CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 17, 2019
လ ၂၀ သမီးလေးကို Sex Abuse လုပ်သွားသူက အသက် ၃၉ နှစ်အရွယ် သင်္ကန်းဝတ်
လူဆိုတာ အသိ၊သတိပျောက်ရင် တိရစ္ဆာန်ပါပဲ....
ရွှေပေါက်ကံ အမှုမှာ
လ ၂၀ သမီးလေးကို Sex Abuse လုပ်သွားသူက
အသက် ၃၉ နှစ်အရွယ် သင်္ကန်းဝတ်တစ်ယောက်တဲ့..။
ကျွန်တော့်အတွက်ကတော့
ကြားရဖန်များလို့ ရိုးနေပြီဖြစ်ပေမယ့်
ဒီလိုကိစ္စတွေနဲ့ မနီးစပ်သူ ဗုဒ္ဓဘာသာဝင်တွေအဖို့
ဒီလိုသတင်းတွေကြားရင် နှလုံးသား နာရရှာတယ်..
မှတ်မိသေးတယ်..။
ရွာတစ်ရွာက သက်ငယ်မုဒိန်းတစ်မှုဆို
ကျင့်တဲ့ပုဂ္ဂိုလ်က တစ်ရွာလုံး ကြည်ညိုရတဲ့
ကျောင်းထိုင်ဆရာတော်ကြီး..။
အံ့သြစရာကောင်းလွန်းတာက (အဲဒီအမှုမှာ)
''အကျင့်ခံရသူ ကလေးမလေးက နန့်လွန်းလို့
တို့ဆရာတော်ကြီးမှာ ဈာန်လျောရရှာတယ်''
ဆိုပြီး တရားခံကို အပြစ်မမြင်ဘဲ
ခံရသူကို အပြစ်တင်ကြတဲ့ လူတွေက ပိုများခဲ့တယ်။
(သိပ်ကြောက်စရာကောင်းတဲ့
အရိုးစွဲ မျက်ကန်း ယုံကြည်မှုပေါ့..)
ဒီကောင်မ ကျောင်းကြီးဖျက်မ ၊
သာသနာဖျက်မ ဆိုပြီး အဲဒီသမီးရဲ့အမှုမှာ
တစ်ရွာလုံးက ဝိုင်းကျဉ်ကြလို့ တရားလိုရှေ့နေတွေ
တော်ယုံနဲ့ ရွာထဲ သိပ်မဝင်ရဲ..။
နောက်ဆုံး တရားခံ ထောင်ကျသွားတာတောင်
''ရွာသားတစ်ချို့က လက်သီးလက်မောင်းတန်းပြီး
တရားခံကို အားပေးနေလို့ သြချခဲ့ရပါတယ်..''ဆိုပြီး
အဲဒီအမှုမှာ ကိုယ်တိုင်ကူညီခဲ့သူ (အခရာ) အဖွဲ့က
အစ်မတစ်ယောက်က ကျွန်တော့်ကို ရင်ဖွင့်ရှာတယ်။
ထားပါတော့..
တကယ်က သင်္ကန်းဝတ်မှ မဟုတ်..
ဗလီဆရာလည်း မုဒိန်းမှုကျူးလွန်နိုင်ပါတယ်..
သင်းအုပ်ဆရာလည်း မုဒိန်းမှု ကျူးလွန်နိုင်ပါတယ်..။
သက်ငယ်မုဒိန်းကို
ဘယ်လို လူမျိုးတွေ ကျူးလွန်တတ်လဲခင်ဗျ
ဆိုတဲ့မေးခွန်းဟာ ကျွန်တော် မကြာခဏ
ဖြေရတဲ့ မေးခွန်းပါ..
''သက်ငယ်မုဒိန်းမှု ကျူးလွန်သူ အများစုဟာ
ခင်ဗျားတို့ စိတ်ချ ယုံကြည်ရတဲ့ သူမျိုးတွေပဲ..''
လို့ ကျွန်တော် အနှစ်ချုပ် ဖြေပါတယ်..။
ထပ်ရှင်းပြရရင်တော့
''အို. ဒီလူဟာ ငါ့သမီးကို
မုဒိန်းမကျင့်နိုင်လောက်ပါဘူးလေ... ''ဆိုတဲ့
လူမျိုးတွေကပဲ ဒီအမှုကို ကျူးလွန်တာ များတယ်..။
''ဆွေမျိုး အရင်းအချာ ၊ ဆရာသမား ၊
ကိုးကွယ်ရတဲ့ ဘာသာရေးဆရာ ၊
အိမ်နီးနားချင်း..၊
အိမ်ကို မကြာခဏ ဝင်ထွက်နေတဲ့ သူငယ်ချင်း.''
စသည်ဖြင့်..
စစ်တမ်း တစ်ခုမှာတော့
သက်ငယ်မုဒိန်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်က
အပေါ်က ကျွန်တော်ပြောခဲ့တဲ့ သူတွေနဲ့ ဖြစ်တာပါ..
(အဲဒီအထဲက ၁၀ ရာခိုင်နှုန်းက ဖခင်အရင်း..)
ဖန်တရာတေအောင် ပြောခဲ့ဖူးပေမယ့်
ထပ်ပြောပါအုံးမယ်..။
ကျွန်တော်တို့ မြန်မာမိဘတွေ ကိုယ့်သားသမီးကို
ဆုံးမတဲ့အခါ.
''ဟဲ့ သမီး သူစိမ်းခေါ်ရင် မလိုက်နဲ့နော်..''တဲ့..။
(မိဘတွေ ကိုယ်တိုင်ကလည်း သူစိမ်းကို
ကြောက်ကြတယ်..)
လုံးဝ မှားပါတယ်..
ကလေးတွေက သူစိမ်းခေါ်ရင်
သူတို့ရဲ့ အလိုအလျောက်တုံ့ပြန်မှုကလည်း
မလိုက်ပါဘူး..
သူစိမ်းကို ကြောက်ပါတယ်..ရှောင်ပါတယ်..။
အဲ..ရင်းနှီးသူဆိုရင်တော့ ခေါ်တဲ့အခါ
အလွယ်တကူ လိုက်ပါတယ်..
မိဘတွေကလည်း စိတ်ချလက်ချ ထားခဲ့ပါတယ်..
အဲဒီမှာ ရင်နာစရာကောင်းတဲ့
အဖြစ်အပျက်တွေ ဖြစ်လာတော့တာပါပဲ..။
ဆင်ခြင်နိုင်ကြပါစေ..။
ကိုစိုးထိုက် (ဖဒို)
(ဘာသာရေးကို စော်ကားလိုစိတ် အလျင်းမရှိပါ..
ကျွန်တော်က သင်္ကန်းကိုမြင်ယုံနဲ့
သံဃာ့ဂုဏ်ကို ရည်မှန်းပြီး ကြည်ညိုတဲ့အထိ
ဘာသာရေးစိတ်ဓာတ်ရှိသူပါ..
ဒီပိုစ့်ကတော့ ဖြစ်တတ်တဲ့ သဘောတွေကို
ရေးပြယုံသာ..။
ဘာသာရေး နဲ့ ဆိုင်သော ပိုစ့် မဟုတ်ပါကြောင်း...)
Soe Htike
လ ၂၀ သမီးလေးကို Sex Abuse လုပ်သွားသူက အသက် ၃၉ နှစ်အရွယ် သင်္ကန်းဝတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 17, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 17, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment