Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 7, 2019

မိန္းမ ဘဝ ျဖစ္ရျခင္းအေၾကာင္း


(ေမး ) အရွင္ဘုရားမိန္းမဘဝ၌
ျဖစ္ရျခင္းသည္ အကုသိုလ္ေႀကာင့္ျဖစ္ရသည္ ။
ကုသိုလ္မလုပ္ ဆုမေတာင္းလ်ွင္ မိန္းမဘဝ ဆက္တိုင္းရေနတတ္သည္ဟု
ေျပာဆိုႀကပါသည္။ ဟုတ္ပါသလား?

တပည့္ေတာ္တို႔ မိန္းမဘဝဆိုတာ အကုသိုလ္ေႀကာင့္ ရတာမွန္ပသလား ? / ေျဖႀကားေပးေတာ္မူပါဘုရား ။

မမီးမီး ( ခ ) အပုေလး
ဗိုလ္တေထာင္ျမိဳ႕နယ္ ။

( ေျဖ ) မိန္းမဘဝ၌ ျဖစ္ရျခင္းသည္ အကုသိုလ္ေႀကာင့္ျဖစ္ရသည္ဆိုေသာ
စကားမွာ အခိ်ဳ႕မွန္ေသာ္လည္း အခ်ိဳ႕မမွန္ပါ။

ေယာက္်ားတစ္ေယာက္သည္
ကာေမသုမိစၧာစာရ ကံကို လြန္က်ဴးမိေသာ္ ထိုကံေႀကာင့္ ငရဲ၌ ၾကာျမင့္စြာခံရ၏ ။

ငရဲမွလြတ္ေသာအခါ ႏြားစေသာတိရစၧာန္ဘဝမ်ိဳး၌ ျဖစ္၍ အသင္းခံရျခင္းမ်ိဳး ဘဝမ်ားစြာ
ျဖစ္ရေသးသည္ ။

ထို႔ေနာက္လူျဖစ္ေသာအခါ နပုံးပ႑ဳက္ ဥဘေတာဗ်ည္း စေသာ ဘဝမ်ိဳး၌
အဖန္ဖန္ျဖစ္၍ ယင္းကံၾကြင္းအရ
မ္ိန္းမဘဝသို႔ ေရာက္ရျပန္သည္ ။

မိန္းမဆိုေသာ္လည္း အဆင့္အတန္းမီဘဝမ်ိဳးမဟုတ္။

အေစာ္ကားခံအတန္းအစား ျပည့္တန္ဆာ ဘဝမ်ားႏွင့္ ကုသိုလ္ကံေပး၍ မိန္းမေကာင္း ျဖစ္ရေသာ္လည္း အိမ္ေထာင္ေရးအတည္မက် လင္ပစ္မ ဘဝမ်ိဳး၌ ျဖစ္ရေလသည္ ။

ဤသို႔ ဘဝတစ္ရာျဖစ္ရသည္ဟု ဆို၏။

အရွင္အာနႏၵာမေထရ္အေလာင္းဝတၳဳ ဣသိဒါသီေထရီအေလာင္းဝတၳဳ တို႔၌ ယင္းအေႀကာင္းထင္ရွား၏။

ယင္းကဲ႔သို႕ေသာ မိန္းမဘဝမ်ိဳးသည္သာ အကုသိုလ္ေႀကာင့္ ျဖစ္ရေသာ ဘဝမိ်ဳးျဖစ္ပါသည္။

မယ္ေတာ္မာယာ
မိေထြးေတာ္ေဂါတမီ
ယေသာ္ဓရာ
ဝိသာခါတို႔ကဲ႔သို႔ေသာ မိန္းမဘဝမ်ိဳးကား အကုသိုလ္ေၾကာင့္ျဖစ္ရသည္မဟုတ္။

ယင္းဘဝမ်ိဳးရရန္ကုသိုလ္အထူးျပဳကာ ဆုေတာင္း၍ ရယူရေပေသးသည္။
အရွင္တိေလာကသာရ(ရေဝထြန္း)

#Unicode Version#
(မေး ) အရှင်ဘုရားမိန်းမဘဝ၌
ဖြစ်ရခြင်းသည် အကုသိုလ်ကြောင့်ဖြစ်ရသည် ။
ကုသိုလ်မလုပ် ဆုမတောင်းလျှင် မိန်းမဘဝ ဆက်တိုင်းရနေတတ်သည်ဟု
ပြောဆိုကြပါသည်။ ဟုတ်ပါသလား?

တပည့်တော်တို့ မိန်းမဘဝဆိုတာ အကုသိုလ်ကြောင့် ရတာမှန်ပသလား ? / ဖြေကြားပေးတော်မူပါဘုရား ။

မမီးမီး ( ခ ) အပုလေး
ဗိုလ်တထောင်မြို့နယ် ။

( ဖြေ ) မိန်းမဘဝ၌ ဖြစ်ရခြင်းသည် အကုသိုလ်ကြောင့်ဖြစ်ရသည်ဆိုသော
စကားမှာ အချို့မှန်သော်လည်း အချို့မမှန်ပါ။

ယောက်ျားတစ်ယောက်သည်
ကာမေသုမိစ္ဆာစာရ ကံကို လွန်ကျူးမိသော် ထိုကံကြောင့် ငရဲ၌ ကြာမြင့်စွာခံရ၏ ။

ငရဲမှလွတ်သောအခါ နွားစသောတိရစ္ဆာန်ဘဝမျိုး၌ ဖြစ်၍ အသင်းခံရခြင်းမျိုး ဘဝများစွာ
ဖြစ်ရသေးသည် ။

ထို့နောက်လူဖြစ်သောအခါ နပုံးပဏ္ဍုက် ဥဘတောဗျည်း စသော ဘဝမျိုး၌
အဖန်ဖန်ဖြစ်၍ ယင်းကံကြွင်းအရ
မိန်းမဘဝသို့ ရောက်ရပြန်သည် ။

မိန်းမဆိုသော်လည်း အဆင့်အတန်းမီဘဝမျိုးမဟုတ်။

အစော်ကားခံအတန်းအစား ပြည့်တန်ဆာ ဘဝများနှင့် ကုသိုလ်ကံပေး၍ မိန်းမကောင်း ဖြစ်ရသော်လည်း အိမ်ထောင်ရေးအတည်မကျ လင်ပစ်မ ဘဝမျိုး၌ ဖြစ်ရလေသည် ။

ဤသို့ ဘဝတစ်ရာဖြစ်ရသည်ဟု ဆို၏။

အရှင်အာနန္ဒာမထေရ်အလောင်းဝတ္ထု ဣသိဒါသီထေရီအလောင်းဝတ္ထု တို့၌ ယင်းအကြောင်းထင်ရှား၏။

ယင်းကဲ့သို့သော မိန်းမဘဝမျိုးသည်သာ အကုသိုလ်ကြောင့် ဖြစ်ရသော ဘဝမျိုးဖြစ်ပါသည်။

မယ်တော်မာယာ
မိထွေးတော်ဂေါတမီ
ယသော်ဓရာ
ဝိသာခါတို့ကဲ့သို့သော မိန်းမဘဝမျိုးကား အကုသိုလ်ကြောင့်ဖြစ်ရသည်မဟုတ်။

ယင်းဘဝမျိုးရရန်ကုသိုလ်အထူးပြုကာ ဆုတောင်း၍ ရယူရပေသေးသည်။
အရှင်တိလောကသာရ(ရဝေထွန်း)

No comments:

Post a Comment