Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 26, 2019

ပိုက်ဆံရှိလို့ဆိုပြီး ဆရာတွေအပေါ် မောက်မာရိုင်းစိုင်းတဲ့ ကျောင်းသူလေးကို ကြိမ်နဲ့ဆော်တဲ့ဆရာ



ဆရာဖြစ်သူကို သတင်းမီဒီယာတွေက ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အဆိုပါ ကျောင်းသူက သူ့ကို ” အခြောက်ကြီး၊ ဂန္ဓူးကြီး၊ မိန်းမလို မိန်းမရလူကြီး “လို့ ကျောင်းသားတွေရဲ့ရှေ့မှာ ပက်ပက်စက်စက် ဆဲခဲ့ပါသတဲ့။ ကျောင်းသားတွေကို မေးမြန်းတဲ့အခါမှာလည်း ကျောင်းသူဘက်က ဘယ်သူမှ မရပ်တည်ကြပါဘူး။
သူတို့ပြောတဲ့ သတင်းစကားအရ ကာယကံရှင်ကျောင်းသူဟာ သူတို့ရပ်ကွက်မှာ ငွေရေးကြေးရေး အလွန်တောင့်တင်းသူတစ်ယောက်ဖြစ်ပြီး၊ ဆရာတွေကိုလည်း ဆရာမှန်း မသိကြောင်း၊ ကျောင်းသားကျောင်းသူအချင်းချင်းပေါ်မှာလည်း မတူသလို မတန်သလို ဆက်ဆံပြီး၊ မောက်မာရိုင်းစိုင်းသူဖြစ်ကြောင်း ဆိုပါတယ်။

အခုအခါမှာတော့ မလေးလူမှုကွန်ရက်ပေါ်မှာ ဆရာရဲ့အပြစ်ပေး အရေးယူမှုကို ဝိုင်းဝန်းထောက်ခံနေကြပြီး၊ လူတစ်ယောက်က ” ကျွန်တော်တို့ အချိန်တုန်းက ကျွန်တော့်ကို ဒီလို ကြိမ်နဲ့ အသေဆော်တာ ခံရဖူးတယ် … တကယ်တော့ ဒါဟာ ကျွန်တော်တို့ရဲ့ ရိုင်းပြမှုအတွက် ဒဏ်ခပ်တာပါဘဲ … “လို့ ရေးခဲ့ပါတယ်။



အခြားတစ်ဦးကတော့ ” မိဘတွေက ကလေးတွေကို ယဉ်ကျေးလိမ္မာအောင် မဆုံးမနိုင်တဲ့အခါ ဆရာတွေမှာ အပြည့်အဝ တာဝန်ရှိတယ် … ကိုယ့်ကလေးကို မလိမ္မာစေချင်ရင် … ဒါမှမဟုတ် မတတ်စေချင်ရင် ကျောင်းမထားနဲ့လေ .. ရှင်းရှင်းလေးပဲ “လို့ ရေးခဲ့ပါတယ်။

ကျောင်းသူရဲ့မိခင်က ဗွီဒီယိုမှတ်တမ်းမှာ “ရှင်က ဆရာလေ … ရှင်က သန်မာတယ် … သမီးကို ဒီလို အနိုင်ကျင့်တာက ဆရာကျင့်ဝတ်နဲ့ ညီရဲ့လား … ကြည့်စမ်းပါဦး ရှင်ရိုက်တာ ဘယ်လောက်ဆိုးလဲဆိုတာ … ဒီမှာ အရှိုးရာတွေ “လို့ ပြောခဲ့ရာ ဆရာက-



” ဒီမယ် … ခင်ဗျားသမီးကို ခင်ဗျား မေးပြီးပြီလား … ကျောင်းသူတစ်ယောက် ဖြစ်နေပြီး ဆရာအပေါ်မှာ ဘယ်လို မောက်မာရိုင်းစိုင်းခဲ့တယ်ဆိုတာ … “လို့ ပြောတော့ အဒေါ်ဖြစ်သူလို့ ယူဆရသူအမျိုးသမီးက ” ဒါပေမယ့် ရှင့်ကို သူ တောင်းပန်ခဲ့တယ်လေ … ခဏခဏ တောင်းပန်ခဲ့တယ် .. ဘယ်နှစ်ကြိမ် တောင်းပန်စေချင်တာလဲ “လို့ ဖြတ်မေးပါတယ်။



ဆရာဖြစ်သူက ” ရိုက်ပြီးမှ တောင်းပန်တာ … ဒါတောင် တစ်ခြားကျောင်းသူတွေက တောင်းပန်ခိုင်းမှ … “လို့ ပြောခဲ့ပါတယ်။ ကျောင်းသူနဲ့ သူမရဲ့မိဘတွေကတော့ ဒီကိစ္စကို မကျေနပ်လို့ ဆရာ့ကို တရားဥပဒေအရ အရေးယူမယ်လို့ ဆိုနေပါတယ်။ ဒါပေမယ့် ဆရာ့ကိုတော့ ပြည်သူတွေက ထောက်ခံနေပါတယ်။ အမည်တွေကိုတော့ ဖော်ပြထားခြင်းမရှိပါ။

နေသူရိန် (D Khit Media)

source : World Of Buzz

Unicode Version

မလေးရှားနိုင်ငံမှာ အဟော့ဆုံးသတင်းတစ်ခုကတော့ ကျောင်းသူတစ်ယောက်ကို ဆရာက ကြိမ်နဲ့ ပြင်းပြင်းထန်ထန် ဆော်ပလော်တီးခဲ့တဲ့အဖြစ်ပါ။ အရင်ဆုံး သတင်းစဖြန့်သူကတော့ ကျောင်းသူကိုယ်တိုင်ဖြစ်ပြီး၊ သူမကို ဆရာက ရိုက်တဲ့အကြောင်း၊ တရားစွဲပြီး ဆရာကို ထောင်ချပစ်မယ်လို့ လူမှုကွန်ရက်မှာ ဆိုထားပါတယ်။


No comments:

Post a Comment