Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 12, 2019

မိဘေတြရဲ႕မွား ယြင္းတဲ႔အယူအဆတခုကို ပန္းထိမ္လုပ္သူတေယာက္အေနနဲ႔ေတြ႕ၾကံဳ ခဲ႔ရတာေလးေျပာ ျပခ်င္တယ္


မိဘေတြရဲ႕မွား ယြင္းတဲ႔အယူအဆတခုကို ပန္းထိမ္လုပ္သူတေယာက္အေနနဲ႔ေတြ႕ၾကံဳ ခဲ႔ရတာေလးေျပာ ျပခ်င္တယ္

မိဘတိုင္းကကိုယ့္သားသမီးကို လွေစခ်င္တယ္ သူမ်ားထက္ သာေစခ်င္တာ သဘာဝပါ

ဒါေပမယ့္ မွားယြင္းစြာလွေစခ်င္မႈ သူမ်ားထက္သာေစခ်င္မႈကေတာ့ လသားအရြယ္ ကေလး ငယ္ေတြနဲ႔ ဘာမွမသိေသးတဲ႔ ကေလးငယ္ေတြကို ေရႊဆင္ေပးျပီးဒုကၡျဖစ္ေစတာပါပဲ

ကေလးဆိုတာတကယ္ေတာ့ ေရႊရဲ႕တန္ဖိုးကိုလဲမသိသလို လွရေကာင္းမွန္းလဲမသိပါဘူး တန္ဖိုးထားရမယ့္ပစၥည္းမွန္းလဲ မသိၾကပါဘူး

ဒါကို မိဘျဖစ္သူ ေတြက ကေလးေတြကို အတင္းနားေတြေဖါက္ နားကပ္ေတြ နားကြင္းေတြပန္ေပး လက္စြပ္ ေတြလက္ေကာက္ေတြအတင္း စြပ္ေပးျပီး ကေလးခ်င္းျပိဳင္ ဂုဏ္ ခ်င္းျပိဳင္ၾကတယ္

ကေလးသဘာဝအရ ေဆာ့မယ္ ဘယ္လိုထိန္းသိမ္းေနရမယ္မသိေတာ့ ဘာေတြျဖစ္လာ ျပီးဘာေတြၾကံဳ ခဲ႔ရသလဲဆိုရင္

(အေတာ္မ်ားမ်ားၾကံဳ ခဲ႔ရ) လက္စြပ္ဝတ္ေပးထားတဲ႔ ကေလး လက္စြပ္ကိုပါးစပ္နဲ႔ကိုက္ လိုက္တယ္ လက္စြပ္ကပိန္ျပီး အသားကိုညွပ္ေနတယ္

နာလို႔ ငိုေတာ့မိဘျဖစ္သူေတြကနည္း မ်ိဳးစုံနဲ႔အတင္းခ်ြတ္ေပးၾကတယ္ ေနာက္ဆုံးကေလးက လက္နာ တာအထိမခံႏိုင္ေတာ့ဘူး သူ႔ လက္ကိုင္ရင္ကို ျပာေနေအာင္ ငိုေတာ့တယ္

ဒီအခါ က်ေနာ့္ ဆီလာျပီး ကပ္ေၾကးနဲ႔မရရေအာင္ျဖတ္ရတယ္ ျဖတ္ေပးရ တဲ႔အခါတိုင္းေဇာေခ်ြးျပန္ရတယ္ ကေလးကအထိမွမခံႏိုင္ တာမနည္းခ်ဴပ္ျပီးျဖတ္ေပးရတယ္

ေနာက္တခု လသားအရြယ္ ကဝတ္ေပးထားတဲ႔လက္စြပ္ ကေလးကၾကီးလာျပီလက္စြပ္ကက်ပ္ေနျပီမိဘကသတိမထားမိဘူး

ေသြးမေလ်ွာက္လို႔ လက္တေခ်ာင္းလုံးေယာင္ကိုင္းေနမွ အခုနေျပာသလို နည္း မ်ိဳးစုံနဲ႔ခ်ြတ္ၾက ကေလးကအထိ မခံႏိုင္ေတာ့မွမ်က္စိပ်က္မ်က္နွာပ်က္နဲ႔ေရာက္လာၾကတယ္

နားကပ္ပန္ေပးတာေတြလဲထို႔ နည္းတူပဲ ဖိအိပ္မိတယ္ ဝက္အူတံကေကာက္ျပီး ဝက္အူတံေရာေနာက္ပိတ္ပါအသားထဲနစ္ ေနျပီ

နားတခုလုံးေယာင္ကိုင္း ျပီးအနာျဖစ္ျပည္တည္ေတာ့မွ ေရာက္လာတယ္ ဒီလိုပဲမရမက လုပ္ေပးရတာပဲ အဲ႔လိုလုပ္ေပးရခ်ိန္မွာစိုးရိမ္တာ ေရာစိတ္မေကာင္တာေရာျဖစ္ ရတယ္

စိုးရိမ္တာက ကေလး တအားရုန္းေနခ်ိန္ကို႔ကပ္ေၾကး နဲ႔ထိုးမိညွပ္မိမွာ စိတ္မေကာင္း တာက အသည္းခိုက္ေအာင္ ကေလးခံစားေနရျပီး

မ်က္ရည္ ေတြက် ငယ္သံပါေအာင္ေအာ္ ေနတာေတြကစိတ္မေကာင္း ျဖစ္ရတယ္ လက္ေကာက္ပါးပါးေလးေတအတင္းဝတ္ေပးထား ကေလး ကမ်က္နွာကိုပြတ္မိေတာ့မ်က္ နွာမွာရွ

ျပန္ခ်ြတ္မရေတာ့လာျဖတ္ၾကနဲ႔ မိဘေတြအေနနဲ႔ ကိုယ့္သားသမီးကိုလွဖို႔ဆင္တာမဟုတ္ဘူး ဒုကၡေပးဖို႔ဆင္ေနတာ ဂုဏ္ျပိဳင္တယ္ထင္ေနၾကတာ

တကယ္ေတာ့ကိုယ့္ကေလး ကို ကိုယ္တိုင္ဒုကၡေပးေနၾကတာ ဆြဲျပားေသးေသးေလးေတြပါး စပ္ထဲဝင္လို႔ ခြဲထုတ္နႈိက္ထုတ္ ထားတာေတြလက္ေတြ႕ၾကည့္ ခ်င္ရင္

နားနွာေခါင္းလည္ေခ်ာင္းေဆးရုံမွာသြားၾကည့္ပါ မွန္ေဘာင္ထဲမွာအရင္ကထည့္ျပီးျပ ထားတယ္ အခုေတာ့မသိဘူး ဘာတန္ဖိုးမွမသိ လွတယ္ဆို တာလဲမသိ

ဘာဂုဏ္ျဒပ္မွမသိ တဲ႔ကေလးေတြကို မိဘေတြ အေနနဲ႔ကိုယ္ဂုဏ္တုဂုဏ္ျပိဳင္ လုပ္ဖို႔အတြက္ဒုကၡမေပးၾကပါ နဲ႔ ခ်စ္တဲ႔အခ်စ္ဟာ ဒုကၶေပးတဲ႔ အခ်စ္မျဖစ္ပါေစနဲ႔

ကိုယ့္သားသမီးကို တတ္နိုင္ရင္ တကိုယ္လုံးေရႊဆင္ပါ ဒါေပမယ့္ မေသမခ်င္းဆင္လို႔ရတယ္ နားလည္တဲ႔အရြယ္ေရာက္မွဆင္ၾကပါ

နားမလည္ေသးတဲ႔အရြယ္ဆင္ေပးလို႔လဲ မိဘကိုေက်း ဇူးတင္ရမွန္းလဲသိမွာမဟုတ္ဘူး သူတို႔ခံစားရရင္ဒုကၡျဖစ္ရင္သာ သူတို႔လဲနာက်င္ရသလို မိဘလဲ နာက်င္ခံစားရလိမ့္မယ္

ဒါေၾကာင့္ဒီလိုကေလးငယ္ငယ္ ေလးေတြကို မိဘေတြေရႊဆင္ ျပီးဒုကၡမေပးၾကပါနဲ႔ ဒုကၡျဖစ္မယ့္ဂုဏ္ျပိဳင္မႈေတြမလုပ္ၾကဖို႔ ၾကံဳ ခဲ႔ရတာေလးကိုေနာက္ထပ္ မိဘေတြသိဖို႔သတိေပးပရေစ ဗ်ာ

မစြတ္မပြတ္ပိုက္ဆံေလးနဲ႔ေရႊ ပါးပါးေလးဝယ္ဝတ္ေပးျပီးဂုဏ္ ျပိဳင္ေနမယ့္အစား တျခားတန္ ဖိုးရွိတဲ႔အစာေတြ ညဏ္ရည္ဖြံ႕ ျဖိဳးေစမယ့္အရာေတြဝယ္ေပး ျပီး

ကိုယ့္ကေလးဖြံ႔ျဖိဳးမႈ ညဏ္ ၤရည္တိုးတက္မႈဂုဏ္ကိုသာျပိဳင္ၾက ပါလို႔ေျပာရင္း ပန္းထိမ္လုပ္သူတေယာက္ ၾကံဳေတြ႕ရတဲ႔မိဘေတြရဲဲ႕အခ်စ္ အမွားကိုေရးလိုက္မိပါတယ္။
tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #

မိဘတွေရဲ့မှား ယွင်းတဲ့အယူအဆတခုကို ပန်းထိမ်လုပ်သူတယောက်အနေနဲ့တွေ့ကြုံ ခဲ့ရတာလေးပြော ပြချင်တယ်

မိဘတိုင်းကကိုယ့်သားသမီးကို လှစေချင်တယ် သူများထက် သာစေချင်တာ သဘာဝပါ

ဒါပေမယ့် မှားယွင်းစွာလှစေချင်မှု သူများထက်သာစေချင်မှုကတော့ လသားအရွယ် ကလေး ငယ်တွေနဲ့ ဘာမှမသိသေးတဲ့ ကလေးငယ်တွေကို ရွှေဆင်ပေးပြီးဒုက္ခဖြစ်စေတာပါပဲ

ကလေးဆိုတာတကယ်တော့ ရွှေရဲ့တန်ဖိုးကိုလဲမသိသလို လှရကောင်းမှန်းလဲမသိပါဘူး တန်ဖိုးထားရမယ့်ပစ္စည်းမှန်းလဲ မသိကြပါဘူး

ဒါကို မိဘဖြစ်သူ တွေက ကလေးတွေကို အတင်းနားတွေဖေါက် နားကပ်တွေ နားကွင်းတွေပန်ပေး လက်စွပ် တွေလက်ကောက်တွေအတင်း စွပ်ပေးပြီး ကလေးချင်းပြိုင် ဂုဏ် ချင်းပြိုင်ကြတယ်

ကလေးသဘာဝအရ ဆော့မယ် ဘယ်လိုထိန်းသိမ်းနေရမယ်မသိတော့ ဘာတွေဖြစ်လာ ပြီးဘာတွေကြုံ ခဲ့ရသလဲဆိုရင်

(အတော်များများကြုံ ခဲ့ရ) လက်စွပ်ဝတ်ပေးထားတဲ့ ကလေး လက်စွပ်ကိုပါးစပ်နဲ့ကိုက် လိုက်တယ် လက်စွပ်ကပိန်ပြီး အသားကိုညှပ်နေတယ်

နာလို့ ငိုတော့မိဘဖြစ်သူတွေကနည်း မျိုးစုံနဲ့အတင်းချွတ်ပေးကြတယ် နောက်ဆုံးကလေးက လက်နာ တာအထိမခံနိုင်တော့ဘူး သူ့ လက်ကိုင်ရင်ကို ပြာနေအောင် ငိုတော့တယ်

ဒီအခါ ကျနော့် ဆီလာပြီး ကပ်ကြေးနဲ့မရရအောင်ဖြတ်ရတယ် ဖြတ်ပေးရ တဲ့အခါတိုင်းဇောချွေးပြန်ရတယ် ကလေးကအထိမှမခံနိုင် တာမနည်းချူပ်ပြီးဖြတ်ပေးရတယ်

နောက်တခု လသားအရွယ် ကဝတ်ပေးထားတဲ့လက်စွပ် ကလေးကကြီးလာပြီလက်စွပ်ကကျပ်နေပြီမိဘကသတိမထားမိဘူး

သွေးမလျှောက်လို့ လက်တချောင်းလုံးယောင်ကိုင်းနေမှ အခုနပြောသလို နည်း မျိုးစုံနဲ့ချွတ်ကြ ကလေးကအထိ မခံနိုင်တော့မှမျက်စိပျက်မျက်နှာပျက်နဲ့ရောက်လာကြတယ်

နားကပ်ပန်ပေးတာတွေလဲထို့ နည်းတူပဲ ဖိအိပ်မိတယ် ဝက်အူတံကကောက်ပြီး ဝက်အူတံရောနောက်ပိတ်ပါအသားထဲနစ် နေပြီ

နားတခုလုံးယောင်ကိုင်း ပြီးအနာဖြစ်ပြည်တည်တော့မှ ရောက်လာတယ် ဒီလိုပဲမရမက လုပ်ပေးရတာပဲ အဲ့လိုလုပ်ပေးရချိန်မှာစိုးရိမ်တာ ရောစိတ်မကောင်တာရောဖြစ် ရတယ်

စိုးရိမ်တာက ကလေး တအားရုန်းနေချိန်ကို့ကပ်ကြေး နဲ့ထိုးမိညှပ်မိမှာ စိတ်မကောင်း တာက အသည်းခိုက်အောင် ကလေးခံစားနေရပြီး

မျက်ရည် တွေကျ ငယ်သံပါအောင်အော် နေတာတွေကစိတ်မကောင်း ဖြစ်ရတယ် လက်ကောက်ပါးပါးလေးတေအတင်းဝတ်ပေးထား ကလေး ကမျက်နှာကိုပွတ်မိတော့မျက် နှာမှာရှ

ပြန်ချွတ်မရတော့လာဖြတ်ကြနဲ့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးကိုလှဖို့ဆင်တာမဟုတ်ဘူး ဒုက္ခပေးဖို့ဆင်နေတာ ဂုဏ်ပြိုင်တယ်ထင်နေကြတာ

တကယ်တော့ကိုယ့်ကလေး ကို ကိုယ်တိုင်ဒုက္ခပေးနေကြတာ ဆွဲပြားသေးသေးလေးတွေပါး စပ်ထဲဝင်လို့ ခွဲထုတ်နှိုက်ထုတ် ထားတာတွေလက်တွေ့ကြည့် ချင်ရင်

နားနှာခေါင်းလည်ချောင်းဆေးရုံမှာသွားကြည့်ပါ မှန်ဘောင်ထဲမှာအရင်ကထည့်ပြီးပြ ထားတယ် အခုတော့မသိဘူး ဘာတန်ဖိုးမှမသိ လှတယ်ဆို တာလဲမသိ

ဘာဂုဏ်ဒြပ်မှမသိ တဲ့ကလေးတွေကို မိဘတွေ အနေနဲ့ကိုယ်ဂုဏ်တုဂုဏ်ပြိုင် လုပ်ဖို့အတွက်ဒုက္ခမပေးကြပါ နဲ့ ချစ်တဲ့အချစ်ဟာ ဒုက္ဓပေးတဲ့ အချစ်မဖြစ်ပါစေနဲ့

ကိုယ့်သားသမီးကို တတ်နိုင်ရင် တကိုယ်လုံးရွှေဆင်ပါ ဒါပေမယ့် မသေမချင်းဆင်လို့ရတယ် နားလည်တဲ့အရွယ်ရောက်မှဆင်ကြပါ

နားမလည်သေးတဲ့အရွယ်ဆင်ပေးလို့လဲ မိဘကိုကျေး ဇူးတင်ရမှန်းလဲသိမှာမဟုတ်ဘူး သူတို့ခံစားရရင်ဒုက္ခဖြစ်ရင်သာ သူတို့လဲနာကျင်ရသလို မိဘလဲ နာကျင်ခံစားရလိမ့်မယ်

ဒါကြောင့်ဒီလိုကလေးငယ်ငယ် လေးတွေကို မိဘတွေရွှေဆင် ပြီးဒုက္ခမပေးကြပါနဲ့ ဒုက္ခဖြစ်မယ့်ဂုဏ်ပြိုင်မှုတွေမလုပ်ကြဖို့ ကြုံ ခဲ့ရတာလေးကိုနောက်ထပ် မိဘတွေသိဖို့သတိပေးပရစေ ဗျာ

မစွတ်မပွတ်ပိုက်ဆံလေးနဲ့ရွှေ ပါးပါးလေးဝယ်ဝတ်ပေးပြီးဂုဏ် ပြိုင်နေမယ့်အစား တခြားတန် ဖိုးရှိတဲ့အစာတွေ ညဏ်ရည်ဖွံ့ ဖြိုးစေမယ့်အရာတွေဝယ်ပေး ပြီး

ကိုယ့်ကလေးဖွံ့ဖြိုးမှု ညဏ် ၤရည်တိုးတက်မှုဂုဏ်ကိုသာပြိုင်ကြ ပါလို့ပြောရင်း ပန်းထိမ်လုပ်သူတယောက် ကြုံတွေ့ရတဲ့မိဘတွေရဲ့အချစ် အမှားကိုရေးလိုက်မိပါတယ်။
tameelay

No comments:

Post a Comment