ဘုရားစူး
ဟုတ္ကဲ႔ခင္ဗ်ား ဒါဟာေက်ာင္းပါ
ေက်ာင္းသားတစ္ရာေက်ာ္ သင္တဲ႔ေက်ာင္း
မယံုမရိွနဲ႔ ဆရာ၃ေယာက္နဲ႔ အတန္း ၅တန္းသင္တယ္
ခံုတန္းလား သစ္၂ျပားကို အုန္းတံုးေပၚတင္ရင္ခံုတန္းျဖစ္တယ္..
စာေရးကိရိယာလား.. ေက်ာင္းအုပ္နဲ႔က်ေနာ္စုေပါင္းလႉေနၾက..
ဤခရီးနီးသလား ဟုတ္လား
တနသၤာရီကေလွနဲ႔သြားရင္ ၂ရက္ခရီးနီးပါး
ဆရာေတြ ဘယ္လိုသြားသလဲေမးၾကမယ္
ေရတံခြန္နီးပါး ေရစီးသန္တဲ႔ျမစ္မွာကိုယ္တိုင္ေလွေမာင္း
တစ္ခုခုျဖစ္ရင္ ကိုယ္႔ထိုက္ကိုယ္႔ကံဘဲ႔
ေက်ာင္းသစ္မေတာင္းဘူးလားေမးၾကမယ္
က်ေနာ္နဲ႔အတူအသစ္က်တယ္ အခုထိအစအနမေတြ႔
နာမည္ေတာ႔ႀကီးတယ္ ဥပဓိမေကာင္းတဲ႔ေက်ာင္းတဲ႔
က်ေနာ႔ေက်ာင္းလဲပါေပမဲ႔ သူ႔ထက္ေတာ႔ေကာင္းေသးတယ္
ဘယ္မွာလည္း တန္းတူညီမ်ွမႈ ၊ဘယ္မွာလည္းမ်ွတမႈ ဘယ္မွာလည္းကိုယ္ခ်င္းစာမႈ..
တစ္ခုေတာ႔ေမတၱာရပ္ခံပါရေစလားဗ်ာ
လူျမင္ေကာင္းေအာင္ လူႀကီးျမင္ေကာင္းေအာင္လည္းလုပ္ပါ
လူႀကီးမေရာက္တဲ႔ေနရာေတြလည္းေကာင္းေအာင္လုပ္ေပးၾကပါလားဗ်ာ…သူတို႔လည္းလူသားေတြပါ
ပရဟိတစိတ္ရိွေသာအလႉ႐ွင္မ်ားသို႔
ေရနည္းရာမိုးရြာေပးပါ၊ မျပည္႔တဲ႔အိုးကိုျဖည္႔ေပးၾကပါလို႔
ေဒသခံမဟုတ္ပါဘဲ ေဝးလံေခါင္ဖ်ားေနရာတြင္တာဝန္ထမ္းေဆာင္ေနေသာ
တနသၤာရီၿမိဳ႕နယ္၊ကင္းနီကြၽန္းေက်ာင္းအုပ္ႀကီးအား ကိုယ္ခ်င္းစာ ၍တင္ျပျခင္းသာျဖစ္သည္။
ဦးမင္းျပည္႔စိုး
မူအုပ္
အ.မ.က. ဘန္းျပည္႔အေ႐ွ႕ ၊တနသၤာရီၿမိဳ႕နယ္
Unicode
ဘုရားစူး
ဟုတ်ကဲ့ခင်ဗျား ဒါဟာကျောင်းပါ
ကျောင်းသားတစ်ရာကျော် သင်တဲ့ကျောင်း
မယုံမရှိနဲ့ ဆရာ၃ယောက်နဲ့ အတန်း ၅တန်းသင်တယ်
ခုံတန်းလား သစ်၂ပြားကို အုန်းတုံးပေါ်တင်ရင်ခုံတန်းဖြစ်တယ်..
စာရေးကိရိယာလား.. ကျောင်းအုပ်နဲ့ကျနော်စုပေါင်းလှူနေကြ..
ဤခရီးနီးသလား ဟုတ်လား
တနင်္သာရီကလှေနဲ့သွားရင် ၂ရက်ခရီးနီးပါး
ဆရာတွေ ဘယ်လိုသွားသလဲမေးကြမယ်
ရေတံခွန်နီးပါး ရေစီးသန်တဲ့မြစ်မှာကိုယ်တိုင်လှေမောင်း
တစ်ခုခုဖြစ်ရင် ကိုယ့်ထိုက်ကိုယ့်ကံဘဲ့
ကျောင်းသစ်မတောင်းဘူးလားမေးကြမယ်
ကျနော်နဲ့အတူအသစ်ကျတယ် အခုထိအစအနမတွေ့
နာမည်တော့ကြီးတယ် ဥပဓိမကောင်းတဲ့ကျောင်းတဲ့
ကျနော့ကျောင်းလဲပါပေမဲ့ သူ့ထက်တော့ကောင်းသေးတယ်
ဘယ်မှာလည်း တန်းတူညီမျှမှု ၊ဘယ်မှာလည်းမျှတမှု ဘယ်မှာလည်းကိုယ်ချင်းစာမှု..
တစ်ခုတော့မေတ္တာရပ်ခံပါရစေလားဗျာ
လူမြင်ကောင်းအောင် လူကြီးမြင်ကောင်းအောင်လည်းလုပ်ပါ
လူကြီးမရောက်တဲ့နေရာတွေလည်းကောင်းအောင်လုပ်ပေးကြပါလားဗျာ…သူတို့လည်းလူသားတွေပါ
ပရဟိတစိတ်ရှိသောအလှူရှင်များသို့
ရေနည်းရာမိုးရွာပေးပါ၊ မပြည့်တဲ့အိုးကိုဖြည့်ပေးကြပါလို့
ဒေသခံမဟုတ်ပါဘဲ ဝေးလံခေါင်ဖျားနေရာတွင်တာဝန်ထမ်းဆောင်နေသော
တနင်္သာရီမြို့နယ်၊ကင်းနီကျွန်းကျောင်းအုပ်ကြီးအား ကိုယ်ချင်းစာ ၍တင်ပြခြင်းသာဖြစ်သည်။
ဦးမင်းပြည့်စိုး
မူအုပ်
အ.မ.က. ဘန်းပြည့်အရှေ့ ၊တနင်္သာရီမြို့နယ်
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, May 8, 2019
ဘုရားစူး ဟုတ္ကဲ႔ခင္ဗ်ား ဒါဟာေက်ာင္းပါ ေက်ာင္းသားတစ္ရာေက်ာ္ သင္တဲ႔ေက်ာင္း
ဘုရားစူး ဟုတ္ကဲ႔ခင္ဗ်ား ဒါဟာေက်ာင္းပါ ေက်ာင္းသားတစ္ရာေက်ာ္ သင္တဲ႔ေက်ာင္း
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 08, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
May 08, 2019
Rating: 5
Subscribe to:
Post Comments (Atom)












No comments:
Post a Comment