Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 26, 2019

ကန္ေဘာင္မွ စည္ပင္ဝန္ထမ္းေတြအတြက္ ထမင္း၊ဟင္းေတြ ခ်က္ေကၽြးခဲ့တဲ့ ေဖြးေဖြး


ေဖြးေဖြးက သူကိုယ္တုိင္ ခ်က္ထားတဲ့ သီးစုံပဲကုလားဟင္း၊ ဘဲဥ၊ ငါးဖယ္ဟင္းေတြကုိ လွဴမယ္လုိ႔ ဆုိပါတယ္။ ပရိသတ္ေတြကလည္း ေဖြးေဖြးရဲ႕ ဟင္းခ်က္လက္ရာေလးကုိ စားခ်င္မိတယ္လုိ႔ ေျပာခဲ့ပါတယ္။

ေဖြးေဖြးက သူတုိ႔အိမ္နားက ကန္ေဘာင္အလွကုိထိန္းသိမ္းေပးေနၾကသူေတြအတြက္ ကုိယ္တုိင္ ဟင္းခ်က္ၿပီးလွဴမယ္လုိ႔ဆုိပါတယ္။ တကယ္ကုိ စားခ်င္စရာေကာင္းေအာင္ ခ်က္ထားတာပါပဲ ေဖြးရယ္။

‘’ဘဲဥ၊ ငါးဖယ္၊ သီးစံုပဲကုလားဟင္း၊ ေဖြးတို႔ အိမ္နားက ကန္ေဘာင္က ျမက္ႏႈတ္ၿပီးကန္ေဘာင္အလွ ထိန္းသိမ္းေပးတဲ့ အဖြားေတြ အေဒၚေတြ ကေလးေတြ ဦးေလးေတြ အတြက္ လွဴဖုိ႔ အိုင္ကေတာ့ ထံုးစံအတိုင္း ငရုတ္သီးျဖဴးပါတယ္။ ရွလြတ္။ Video ကို Comment တြင္ၾကည့္ပါ’’ ဆိုၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ဇြန္လ ၂၆ ရက္ေန႔ ေန႔လယ္ ၁၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ေဖြးေဖြးရဲ႕ ခ်စ္ပရိသတ္ေတြကေတာ့ Comment ကေနတဆင့္ အားေပးခ်စ္ခင္ၾကတဲ့ အေၾကာင္းေတြ ေျပာျပခဲ့ပါတယ္။ ေဖြးေဖြးကုိယ္တုိုင္ ဟင္းေမႊေနတဲ့ ဗီဒီယုိဖုိင္ကုိလည္း Comment မွာ ျပခဲ့တာေၾကာင့္ အရမ္းကုိ စားခ်င္စရာေကာင္းတယ္လုိ႔ ပရိသတ္ေတြက ဆုိပါတယ္။ ေဖြးေဖြးဟာ ရုပ္ရွင္ဇာတ္ကားေတြ ဆက္တုိက္ရုိက္ကူးေနရေပမယ့္ အားတဲ့အခ်ိန္မွာေတာ့ မိသားစုကုိ ကူညီေပးေနတာ ေတြ႔ရပါတယ္။
ေဖြးေဖြးဟာ ၂၀၁၈ခုႏွစ္အတြက္ အမ်ိဳးသမီးဇာတ္ေဆာင္ဆုနဲ႕ ဆိုရင္ အကယ္ဒမီ (၃)ဆုကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ ပရိသတ္ရဲ႕ လက္ခံအားေပးမႈကို ရရွိထားသူ သူမဟာ ၂၀၁၂ခုႏွစ္တြင္ လက္ပံ ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့သလို၂၀၁၅ ခုႏွစ္မွာေတာ့ ကၽြန္မက ႏွင္းဆီပါေမာင္ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထားႏိုင္ခဲ့ပါတယ္။ ၂၀၁၈ ခုနွစ္အတြက္ အေကာင္းဆုံးအမ်ဳိးသမီး ဇာတ္ေဆာင္ဆုအျဖစ္ ေရႊၾကာရုပ္ရွင္ကားႀကီးနဲ႔ ထပ္မံရရွိခဲ့ပါတယ္။
Duwun

Unicode Version

ဖွေးဖွေးက သူကိုယ်တိုင် ချက်ထားတဲ့ သီးစုံပဲကုလားဟင်း၊ ဘဲဥ၊ ငါးဖယ်ဟင်းတွေကို လှူမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့ ဟင်းချက်လက်ရာလေးကို စားချင်မိတယ်လို့ ပြောခဲ့ပါတယ်။



ဖွေးဖွေးက သူတို့အိမ်နားက ကန်ဘောင်အလှကိုထိန်းသိမ်းပေးနေကြသူတွေအတွက် ကိုယ်တိုင် ဟင်းချက်ပြီးလှူမယ်လို့ဆိုပါတယ်။ တကယ်ကို စားချင်စရာကောင်းအောင် ချက်ထားတာပါပဲ ဖွေးရယ်။

‘’ဘဲဥ၊ ငါးဖယ်၊ သီးစုံပဲကုလားဟင်း၊ ဖွေးတို့ အိမ်နားက ကန်ဘောင်က မြက်နှုတ်ပြီးကန်ဘောင်အလှ ထိန်းသိမ်းပေးတဲ့ အဖွားတွေ အဒေါ်တွေ ကလေးတွေ ဦးလေးတွေ အတွက် လှူဖို့ အိုင်ကတော့ ထုံးစံအတိုင်း ငရုတ်သီးဖြူးပါတယ်။ ရှလွတ်။ Video ကို Comment တွင်ကြည့်ပါ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။



ဖွေးဖွေးရဲ့ ချစ်ပရိသတ်တွေကတော့ Comment ကနေတဆင့် အားပေးချစ်ခင်ကြတဲ့ အကြောင်းတွေ ပြောပြခဲ့ပါတယ်။ ဖွေးဖွေးကိုယ်တိုင် ဟင်းမွှေနေတဲ့ ဗီဒီယိုဖိုင်ကိုလည်း Comment မှာ ပြခဲ့တာကြောင့် အရမ်းကို စားချင်စရာကောင်းတယ်လို့ ပရိသတ်တွေက ဆိုပါတယ်။ ဖွေးဖွေးဟာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရပေမယ့် အားတဲ့အချိန်မှာတော့ မိသားစုကို ကူညီပေးနေတာ တွေ့ရပါတယ်။



ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။
Duwun

No comments:

Post a Comment