Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 8, 2019

လျှာကင်ဆာ ..အမေအို နှင့်..တက္ကသိုလ်က ..ရဟန်းပျို..(ဖတ်ရင်း..စိတ်မကောင်းဖြစ်မိတယ်)




အတွေး ……… များစွာ









မဟုတ်ပါလား …… ။


ထိုအမေအိုကိုပေါ့

ဖန်ခါးမြေအရှင်
ဦးခေမိန္ဒ

Unicode >>>

က ရု ဏာရှိသူမှန်ပါက ဒီပို့စ်အားကျော်မသွားနဲ့

ဦးေ ခ မိန္ဒ ……… ဦးခေမိန္ဒသည် ရဟန်းငယ်တစ်ပါးပီပီဘဝကိုမခံချင်တဲ့စိတ်ဖြင့် စာကိုအလွန်ကြိုးစားသူ ရဟန်းလည်းဖြစ်သလို၊ ကိုယ်ဒူးကိုယ်ချွန်ပြီးလည်း

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် [ရန်ကုန်]ကိုလည်း တက်နေသည့်ရဟန်းလည်းဖြစ်၏၊

တေ န့ …… တက္ကသိုလ်ကနေချမှတ်ပေးလိုက်သည့်ပြဌာန်းစာကို သဲသဲမဲမဲလေ့လာကျက်မှတ်နေသည်နေ့ဆွမ်းဘုဉ်းပေးပြီး သူငယ်ချင်းရဟန်းတွေကျိန်းစက်နေပေမယ့်လည်း သူကားမကျိန်းစက်နိုင်

ပေးထားသည့်စာကိုမရသေးလို့သာဖြစ်၏ထိုအချိန်တွင် …… ကလင် ကလင်

ဟူ၍ဖုန်းဝင်လာသည် ဖုန်းကောဝင်လာသော်လည်းစာကအရေးကြီးသည်မို့အသံလာတဲ့ဆီဖုန်းဆီသို့စိတ်မဝင်စားချင်သေး ထို့နောက် ထိုဖုန်းကား

ခ ဏ ခဏဆိုသလိုဝင်လာတာကြောင့်ကျိန်းစက်သည့်ရဟန်းများကို အာနာလာတာနဲ့ဖုန်းအသံလာရာဆီသို့ထသွားကာဘယ်သူများလည်းကြည့်လိုက်တော့ ?မေမေ …… တဲ့ ။

စာ ကို ကျက်မှတ်နေသည့်စိတ်တောင်ဘယ်ရောက်သွားမှန်းမသိ အကြောင်းကား ……တစ်ခါမှ ဒီလောက်ဖုန်းကောအများကြီးကို

မခေါ်စဖူး အခေါ်ထူးလို့သာဖြစ်၏အရင်ကဆိုရင် တစ်ခါသာခေါ်လို့မရရင်ဆက်၍မခေါ်သော အမေ၊ယနေ့ကား အဘယ့်ကြောင့် အကြိမ်ပေါင်းမနည်းခေါ်၍နေသနည်း ဦးခေမိန္ဒသည် စိတ်ထဲ၌

အတွေး ……… များစွာ

ထို အေ တွး များစွာနဲ့အတူတောရွာမှာနေတဲ့ အမေ့ဆီကို ချင်ခြင်းပဲချက်ခြင်းပဲ ဖုန်းခေါ်လိုက်တော့အမေ့အသံကား အရင်လိုမဟုတ်ဝမ်းနည်းသည့်အသံ အားကိုးရှာသည့်အသံနဲ့သားရေ …… တဲ့

အခွင့်ရလို့ရှိရင်လေရွာက အမေ့ဆီကိုလာလို့ရမလားတဲ့လေ …… ။

ရပ ါတယ်အမေလို့သာပြောလိုက်၏တကယ်တော့ တက္ကသိုလ်ဆိုတာစည်းကမ်းတွေအလွန်များပြားပြီးနေရာဋ္ဌာနတစ်ခု၊နောက်တစ်ခါ ထွက်ချင်တိုင်းထွက်လို့မရသလို

ဝင်ချင်တိုင်းလည်း ဝင်ခွင့်မရသော နေရာလည်းဖြစ်၏ရပါတယ် အမေလို့ပြောလိုက်ရခြင်းမှာစာပဲကြိုးစားနော် …… သားအခွင့်ရမှသာပြန်လာခဲ့ပါလို့ဆိုဆိုနေတဲ့

ဒီအမေက တစ်ခါမှလည်း ပြန်လာခဲ့ပါဦးလို့မခေါ်ဖူးသလို အမေ့ရဲ့အသံကလည်းထူးခြားနေလို့လည်းဖြစ်၏ ……

ရွာနဲ့အမေ့အိမ်ကိုရောက်တော့အရင်နေ့တွေကလို အမေသည်သားမောင်ဦးဇင်းပြန်လာတာတောင်အိမ်ရှေ့ကနေ အပြုံးလေးနဲ့ပေါ့သားပြန်လာပီလားတောင်

ထွက်ပြီးကြိုဆိုတာမတွေ့ရတော့ အမေသည် အိပ်ယာထဲမှာ ခွေခွေလေး …… ။

ခရီ းဆောင်အိပ်လေးနဲ့အိမ်ထဲဝင်လာတဲ့သားကိုအမေမြင်တော့ အားအင်မပြည့်တဲ့အပြုံးလေးနဲ့အမေအားယူပြုံးပြီး သားပြန်လာပီလား ……

တဲ့ဟုတ်ကဲ့ အမေ သားပြန်လာပါပီလို့သာဖြေလိုက်ရပေမယ့် ဦးခေမိန္ဒရဲ့ရင်ထဲမှာတော့

အိမ်အပြင်ထွက်ပြီး အရင်လိုမကြိုဆိုကတည်းကဝမ်းနည်းနေတာ အမေ့ရဲ့အခြေ အမေ့ရဲ့အနေထားပြောင်းလဲနေတော့ ဝမ်းနည်းတဲ့အသံကိုထိန်းချုပ်ပြီး အမေရယ်…… အခုအမေ့သားကြီးအမေ့ရှေ့ရောက်နေပါပီလို့ဖြေလိုက်ရသည်။

သားရဟန်းကိုတွေ့တော့ အမေဖြသူသည်သားရေ …… တဲ့ အမေဘာပဲစားစားလျှာက အရသာမပေးတော့ဘူးတဲ့ဖြစ်နေတာကြာပီတဲ့ အမေ့ရဲ့လျှာကိုဒီမြို့မှာမပြတော့ပဲ တစ်ခြားနေရာကိုပြချင်ပါတဲ့လေ ……

အမေ့ရဲ့ရင်ဖွင့်သံကြားလိုက်ရသောသားဖြစ်သူ ဦးခေမိန္ဒ၏ဦးခေါင်းကိုမိုးကြိုးပစ်ချသွားသလိုထူပူသွားသည်အကြောင်းကား တက္ကသိုလ်တက်နေသည့်ရဟန်းမို့ပိုက်ဆံလုံးဝရှိမနေလို့သာဖြစ်၏ ၊

သူတာဝန်ယူရပေမည် အိမ်မှာကား …… သူကအကြီးဆုံးသားဖြစ်နေလို့သာဖြစ်၏အကိုကြီးတော့ အဖရာဆိုသလို သူ့မှာတာဝန်းအပြည့်ဝရှိနေသည်၊ခရီးဆောင်အိပ်ထဲကပိုက်ဆံကိုရေတွက်ကြည့်တော့

တစ်သောင်းသောင်းကျော်ကျော်သာဒါ့ကြောင့် …… သူငယ်ချင်းတွေဆီကငွေချေးပြီး နေပြည်တော် ကုဋင်၁၀၀၀ပြကြည့်တော့ဆရာဝန်ဖြစ်သူတွေက ဦးဇင်းရေ …… တဲ့

ဦးဇင်းအမေက လျှာကင်ဆာဖြစ်နေတာတဲ့

ဒုန်း…… ဆို ရင်ထဲအောင့်သွားသလိုအမေဖြစ်တဲ့သူလည်း ဆရာဝန်ရဲ့ပြောစကားကိုကြားလိုက်ရတော့ မျက်နာက အရင်ကထက်သေးငယ်ပြီး ထိုဆရာဝန်ရဲ့ရှေ့မှာပင်အမေသည် သာရဟန်းဖြစ်တဲ့ဦးခေမိန္ဒရဲ့

လက်တစ်စုံကို အမှတ်မထင်ပဲ သားဖြစ်သူဦးခေမိန္ဒရဲ့မျက်ကိုကြည့်ကာ စုတ်ကိုင်မိသွားသည်မရည်ရွယ်ပေမယ့်လည်း သေရေရှင်ရေးနဲ့ပတ်သက်လာရင် နီးသူကိုအားကိုးစမြဲသာ

မဟုတ်ပါလား …… ။

ဦးခေမိန္ဒသည် …… အမေ့ရဲ့လက်ကိုပြန်စုတ်ကိုင်ကာ အားပေးစကားအဖြစ်ပြန်ပြောလိုက်သော စကားတစ်ခွန်းမှာအမေ …… ဘာမှအားမငယ်နဲ့သားတို့ဘေးနာမှာ ဘယ်သူမှမရှိပေမယ့်

အမေ့အနားမှာ အမေ့သားရှိပါတယ် ……တဲ့လေဒါ့ကြောင့် သားလူထွက်ပြီးလုပ်အားခနဲ့ဆေးကုမယ် …… တဲ့

ဒါ့ကြောင့် …… ယခု ဤစာမူဖတ်သူကိုပြေးကာဖတ်၍အားကိုးမိပါ၏ရဟန်းရှားပါးတဲ့ ဒီခေတ်ကြီးထဲမှာသင့်ရဲ့ရှေ့ရဟန်းတစ်ပါး သာသနာကနေဆုံးရှုံးနေတာ ထိုင်ကာကြည့်နေတော့မှာလားလျှာကင်ဆာဖြစ်နေတဲ့

ထိုအမေအိုကိုပေါ့

ကရုဏာ သနားတဲ့စိတ်မဖြစ်မိဘူးလားဤစာရေးသူအပါဝင် နိုင်သလောက်ဖြင့်ဝိုင်းဝန်းပြီးခြံရံကြပါကုန်စို့အထူးမေတ္တာရပ်ခံအပ်ပါသည်။

ဖန်ခါးမြေအရှင်

ဆက်သွယ်လှူဒါန်းရန်လိပ်စာ

ဦးခေမိန္ဒ

မကွေးတိုင်း/တောင်တွင်းကြီး /ငမင်ရွာ

09799674166 09267597197

No comments:

Post a Comment