Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 8, 2019

သမ္မတကြီးသိပါစေ . . .


ခု စစ်ကိုင်းတိုင်း ကလေးမော်လိုက်အကျဉ်းထောင်မှာ ဆူပူမှု ဖြစ်ပွားနေတယ်တဲ့။ မနေ့ကလည်း အင်းစိန် အမျိုးသမီးထောင်မှ အစာငတ်ခံပြကြတယ်လို့ကြားတယ်။

ဖြစ်မှာပဲ။ လက်ရှိအချိန်ထိ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာမှာ လိုအပ်ခ်ျကတွေရှိသေးတယ်လို့ မြင်တယ်။ ထပ်လွှတ်ပေးအုံးမှာဆိုရင်တော့ တစ်မျိုးပေါ့။

ဘာလို့လဲဆိုတော့ မနေ့ကကို ကျနော်ဆီလာ အကူအညီတောင်း ပြောပြသူ ၄ ဦးရှိတယ်။ အတူတူခြင်းကို လွတ်တဲ့သူလွတ် သူတို့လူတွေကြတော့ မလွတ်လို့တဲ့။

(ဥပမာ မူးယစ်ဆေးဝါးနဲ့ ကျနေတာခြင်း အတူတူ ကျနော်တို့ မန်းလေးက အကယ်ဒမီနောင်နောင် နောက် ဘုန်းလျှံဆိုတဲ့ မင်းသားတို့ မလွတ်သေးဘူးတဲ့)

ဒီနေရာမှာ ပြောချင်တာက ခုလိုဖြစ်တာမှာ သမ္မတကြီးမှာ အပြစ်မရှိဘူးလို့မြင်တယ်။

သမ္မတကြီးက ဘယ်သူတွေ ကျနေတယ်သိတာမဟုတ်သလို။ ဘယ်သူတွေလွှတ်လို့ ပြောဖို့လည်း အကုန်သိမှာမဟုတ်ဘူးလေ။

အောက်ကထောင်ပိုင်တွေ အကျဉ်းဦးစီးဌာနက တင်ပြတဲ့သူတွေပဲ လွှတ်ပေးမှာပဲ။

အဲ့တော့ ဘယ်သူတွေလွတ်သင့်တယ်လို့ တင်ပြတဲ့ အောက်ကလူတွေက ဒီအပေါ်မှာ မှန်ကန်မျှတမှုရှိဖို့လိုတယ်။ ကိုယ်လုပ်ပိုင်ခွင့်ကို အသုံးချ အဂတိမလိုက်စားဖို့လိုတယ်။

မနေ့က ကျနော်ကိုလာအကူအညီတောင်းတဲ့အထဲက အောက်မှာဖော်ပြထားတဲ့ ထောင်ကျနေသူပဲကြည့် မူးယစ်ဆေးဝါးမှုနဲ့ထောင်ကျနေတာ။ ထောက်လှမ်းရေးခေတ်က လုပ်ကြံခံရတာတဲ့။ ထားပါတော့ အဲ့ဒါက ဘာမှလုပ်မရတော့ပါဘူး။

ထောင်ထဲမှာ ၂၁ နှစ်နေပြီးပြီ။ အစိုးရသုံးဆက်ရှိပြီ။ ခုထိ မလွတ်သေးဘူး။ လူသတ်မှုလည်းမဟုတ်ဘူး။ သမ္မတကြီးဆီလည်း အကြိမ်ကြိမ် အသနားခံစာတင်တယ်။ မထူးဘူး။

မနေ့ကလွတ်မလားသွားကြည့်တယ် မလွတ်ဘူး။ သူ့တို့အဖေကပြောတယ်တဲ့။ အဖေ ၂၁ နှစ်ကြီးတောင်နေပြီးပြီ သူများတွေ လွတ်သွားကြပြီးငါ့ကြတော့ ဘာလို့ကျန်နေတာလဲတဲ့။ ကျန်းမာရေးကလည်းမကောင်းဘူး။ သေရင်တောင် အပြင်မှာပဲ မိသားစုနဲ့ သေချင်တယ်တဲ့။

သူတို့ပြောတာကြည့် တကယ်စိတ်မကောင်းဖြစ်သွားတယ်။

ထောင်ထဲမှာကလည်း ၃ ပုံ ၂ ပုံလောက်က မူးယစ်ဆေးဝါမှုတွေတဲ့။ လွှတ်မယ်ဆို အများကြီးလွှတ်ရမှာတဲ့။

အဲ့တော့ လွှတ်ပေးမယ်ဆိုရင်လည်း တန်းတူညီမျှစွာ စည်းမျဉ်းနဲ့အညီလွှတ်ပေးသင့်တယ်။

ကျနော်ကတော့ သူတို့ကို အကြံပြုလိုက်တယ် ခင်ဗျားတို့လို လူတွေစုပြီး သတင်းစာရှင်းလင်းပွဲလုပ်ကာ သမ္မတကြီးသိအောင်ပြောပြကြလို့။

သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ကျနော်ကူညီမယ် ဖေ့ဘုတ်ပေါ်ကလည်း ဒီအကြောင်း အများသိအောင်တင်ပြပေးမယ်လို့ ပြောလိုက်ပါတယ်။

သမ္မတကြီးသိပါစေ . . .

- ကျော်ကြီး(MDY)






No comments:

Post a Comment