Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 4, 2019

င႐ုတ္သီး စားသူေတြက အျခားသူေတြထက္ အသက္ပိုရွည္ေၾကာင္း ေလ့လာေတြ႕ရွိ


႐ိုး႐ိုး င႐ုတ္သီးထက္ အစပ္ကဲတဲ့ င႐ုတ္သီးက အ႐ြယ္မတိုင္ခင္ ေသဆုံးမႈကို ေလ်ာ့ခ်ႏိုင္တယ္လို႔ ဆိုပါတယ္

အစပ္ႀကိဳက္တဲ့သူေတြအတြက္ေတာ့ သတင္းေကာင္းပါပဲ။ အစပ္အရမ္းစားတဲ့ သူေတြဆို “ဗိုက္နာမယ္၊ အစာအိမ္ ျဖစ္မယ္၊ ဝက္ၿခံထြက္လိမ့္မယ္”ဆိုၿပီး ေလ်ာ့စားခိုင္းေလ့ ရွိပါတယ္။ လူတိုင္း မသိေသးတဲ့အခ်က္ကေတာ့ အစပ္ႀကိဳက္တဲ့သူေတြဟာ အသက္ပိုရွည္တယ္ဆိုတဲ့ အခ်က္ပါပဲ။

အထူးသျဖင့္ အရမ္းစပ္တဲ့ င႐ုတ္သီးေတြကို ခံတြင္းေတြ႕သူေတြဟာ တျခားသူေတြထက္ ေနထိုင္ရမယ့္ သက္တမ္း ပိုရွည္တယ္ဆိုတာ သက္ေသျပလိုက္ႏိုင္ပါၿပီ။ င႐ုတ္သီးကို စူပါတန္းဝင္ အစားအစာအျဖစ္ တရားဝင္ အသိမွတ္ျပဳထားတာမ်ိဳး မရွိေပမယ့္ င႐ုတ္သီးရဲ႕ စြမ္းအားၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်တာ၊ ကိုယ္ခံစြမ္းအား ေကာင္းတာ၊ အန္ေထာ္ဖင္းဓာတ္ကို လႈံ႕ေဆာ္ေပးႏိုင္တာကိုေတာ့ လက္ခံၾကပါတယ္။

အခုေနာက္ဆုံး ထြက္ရွိလာတဲ့ ေလ့လာခ်က္မွာေတာ့ အသက္ပိုရွည္ေစတယ္ဆိုတဲ့ အခ်က္ကို ထည့္သြင္းလိုက္ပါၿပီ။ ဗားမြန႔္တကၠသိုလ္၊ ေဆးပညာဌာနက သုေတသီေတြဟာ အစပ္ကဲတဲ့ င႐ုတ္သီးကို ပုံမွန္စားတဲ့သူေတြဟာ အ႐ြယ္မတိုင္ခင္ ေသဆုံးမႈ ၁၃ ရာခိုင္ႏႈန္းထိ ေလ်ာ့က်တယ္လို႔ ဆိုပါတယ္။

သုေတသန ျပဳလုပ္ခဲ့တာဟာ ႐ိုး႐ိုး င႐ုတ္သီးထက္ အစပ္ကဲတဲ့ င႐ုတ္သီးမွာပါတဲ့ ဓာတ္က ေလ်ာ့ခ်ႏိုင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႐ုတ္တရက္ ႏွလုံးခုန္ ရပ္ျခင္းနဲ႔ ေလျဖတ္ျခင္းကိုပါ ကာကြယ္ေပးတယ္လို႔ ဆိုပါတယ္။

ထြက္ရွိလာတဲ့ ရလဒ္ဟာ အေမရိကန္လူမ်ိဳး ၁ ေသာင္း ၆ ေထာင္ေက်ာ္ကို ၂၃ ႏွစ္ၾကာ သုေတသနလုပ္ရာက ထြက္လာတဲ့ ရလဒ္တခုလည္း ျဖစ္ပါတယ္။ ပါဝင္ခဲ့ၾကတဲ့သူေတြကို င႐ုတ္သီးေတာင့္ ေန႔စဥ္ ပုံမွန္ စားခိုင္းခဲ့ၿပီး အခုလိုရလဒ္ ထြက္ရွိလာတာပါ။

၂၃ ႏွစ္အၾကာ ပုံမွန္စားလာတဲ့သူေတြဟာ မစားတဲ့သူေတြထက္ ေသဆုံးမႈႏႈန္း ၂၁ ဒႆမ ၆ ရာခိုင္ႏႈန္းေလာက္ ေလ်ာ့က်သြားတယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့လည္း ထြက္လာတဲ့ ရလဒ္ေတြကို အေသးစိတ္ ျပန္ၾကည့္တဲ့အခါ ဘယ္အခ်က္ေတြေၾကာင့္ အသက္ပိုရွည္ေစတယ္ ဆိုတဲ့အခ်က္ကို အတိအက် မေထာက္ျပႏိုင္ေပမယ့္ င႐ုတ္သီးမွာပါတဲ့ မူလဓာတ္ပစၥည္း Capsaicin ေၾကာင့္လို႔ သုံးသပ္ၾကပါတယ္။ Capsaicin ဟာ အစာေျခစနစ္ကို အေထာက္အကူျပဳတာေၾကာင့္ အစာေၾကလြယ္ၿပီး ပါဝင္တဲ့ ဓာတ္တိုး ဆန႔္က်င္ပစၥည္းေတြက ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစပါတယ္။

ႏွလုံးေသြးေၾကာနဲ႔သက္ဆိုင္တဲ့ ေရာဂါေတြကို ကာကြယ္ေပးတဲ့အျပင္ အဝလြန္ေရာဂါ မျဖစ္ေအာင္ တားဆီးေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေနာက္တခါ င႐ုတ္သီးအစပ္ေတြ စားမယ္ဆိုရင္ စိုးရိမ္စရာ မလိုဘဲ ကိုယ္စိတ္ႀကိဳက္စားႏိုင္ၿပီေပါ့။

င႐ုတ္သီးအစပ္လို႔ ဆိုတဲ့အခါ မႈိအႏၲရာယ္မ်ားတဲ့ င႐ုတ္ေျခာက္ေတြထက္ လတ္လတ္ဆတ္ဆတ္ င႐ုတ္သီးအစိမ္းပဲ စားၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။ င႐ုတ္သီး အစားမ်ားတဲ့အခါ ဗိုက္နာတာမ်ိဳး မျဖစ္ေအာင္ မစားခင္ မီးအပူေပးတာျဖစ္ျဖစ္၊ ေရေႏြးပြက္ပြက္ ဆူတဲ့ထဲ ထည့္ျပဳတ္တာျဖစ္ျဖစ္ လုပ္ၿပီးမွ စားတာ ပိုသင့္ေတာ္ပါတယ္။
sweaysone
# Unicode Version # ျဖင့္ ဖတ္ပါ #

ရိုးရိုး ငရုတ်သီးထက် အစပ်ကဲတဲ့ ငရုတ်သီးက အရွယ်မတိုင်ခင် သေဆုံးမှုကို လျော့ချနိုင်တယ်လို့ ဆိုပါတယ်

အစပ်ကြိုက်တဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ အစပ်အရမ်းစားတဲ့ သူတွေဆို “ဗိုက်နာမယ်၊ အစာအိမ် ဖြစ်မယ်၊ ဝက်ခြံထွက်လိမ့်မယ်”ဆိုပြီး လျော့စားခိုင်းလေ့ ရှိပါတယ်။ လူတိုင်း မသိသေးတဲ့အချက်ကတော့ အစပ်ကြိုက်တဲ့သူတွေဟာ အသက်ပိုရှည်တယ်ဆိုတဲ့ အချက်ပါပဲ။

အထူးသဖြင့် အရမ်းစပ်တဲ့ ငရုတ်သီးတွေကို ခံတွင်းတွေ့သူတွေဟာ တခြားသူတွေထက် နေထိုင်ရမယ့် သက်တမ်း ပိုရှည်တယ်ဆိုတာ သက်သေပြလိုက်နိုင်ပါပြီ။ ငရုတ်သီးကို စူပါတန်းဝင် အစားအစာအဖြစ် တရားဝင် အသိမှတ်ပြုထားတာမျိုး မရှိပေမယ့် ငရုတ်သီးရဲ့ စွမ်းအားကြာင့် ကိုယ်အလေးချိန် လျော့ကျတာ၊ ကိုယ်ခံစွမ်းအား ကောင်းတာ၊ အန်ထော်ဖင်းဓာတ်ကို လှုံ့ဆော်ပေးနိုင်တာကိုတော့ လက်ခံကြပါတယ်။

အခုနောက်ဆုံး ထွက်ရှိလာတဲ့ လေ့လာချက်မှာတော့ အသက်ပိုရှည်စေတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းလိုက်ပါပြီ။ ဗားမွန့်တက္ကသိုလ်၊ ဆေးပညာဌာနက သုတေသီတွေဟာ အစပ်ကဲတဲ့ ငရုတ်သီးကို ပုံမှန်စားတဲ့သူတွေဟာ အရွယ်မတိုင်ခင် သေဆုံးမှု ၁၃ ရာခိုင်နှုန်းထိ လျော့ကျတယ်လို့ ဆိုပါတယ်။

သုတေသန ပြုလုပ်ခဲ့တာဟာ ရိုးရိုး ငရုတ်သီးထက် အစပ်ကဲတဲ့ ငရုတ်သီးမှာပါတဲ့ ဓာတ်က လျော့ချနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုတ်တရက် နှလုံးခုန် ရပ်ခြင်းနဲ့ လေဖြတ်ခြင်းကိုပါ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

ထွက်ရှိလာတဲ့ ရလဒ်ဟာ အမေရိကန်လူမျိုး ၁ သောင်း ၆ ထောင်ကျော်ကို ၂၃ နှစ်ကြာ သုတေသနလုပ်ရာက ထွက်လာတဲ့ ရလဒ်တခုလည်း ဖြစ်ပါတယ်။ ပါဝင်ခဲ့ကြတဲ့သူတွေကို ငရုတ်သီးတောင့် နေ့စဉ် ပုံမှန် စားခိုင်းခဲ့ပြီး အခုလိုရလဒ် ထွက်ရှိလာတာပါ။

၂၃ နှစ်အကြာ ပုံမှန်စားလာတဲ့သူတွေဟာ မစားတဲ့သူတွေထက် သေဆုံးမှုနှုန်း ၂၁ ဒဿမ ၆ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ထွက်လာတဲ့ ရလဒ်တွေကို အသေးစိတ် ပြန်ကြည့်တဲ့အခါ ဘယ်အချက်တွေကြောင့် အသက်ပိုရှည်စေတယ် ဆိုတဲ့အချက်ကို အတိအကျ မထောက်ပြနိုင်ပေမယ့် ငရုတ်သီးမှာပါတဲ့ မူလဓာတ်ပစ္စည်း Capsaicin ကြောင့်လို့ သုံးသပ်ကြပါတယ်။ Capsaicin ဟာ အစာခြေစနစ်ကို အထောက်အကူပြုတာကြောင့် အစာကြေလွယ်ပြီး ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။

နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့အပြင် အဝလွန်ရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် နောက်တခါ ငရုတ်သီးအစပ်တွေ စားမယ်ဆိုရင် စိုးရိမ်စရာ မလိုဘဲ ကိုယ်စိတ်ကြိုက်စားနိုင်ပြီပေါ့။

ငရုတ်သီးအစပ်လို့ ဆိုတဲ့အခါ မှိုအန္တရာယ်များတဲ့ ငရုတ်ခြောက်တွေထက် လတ်လတ်ဆတ်ဆတ် ငရုတ်သီးအစိမ်းပဲ စားကြဖို့ တိုက်တွန်းချင်ပါတယ်။ ငရုတ်သီး အစားများတဲ့အခါ ဗိုက်နာတာမျိုး မဖြစ်အောင် မစားခင် မီးအပူပေးတာဖြစ်ဖြစ်၊ ရေနွေးပွက်ပွက် ဆူတဲ့ထဲ ထည့်ပြုတ်တာဖြစ်ဖြစ် လုပ်ပြီးမှ စားတာ ပိုသင့်တော်ပါတယ်။
sweaysone

No comments:

Post a Comment