င္ မ်က္လုံးမွဳန္ျခင္း ။ မ်က္ရည္ေဝ႕ျခင္း ။မ်က္လုံး အခိုးထြက္ျခင္းမ်ားကို ေပ်ာက္ကင္းေစသည္ ။

" မ်က္စိ အနာေပါက္ျခင္း "
ျမက္မုန္ညွင္းဥကို ေထာ္ပတ္နွင့္ေႀကာ္ျပီးလ်င္ ညက္ေအာင္ႀကိတ္၍ အုံေပးလ်င္ မ်က္လုံးဝန္းက်င္၌ ေပါက္ေသာ အနာမ်ားကိုေပ်ာက္ကင္း၏ ။

" နို႔ထြက္ေဆး "
ျမက္မုန္ညွင္းဥအစိုကို ညက္စြာေသြး၍ နို႔အုံနားတြင္ မႀကာမႀကာ လိမ္းေပးလ်င္ နို႔ေျမြ နို႔ငန္း စေသာ မေကာင္းေသာနို႔မ်ားကို သန္႔ရွင္း၍ နို႔မ်ားထြက္လာေစသည္ ။

" ဆီးရႊင္ေဆး "
ဆီးခ်ဳပ္ေနမူ ႏြားနို႔ကို ျပစ္ျပစ္က်ိဳ၍ ျမက္မုန္ညွင္း အမွဳန္႕အနည္းငယ္ထည့္ ေသာက္လ်င္ မ်ားစြာဆီးရႊင္လာလိမ္႔မည္ ။

" အနာစက္ အနာမီးလ်ံနာ "
တကိုယ္လုံးပ်ံ႕ႏွံ႕၍ အိုင္က်ေနေသာ အနာစက္မ်ားကို ျမက္မုန္ညွင္းဥကို အမုန္႔ျပဳ၍ အနာမ်ားေပၚျဖဴးေပးပါက သက္သာေပ်ာက္ကင္းေစသည္ ။

" ဝမ္းတြင္း ပိုးမႊားမ်ား "
ျမက္မုန္ညွင္း အမွဳန္႕ ၄ -ပဲသားမွ်ေသာက္က ဝမ္းတြင္းရွိပိုးမ်ားနွင့္ သန္ေကာင္မ်ားက်လာမည္ ။

" အဖ်ားနိုင္ေဆး "
ျမက္မုန္ညွင္း ဆင္တုံးမႏြယ္ ၂ က်ပ္သားစီ ေရ ၂၅ က်ပ္သားခန္႔နွင္ ထက္ဝက္ခန္႔ရေအာင္ျပဳတ္ တခြက္စာ ဇြန္းႀကီး ၂ - ဇြန္းေသာက္က အဖ်ားက်ဆင္းလာ၏ ။
( တနည္း ) ျမက္မုန္ညွင္းဥ စူလာနဖာ ၎တို႔ကို ေရဇလုံတြင္ ညဦးက စိမ္၍ နံနက္တြင္ ေသာက္က အေအးပတ္ေရာဂါ က်ဆင္းသြားမည္ ။

" မီးယပ္ေဆး "
ျမက္မုန္ညွင္းဥနွင့္ ထန္းလ်က္ဆတူေရာႀကိတ္၍ ၈- ပဲသားမွ်လုံးျပီး နံနက္/ည တလုံးက်ေသာက္ပါက မီးယပ္းမ်ား စင္ႀကယ္ေအာင္ ဆင္းပါလိမ့္မည္ ။

" ကင္းဆိပ္ "
ကင္းကိုက္ေသာေနရာကို ေရေႏြးနွင့္ျဖစ္ေစ ေရေအးနွင့္ျဖစ္ေစ ရရာနွင့္ ျမက္မုန္ညွင္းဥကို ေသြး၍ လိမ္းမူ ကင္းဆိပ္က်ဆင္းေစသည္ ။

" သလိပ္ဦးစီး၍ အန္ျခင္း "
ျမက္မုန္ညွင္းဥ ၂-က်ပ္သား ကတၱရသေခၤ် ၂ -က်ပ္သား ၎၂- မ်ိဳးကို အနည္းငယ္ေထာင္းျပီး လ်င္ ေရ ၅၀ - က်ပ္းသားျဖင့္ ထက္ဝက္က်ေအာင္က်ိဳပါ ။ ၎ေဆးရည္ကို နံနက္/ည ေႀကးဇြန္းႀကီး ၂ - ဇြန္းမွ်ေသာက္မူ သလိပ္ဦးစီး၍ အန္ေသာေရာဂါေပ်ာက္သည္ ။

" အေအးေႀကာင့္ဖ်ားျခင္း အပူေႀကာင့္ဖ်ားျခင္း"
ျမက္မုန္ညွင္းဥ ၂- / ဆင္တုံးမႏြယ္ ၂ - က်ပ္သားစီ တဝက္ခန္႔က်ေအာင္ျပဳတ္၍ တခြက္စာကို ဟင္းစားဇြန္းႀကီး ၂ - ဇြန္း ေသာက္ေပးပါက အဖ်ားက်သည္ ။

အေအးအေႀကာင္းခံေသာအဖ်ား အပူအေႀကာင္းခံေသာ အဖ်ားမ်ား ငွက္ဖ်ား ။ အပူရွပ္ျခင္းစေသာ အဖ်ားအမ်ိဳးမ်ိဳး တို႔အတြက္ ။ ကြမ္းရြက္ ၂ - ရြက္ ။ ထန္းလ်က္ ၁ - ခဲ ။ ခ်ိဳခ်ိဳထည့္၍ ျပဳတ္ေသာက္ပါက ။ သက္သာေပ်ာက္ကင္းပါသည္ ။ ။

အထက္ပါ ျမက္မုန္ညွင္းပင္၏ ေဆးဖက္ဝင္ပုံမွာ ျမစ္ခ်င္းျပီး အက်ိဳးရွိလွသျဖင့္ ရွင္နာဂသိန္ပုံျပေဆးအဘိဓါန္က်မ္းစာအုပ္မွျပန္လည္ကူးယူေဖၚျပပါသည္ ။ ။

စာအတြက္ကူးယူေဖၚျပပါလ်င္ မူရင္းတင္သူ၏ အမည္းအား ေက်းဇူးျပဳျပီး ေဖၚျပေပးပါ ခင္ဗ်ာ---

သစၥာေလးနက္ ေပၚဆီတက္က ႏြယ္ျမက္သစ္ပင္ေဆးဖက္ဝင္၏ ေဆးဖက္မဝင္သစ္ပင္ဟူက မရွိဇီဝကသိေလ၏ ။ ။

ျမန္မာ့ေဆးနည္း သဘာဝနည္းကား ဓာတ္သဘာဝအစြမ္းထက္၍ သိသူေဖာ္စား မသိသူေက်ာ္သြားသိမ္ေမြနက္နဲ အသံုးတည့္၏။ ။
‌ ( ျမန္မာ့တိုင္းရင္းေဆးက်မ္း )

အားလုံးက်န္းမာျခင္း သုခ ခ်မ္းသာျခင္းသုခမ်ားျဖင့္ ျပည့္စုံျပီး ခ်မ္းေျမ့ရႊင္လန္းႀကပါေစ
စိုင္း မင္း သန္႕
# Unicode Version # ျဖင့္ ဖတ္ပါ #

ဥတုသုံးပါရ၏ ခါးသောစပ်သောအရသာရှိသည်။

အပင် ဥ ပဉ္စငါးပါး ဆေးအသုံးပြုသည် ။ ။

ပျောက်ကင်းသော ရောဂါများ ---
သွေးဝမ ။ သွေးအန် ။ သွေးကျ ။ ရေငတ် အဖျား ။ သွေးရောဂါ ။ အော့အန် ။ နာကျင်ကိုက်ခဲခြင်း ။ ရေယုန်နာ ။ ဝက်ရူးပျံ ။ရောဂါစသည်တို့ကိုပျောက်ကင်းသည် ။

ရောဂါအလိုက် အသုံးပြုနည်း ---

"ပိတ်ဝမ်းသွားပါက "
ဂျင်းခြောက်နှင့်မြက်မုန်ညှင်းဥကိုဆတူ အမုန့်ပြု၍ ပျားရည်နှင့် သင့်တော်ရုံရောပြီးလျင် ၄-ပဲသားမျှ တနေ့ ၃- ကြိမ် လျက်ပေးပါက ပျောက်ကင်း၏ ။

" သွေးဝမ်းရောဂါ "
မြက်မုန်ညှင်းဥ အခြောက် ဥကို အမုန့်ထောင်း၍ သကြား ပျားရည်တို့နှင့် လက်ကော်ရအောင် နယ်ပြီး နယ်ပြီးလျင် တနေ့ ၄- ကြိမ်လျက်ပေးလျင် ပျောက်ကင်း၏ ။

" မျက်လုံးရောင်ရမ်းခြင်း "
မြက်မုန်ညှင်း ဥကို ဆိတ်ကျင်ငယ်ရည်ဖြင့် သွေး၍ ယောင်ရမ်းသော မျက်လုံးကို ကွင်းပေးပါက များစွာအကျိုးရှိသည် ။

" မျက်စိမှုန် ခြင်း "
မျက်စိမှုန်ခြင်း မျက်လုံးမျက်ရည်ဝေ့ခြင်း မျက်လုံးအခိုး ထွက်ခြင်းတို့ကို မြက်မုံညှင်းဥကို ရေအေးနှင့်သွေး၍ မျက်စဉ်းခပ်ပေးလျင် မျက်လုံးမှုန်ခြင်း ။ မျက်ရည်ဝေ့ခြင်း ။မျက်လုံး အခိုးထွက်ခြင်းများကို ပျောက်ကင်းစေသည် ။

" မျက်စိ အနာပေါက်ခြင်း "
မြက်မုန်ညှင်းဥကို ထော်ပတ်နှင့်ကြော်ပြီးလျင် ညက်အောင်ကြိတ်၍ အုံပေးလျင် မျက်လုံးဝန်းကျင်၌ ပေါက်သော အနာများကိုပျောက်ကင်း၏ ။

" နို့ထွက်ဆေး "
မြက်မုန်ညှင်းဥအစိုကို ညက်စွာသွေး၍ နို့အုံနားတွင် မကြာမကြာ လိမ်းပေးလျင် နို့မြွေ နို့ငန်း စသော မကောင်းသောနို့များကို သန့်ရှင်း၍ နို့များထွက်လာစေသည် ။

" ဆီးရွှင်ဆေး "
ဆီးချုပ်နေမူ နွားနို့ကို ပြစ်ပြစ်ကျို၍ မြက်မုန်ညှင်း အမှုန့်အနည်းငယ်ထည့် သောက်လျင် များစွာဆီးရွှင်လာလိမ့်မည် ။

" အနာစက် အနာမီးလျံနာ "
တကိုယ်လုံးပျံ့နှံ့၍ အိုင်ကျနေသော အနာစက်များကို မြက်မုန်ညှင်းဥကို အမုန့်ပြု၍ အနာများပေါ်ဖြူးပေးပါက သက်သာပျောက်ကင်းစေသည် ။

" ဝမ်းတွင်း ပိုးမွှားများ "
မြက်မုန်ညှင်း အမှုန့် ၄ -ပဲသားမျှသောက်က ဝမ်းတွင်းရှိပိုးများနှင့် သန်ကောင်များကျလာမည် ။

" အဖျားနိုင်ဆေး "
မြက်မုန်ညှင်း ဆင်တုံးမနွယ် ၂ ကျပ်သားစီ ရေ ၂၅ ကျပ်သားခန့်နှင် ထက်ဝက်ခန့်ရအောင်ပြုတ် တခွက်စာ ဇွန်းကြီး ၂ - ဇွန်းသောက်က အဖျားကျဆင်းလာ၏ ။
( တနည်း ) မြက်မုန်ညှင်းဥ စူလာနဖာ ၎င်းတို့ကို ရေဇလုံတွင် ညဦးက စိမ်၍ နံနက်တွင် သောက်က အအေးပတ်ရောဂါ ကျဆင်းသွားမည် ။

" မီးယပ်ဆေး "
မြက်မုန်ညှင်းဥနှင့် ထန်းလျက်ဆတူရောကြိတ်၍ ၈- ပဲသားမျှလုံးပြီး နံနက်/ည တလုံးကျသောက်ပါက မီးယပ်းများ စင်ကြယ်အောင် ဆင်းပါလိမ့်မည် ။

" ကင်းဆိပ် "
ကင်းကိုက်သောနေရာကို ရေနွေးနှင့်ဖြစ်စေ ရေအေးနှင့်ဖြစ်စေ ရရာနှင့် မြက်မုန်ညှင်းဥကို သွေး၍ လိမ်းမူ ကင်းဆိပ်ကျဆင်းစေသည် ။

" သလိပ်ဦးစီး၍ အန်ခြင်း "
မြက်မုန်ညှင်းဥ ၂-ကျပ်သား ကတ္တရသင်္ချေ ၂ -ကျပ်သား ၎င်း၂- မျိုးကို အနည်းငယ်ထောင်းပြီး လျင် ရေ ၅၀ - ကျပ်းသားဖြင့် ထက်ဝက်ကျအောင်ကျိုပါ ။ ၎င်းဆေးရည်ကို နံနက်/ည ကြေးဇွန်းကြီး ၂ - ဇွန်းမျှသောက်မူ သလိပ်ဦးစီး၍ အန်သောရောဂါပျောက်သည် ။

" အအေးကြောင့်ဖျားခြင်း အပူကြောင့်ဖျားခြင်း"
မြက်မုန်ညှင်းဥ ၂- / ဆင်တုံးမနွယ် ၂ - ကျပ်သားစီ တဝက်ခန့်ကျအောင်ပြုတ်၍ တခွက်စာကို ဟင်းစားဇွန်းကြီး ၂ - ဇွန်း သောက်ပေးပါက အဖျားကျသည် ။

အအေးအကြောင်းခံသောအဖျား အပူအကြောင်းခံသော အဖျားများ ငှက်ဖျား ။ အပူရှပ်ခြင်းစသော အဖျားအမျိုးမျိုး တို့အတွက် ။ ကွမ်းရွက် ၂ - ရွက် ။ ထန်းလျက် ၁ - ခဲ ။ ချိုချိုထည့်၍ ပြုတ်သောက်ပါက ။ သက်သာပျောက်ကင်းပါသည် ။ ။

အထက်ပါ မြက်မုန်ညှင်းပင်၏ ဆေးဖက်ဝင်ပုံမှာ မြစ်ချင်းပြီး အကျိုးရှိလှသဖြင့် ရှင်နာဂသိန်ပုံပြဆေးအဘိဓါန်ကျမ်းစာအုပ်မှပြန်လည်ကူးယူဖေါ်ပြပါသည် ။ ။

စာအတွက်ကူးယူဖေါ်ပြပါလျင် မူရင်းတင်သူ၏ အမည်းအား ကျေးဇူးပြုပြီး ဖေါ်ပြပေးပါ ခင်ဗျာ---

သစ္စာလေးနက် ပေါ်ဆီတက်က နွယ်မြက်သစ်ပင်ဆေးဖက်ဝင်၏ ဆေးဖက်မဝင်သစ်ပင်ဟူက မရှိဇီဝကသိလေ၏ ။ ။

မြန်မာ့ဆေးနည်း သဘာဝနည်းကား ဓာတ်သဘာဝအစွမ်းထက်၍ သိသူဖော်စား မသိသူကျော်သွားသိမ်မွေနက်နဲ အသုံးတည့်၏။ ။
‌ ( မြန်မာ့တိုင်းရင်းဆေးကျမ်း )

အားလုံးကျန်းမာခြင်း သုခ ချမ်းသာခြင်းသုခများဖြင့် ပြည့်စုံပြီး ချမ်းမြေ့ရွှင်လန်းကြပါစေ
စိုင်း မင်း သန့်

No comments:

Post a Comment