Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 26, 2019

ငါ့လူေတြမထိနဲ႔ ျပႆနာတက္သြားမယ္ဟုဆိုကာ ရဲတပ္ဖြဲ႔ကို ဓါးျဖင့္ဝင္ထိုးၾကသည့္ ၾကည့္ျမင္တိုင္လူမိုက္မ်ား

ငါ့လူေတြကိုမထိနဲ႕ျပႆနာတက္သြားမယ္ဟု ေျပာဆိုကာ ရဲတပ္ဖြဲ႕ အား ဓါးျဖင့္ဝင္ထိုးၾကသည့္ ငွက္ႀကီးေတာင္ ဓါးကိုင္ရမ္းကားေနေသာ ၾကည့္ျမင္တိုင္လူမိုက္ဟုဆိုသူမ်ားအား ရဲတပ္ဖြဲ႕မွေသနတ္ျဖင့္ ပစ္ခတ္ ဖမ္းဆီးလိုက္ရ

ရန္ကုန္တိုင္းေဒသႀကီး လွည္းကူးၿမိဳ႕နယ္ လွည္းကူး-ဒါးပိန္ကားလမ္း က်ြန္းကုန္းလမ္းဆံုတြင္ ေမလ ၃၁ ရက္ေန႕ည၇နာရီ၃၀မိနစ္ အခ်ိန္ ခန္႕က အမ်ဳိးသား ၅ဦးမွ ဓါးမ်ားကိုင္ေဆာင္ကာ အမ်ားျပည္သူအား အသက္ေဘးအႏၲရယ္ျဖစ္ေစရန္ ရမ္းကားေနၾကေၾကာင္း ျပည္သူ တစ္ဦး မွ လွည္းကူးၿမိဳ႕မစခန္းသို႔ ဖုန္းျဖင့္ အေၾကာင္းၾကားခဲ႕ရာ စခန္းမွဴးဒုရဲမွဴးေမာင္ေမာင္ဦးက မီးတန္းဆိုင္ကယ္မ်ားျဖင့္ လွည့္ကင္း ေဆာင္ရြက္ေနေသာ ရဲတပ္ဖြဲ႕ဝင္မ်ားကို အေၾကာင္းၾကားသြားေရာက္ စစ္ေဆးေဆာင္ရြက္ေစခဲ႕သည္။

လွည့္ကင္းအဖြဲ႕မွသက္ေသမ်ားေခၚကာ က်ြန္းကုန္းလမ္းဆံုသို႔ သြားေရာက္ခဲ႕ရာတြင္ က်ြန္းကုန္းလမ္းဆံုအနီး လွည္းကူး-ဆားတလင္း-ဒါးပိန္ ကားလမ္းေပၚတြင္ဓါးမ်ားကိုင္ေဆာင္ ထားသည့္ အုပ္စုဖြဲ႕လူ၅ဦးမွ ခရီးသြားျပည္သူမ်ား ကိုၿခိမ္းေျခာက္တားဆီးရန္ျပဳကာ ရမ္းကားေနသည္ကိုေတြ႕ရွိသျဖင့္ လွည့္ကင္းရဲအဖြဲ႕မွဝင္ေရာက္ထိန္းသိမ္းရာ အဆိုပါအမ်ဳိးသား ၅ဦးအနက္မွ ေဇာ္မင္းသိန္းဆိုသူမွ အရိုးအသြား အရွည္၂ေပခြဲရွိေသာ ငွက္ႀကီးေတာင္ဓါးျဖင့္ျပန္လည္ခုခံရန္ျပဳသျဖင့္

ရဲဒုတပ္ၾကပ္ ျဖိဳးေမာင္ေမာင္သိန္းႏွင့္ ရဲဒုတပ္ၾကပ္မိုးစက္ေသာ္တို႕မွ လံုးေထြး ဖမ္းဆီး စဥ္ အဆိုပါလူရမ္းကား ၅ဦး ထဲမွ ပီေခ်း(ခ)မ်ဳိးဇင္လတ္ ဆိုသူႏွင့္ ေအာင္ႏိုင္ဆိုသူတို႕မွ ထပ္မံ၍ ရဲတပ္ၾကပ္ေအာင္ဆန္းျမင့္ ထံရန္ျပဳရန္ေျပးဝင္လာၿပီး ”ငါတို႕လူေတြကိုမလုပ္နဲ႕ျပႆနာတက္သြားမယ္“ ဟုေျပာဆိုကာ

ပီေခ်း(ခ)မ်ဳိးဇင္လတ္ဆိုသူက ရဲတပ္ၾကပ္ေအာင္ဆန္းျမင့္အား ဓါးေျမွာင္ျဖင့္ဝင္ထိုးသျဖင့္ ဒုရဲအုပ္ေက်ာ္စိုးဟိန္းက”မင္းတို႕ဓါးေတြခ်ၿပီးေအးေအးေဆးေဆးေျဖရွင္းပါ”ဟုေျပာဆိုခဲ႕ေသာ္လည္း ပီေခ်းမွရဲတပ္ၾကပ္ေအာင္ဆန္းျမင့္ကို ဓါးေျမွာင္ျဖင့္ ၃/၄ ခ်က္ခန္႕ထက္ကာ လိုက္လံထိုးသတ္ ေနသျဖင့္ ဒုရဲအုပ္ေက်ာ္စိုးဟိန္းမွ ၃၈ဗို႕ေျခာက္လံုးျပဴးေသနတ္ျဖင့္ ေျခာက္လန္႔ ပစ္ခဲ႕စဥ္အတြင္း အနီးတြင္ရွိေနေသာ ေအာင္ႏိုင္ဆိုသူမွ ဒုရဲအုပ္ေက်ာ္စိုးဟိန္းထံ တိုက္ခိုက္ရန္ေျပးဝင္လာစဥ္ ဌင္း၏ဝဲဘက္လက္ခံုအား ေသနတ္က်ည္ဆံထိမွန္ (သာမန္မ်ွမစိုးရိမ္ရ) ခဲ႕ေၾကာင္းရဲမွတ္တမ္းတြင္ေဖာ္ျပထားသည္။

့္အဆိုပါလူရမ္းကား ၅ ဦးအနက္ အခင္းျဖစ္ခ်ိန္အတြင္း ၄ဦးအား ဖမ္းဆီးရမိခဲ႕ၿပီး ပီေခ်း(ခ)မ်ဳိးဇက္လတ္ဆိုသူမွာ ထြက္ေျပး လြတ္ေျမာက္သြားခဲ႕ရာ ဇြန္လ၁ရက္ေန႕နံနက္ပိုင္းတြင္ ျပန္လည္ ဖမ္းဆီးရမိခဲ႕ေၾကာင္းလွည္းကူးၿမိဳ႕မရဲစခန္းမွသိရသည္။



“ရမ္းကားသူ ၄ဦးကိုအခင္းျဖစ္တဲ႕ညအခ်ိန္အတြင္းမွာပဲ ထိန္းသိမ္း ဖမ္းဆီးႏိုင္ခဲ႕ပါတယ္။ ညကထြက္ေျပးလြတ္ေျမွာက္သြားတဲ႕ တစ္ေယာက္ကိုေတာ့ ဒီမနက္ပဲလွည္းကူးၿမိဳ႕နယ္က ကြင္းထဲမွာ ဖမ္းဆီးရမိပါၿပီ၊ အျပစ္မဲ႕ျပည္သူေတြရိုးရိုးသားသား စီးပြားရွာေဖြ စားေသာက္ေနထိုင္သြားလာၾကတဲ႔ အေပၚမွာ အခုလိုလူမိုက္ဆန္ဆန္၊မင္းမဲ႕စရိုက္ဆန္ဆန္ထိတ္လန္႕ေအာင္လုပ္တာ၊အႏိုင္က်င့္ေခါင္းပံုျဖတ္ တာေတြကို က်ြန္ေတာ္တို႕က လံုးဝလက္မခံဘူး၊ အခုလို လုပ္ရပ္မ်ဳိးေတြ ထပ္ျဖစ္လာခဲ႕ရင္လည္း က်ြန္ေတာ္အေကာင္းဆံုး ႀကိဳးစားေဆာင္ရြက္သြားမယ္“ ဟုလူရမ္းကားမ်ားအား ကိုယ္တိုင္ ဖမ္းဆီးခဲ႕သူလွည္းကူးၿမိဳ႕မစခန္းမွဒုရဲအုပ္ေက်ာ္စိုးဟိန္းကေျပာသည္။

အခင္းျဖစ္ပြားခ်ိန္အၿပီး ထြက္ေပၚလာေသာသတင္းမ်ားႏွင္႔ ပတ္သက္ၿပီး ေမးျမန္းရာတြင္ ”ဒီေကာင္ေတြက လွည္းကူးသားေတြ ၾကည့္ျမင္တိုင္ဘက္ကေတာ့ မဟုတ္ပါဘူး၊ၾကည့္ျမင္တိုင္ လူမိုက္အဖြဲ႕ က ဟုတ္မဟုတ္ကိုေတာ့ ဆက္လက္စစ္ေဆးေနတုန္းပါ” ဟု ဒုရဲအုပ္ေက်ာ္စိုးဟိန္းက ထပ္မံေျပာၾကားသည္။

အဆိုပါျဖစ္ပြားမႈႏွင္ပတ္သက္ၿပီး အမ်ားျပည္သူႏွင့္ဆိုင္ေသာ ေနရာတြင္ၿငိမ္ဝတ္ပိျပားေရးကိုပ်က္ျပားေစေသာအလိုငွာလူ႕အသက္ေဘးအႏၲရယ္ျဖစ္ေစသည့္ဓါးလက္နက္စြဲကိုင္ရမ္းကားသူ ေဇာ္မင္းသိန္း(၃၇)ႏွစ္(ဘ)ဦးစိန္ေမာင္၊လက္ပံေက်းရြာ၊လွည္းကူးၿမိဳ႕နယ္၊ သက္ပိုင္မ်ဳိးဦး(ခ)သံေခ်ာင္း(၂၆)ႏွစ္(ဘ)ဦးမ်ဳိးဦး၊သီတာေအးတိုးခ်ဲ႕၃လမ္း၊ေအာင္မဂၤလာရပ္ကြက္၊လွည္းကူးၿမိဳ႕နယ္၊ ေက်ာ္ႏိုင္ထြန္း(၂၄)ႏွစ္(ဘ)ဦးႏိုင္လင္း၊သီတာေအးတိုးခ်ဲ႕၅လမ္း၊ေအာင္မဂၤလာရပ္ကြက္၊လွည္းကူးျမိဳ႕နယ္၊ ဒဏ္ရာရွိသူေအာင္ႏိုင္(၅၀)ႏွစ္၊(ဘ)ဦးေက်ာက္ခဲ၊လက္ပံေက်းရြာ၊လွည္းကူးၿမိဳ႕နယ္ေနသူႏွင့္ယေန႕နံနက္တြင္ဖမ္းဆီးရမိေသာ ပီေခ်း(ခ)မ်ဳိးဇင္လတ္ဆိုသူတို႔ ၅ဦးအား လွည္းကူးၿမိဳ႕မရဲစခန္းမွ(ပ)၁၀၄၆/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ၃၀၇/၃၅၃/၁၁၄တို႕ျဖင့္အမႈဖြင့္လွစ္ထားေၾကာင္းသိရသည္။

Headline News

ပုံ – ပီေခ်း(ခ)မ်ိဳးဇင္လတ္အား ဒုရဲအုပ္ ေက်ာ္စိုးဟိန္း ႏွင္႔ အဖြဲ႔မွ ဖမ္းဆီးရမိပုံ (Photo သာဒင္)




Unicode Version

ငါ့လူတွေကိုမထိနဲ့ပြဿနာတက်သွားမယ်ဟု ပြောဆိုကာ ရဲတပ်ဖွဲ့ အား ဓါးဖြင့်ဝင်ထိုးကြသည့် ငှက်ကြီးတောင် ဓါးကိုင်ရမ်းကားနေသော ကြည့်မြင်တိုင်လူမိုက်ဟုဆိုသူများအား ရဲတပ်ဖွဲ့မှသေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးလိုက်ရ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် လှည်းကူး-ဒါးပိန်ကားလမ်း ကျွန်းကုန်းလမ်းဆုံတွင် မေလ ၃၁ ရက်နေ့ည၇နာရီ၃၀မိနစ် အချိန် ခန့်က အမျိုးသား ၅ဦးမှ ဓါးများကိုင်ဆောင်ကာ အများပြည်သူအား အသက်ဘေးအန္တရယ်ဖြစ်စေရန် ရမ်းကားနေကြကြောင်း ပြည်သူ တစ်ဦး မှ လှည်းကူးမြို့မစခန်းသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့ရာ စခန်းမှူးဒုရဲမှူးမောင်မောင်ဦးက မီးတန်းဆိုင်ကယ်များဖြင့် လှည့်ကင်း ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို အကြောင်းကြားသွားရောက် စစ်ဆေးဆောင်ရွက်စေခဲ့သည်။

လှည့်ကင်းအဖွဲ့မှသက်သေများခေါ်ကာ ကျွန်းကုန်းလမ်းဆုံသို့ သွားရောက်ခဲ့ရာတွင် ကျွန်းကုန်းလမ်းဆုံအနီး လှည်းကူး-ဆားတလင်း-ဒါးပိန် ကားလမ်းပေါ်တွင်ဓါးများကိုင်ဆောင် ထားသည့် အုပ်စုဖွဲ့လူ၅ဦးမှ ခရီးသွားပြည်သူများ ကိုခြိမ်းခြောက်တားဆီးရန်ပြုကာ ရမ်းကားနေသည်ကိုတွေ့ရှိသဖြင့် လှည့်ကင်းရဲအဖွဲ့မှဝင်ရောက်ထိန်းသိမ်းရာ အဆိုပါအမျိုးသား ၅ဦးအနက်မှ ဇော်မင်းသိန်းဆိုသူမှ အရိုးအသွား အရှည်၂ပေခွဲရှိသော ငှက်ကြီးတောင်ဓါးဖြင့်ပြန်လည်ခုခံရန်ပြုသဖြင့်

ရဲဒုတပ်ကြပ် ဖြိုးမောင်မောင်သိန်းနှင့် ရဲဒုတပ်ကြပ်မိုးစက်သော်တို့မှ လုံးထွေး ဖမ်းဆီး စဉ် အဆိုပါလူရမ်းကား ၅ဦး ထဲမှ ပီချေး(ခ)မျိုးဇင်လတ် ဆိုသူနှင့် အောင်နိုင်ဆိုသူတို့မှ ထပ်မံ၍ ရဲတပ်ကြပ်အောင်ဆန်းမြင့် ထံရန်ပြုရန်ပြေးဝင်လာပြီး ”ငါတို့လူတွေကိုမလုပ်နဲ့ပြဿနာတက်သွားမယ်“ ဟုပြောဆိုကာ

ပီချေး(ခ)မျိုးဇင်လတ်ဆိုသူက ရဲတပ်ကြပ်အောင်ဆန်းမြင့်အား ဓါးမြှောင်ဖြင့်ဝင်ထိုးသဖြင့် ဒုရဲအုပ်ကျော်စိုးဟိန်းက”မင်းတို့ဓါးတွေချပြီးအေးအေးဆေးဆေးဖြေရှင်းပါ”ဟုပြောဆိုခဲ့သော်လည်း ပီချေးမှရဲတပ်ကြပ်အောင်ဆန်းမြင့်ကို ဓါးမြှောင်ဖြင့် ၃/၄ ချက်ခန့်ထက်ကာ လိုက်လံထိုးသတ် နေသဖြင့် ဒုရဲအုပ်ကျော်စိုးဟိန်းမှ ၃၈ဗို့ခြောက်လုံးပြူးသေနတ်ဖြင့် ခြောက်လန့် ပစ်ခဲ့စဉ်အတွင်း အနီးတွင်ရှိနေသော အောင်နိုင်ဆိုသူမှ ဒုရဲအုပ်ကျော်စိုးဟိန်းထံ တိုက်ခိုက်ရန်ပြေးဝင်လာစဉ် ဌင်း၏ဝဲဘက်လက်ခုံအား သေနတ်ကျည်ဆံထိမှန် (သာမန်မျှမစိုးရိမ်ရ) ခဲ့ကြောင်းရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

့်အဆိုပါလူရမ်းကား ၅ ဦးအနက် အခင်းဖြစ်ချိန်အတွင်း ၄ဦးအား ဖမ်းဆီးရမိခဲ့ပြီး ပီချေး(ခ)မျိုးဇက်လတ်ဆိုသူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ရာ ဇွန်လ၁ရက်နေ့နံနက်ပိုင်းတွင် ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်းလှည်းကူးမြို့မရဲစခန်းမှသိရသည်။



“ရမ်းကားသူ ၄ဦးကိုအခင်းဖြစ်တဲ့ညအချိန်အတွင်းမှာပဲ ထိန်းသိမ်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ညကထွက်ပြေးလွတ်မြှောက်သွားတဲ့ တစ်ယောက်ကိုတော့ ဒီမနက်ပဲလှည်းကူးမြို့နယ်က ကွင်းထဲမှာ ဖမ်းဆီးရမိပါပြီ၊ အပြစ်မဲ့ပြည်သူတွေရိုးရိုးသားသား စီးပွားရှာဖွေ စားသောက်နေထိုင်သွားလာကြတဲ့ အပေါ်မှာ အခုလိုလူမိုက်ဆန်ဆန်၊မင်းမဲ့စရိုက်ဆန်ဆန်ထိတ်လန့်အောင်လုပ်တာ၊အနိုင်ကျင့်ခေါင်းပုံဖြတ် တာတွေကို ကျွန်တော်တို့က လုံးဝလက်မခံဘူး၊ အခုလို လုပ်ရပ်မျိုးတွေ ထပ်ဖြစ်လာခဲ့ရင်လည်း ကျွန်တော်အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမယ်“ ဟုလူရမ်းကားများအား ကိုယ်တိုင် ဖမ်းဆီးခဲ့သူလှည်းကူးမြို့မစခန်းမှဒုရဲအုပ်ကျော်စိုးဟိန်းကပြောသည်။

အခင်းဖြစ်ပွားချိန်အပြီး ထွက်ပေါ်လာသောသတင်းများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ”ဒီကောင်တွေက လှည်းကူးသားတွေ ကြည့်မြင်တိုင်ဘက်ကတော့ မဟုတ်ပါဘူး၊ကြည့်မြင်တိုင် လူမိုက်အဖွဲ့ က ဟုတ်မဟုတ်ကိုတော့ ဆက်လက်စစ်ဆေးနေတုန်းပါ” ဟု ဒုရဲအုပ်ကျော်စိုးဟိန်းက ထပ်မံပြောကြားသည်။

အဆိုပါဖြစ်ပွားမှုနှင်ပတ်သက်ပြီး အများပြည်သူနှင့်ဆိုင်သော နေရာတွင်ငြိမ်ဝတ်ပိပြားရေးကိုပျက်ပြားစေသောအလိုငှာလူ့အသက်ဘေးအန္တရယ်ဖြစ်စေသည့်ဓါးလက်နက်စွဲကိုင်ရမ်းကားသူ ဇော်မင်းသိန်း(၃၇)နှစ်(ဘ)ဦးစိန်မောင်၊လက်ပံကျေးရွာ၊လှည်းကူးမြို့နယ်၊ သက်ပိုင်မျိုးဦး(ခ)သံချောင်း(၂၆)နှစ်(ဘ)ဦးမျိုးဦး၊သီတာအေးတိုးချဲ့၃လမ်း၊အောင်မင်္ဂလာရပ်ကွက်၊လှည်းကူးမြို့နယ်၊ ကျော်နိုင်ထွန်း(၂၄)နှစ်(ဘ)ဦးနိုင်လင်း၊သီတာအေးတိုးချဲ့၅လမ်း၊အောင်မင်္ဂလာရပ်ကွက်၊လှည်းကူးမြို့နယ်၊ ဒဏ်ရာရှိသူအောင်နိုင်(၅၀)နှစ်၊(ဘ)ဦးကျောက်ခဲ၊လက်ပံကျေးရွာ၊လှည်းကူးမြို့နယ်နေသူနှင့်ယနေ့နံနက်တွင်ဖမ်းဆီးရမိသော ပီချေး(ခ)မျိုးဇင်လတ်ဆိုသူတို့ ၅ဦးအား လှည်းကူးမြို့မရဲစခန်းမှ(ပ)၁၀၄၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ၃၀၇/၃၅၃/၁၁၄တို့ဖြင့်အမှုဖွင့်လှစ်ထားကြောင်းသိရသည်။

Headline News

ပုံ – ပီချေး(ခ)မျိုးဇင်လတ်အား ဒုရဲအုပ် ကျော်စိုးဟိန်း နှင့် အဖွဲ့မှ ဖမ်းဆီးရမိပုံ (Photo သာဒင်)

No comments:

Post a Comment