Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 8, 2019

ဆုပန္ထြာက မယားငယ္မဟုတ္ဘူးလို႔ ရွင္းျပလာတဲ့ ကုိဥကၠာေက်ာ္


ဆုပန္ထြာဟာ လြန္ခဲ့တဲ့နွစ္အေတာ္ၾကာကတည္းက ပရိသတ္ေတြအားေပးလက္ခံထားတဲ့မင္းသမီးတစ္လက္ျဖစ္ျပီး အခုအခ်ိန္အထိလည္းေအာင္ျမင္မႈကိုေရရွည္ထိန္းသိမ္းထားနုိင္ဆဲ အနုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ဆုပန္ထြာဟာ ပရဟိတလုပ္ငန္းေတြလည္းလုပ္ျပီး ဒုကၡေရာက္ေနသူေတြကုိ ကူညီတတ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈေတြရထားတဲ့ မင္းသမီးတစ္လက္ဆိုရင္လည္းမမွားပါဘူး။ မၾကာေသးမီက Sunday Journal နဲ႔ အင္တာဗ်ဴးမွာ ဆုပန္ထြာနဲ႔ခင္ပြန္းျဖစ္သူ ကုိဥကၠာေက်ာ္က ေဝဖန္တုိက္ခိုက္မႈေတြကုိျပန္လည္ေျဖရွင္းထားျပီး လက္ရွိအိမ္ေထာင္ေရးအေျခအေနကုိ ေျပာျပသြားပါတယ္။

ကုိဥကၠာေက်ာ္က ဒီလိုသာယာတဲ့အိမ္ေထာင္ေရးေလးရလာဖို႔အတြက္ နွစ္ဦးနွစ္ဖက္စလံုး စေတးထားရတာေတြရွိေၾကာင္း “မိသားစုအတြက္ရင္ဆိုင္ေျဖရွင္းရတာေတြကေတာ့ေျပာလိုက္ရင္စိတ္ဆင္းရဲသြားမယ္။ မရွိပါဘူးေပါ့။ ရွိခဲ့ရင္လည္းေျပာဖို႔အစီအစဥ္မရွိဘူး။အဆင္ေျပတယ္။ အစ္ကုိတို႔မိသားစုဒီလိုအေျခအေနေရာက္ဖို႔အတြက္ စေတးရတာေတြေပးဆပ္ရတာေတြအကုန္လံုးက အစ္ကုိတစ္ေယာက္တည္းမဟုတ္ဘူး။ ပန္ပန္လည္း စေတးရတာေတြေပးဆပ္ရတာေတြရွိတယ္။ အဲဒီအတြက္ေၾကာင့္ ေက်နပ္တယ္။ တန္တယ္လို႔လည္းအစ္ကုိထင္ပါတယ္”လို႔ ေျပာျပထားပါတယ္။

အရင္အိမ္ေထာင္ကိုလည္း အခုထိေထာက္ပ့ံေနဆဲပဲလို႔ ကုိဥကၠာေက်ာ္က “တစ္ခုေတာ့ ေျပာခ်င္တယ္။ဒီ အင္တာဗ်ဴးေအာက္မွာေလ သူမ်ားကေလးေတြကုိကူညီတယ္။ လွဴတယ္။ သနားတယ္။ ေရာဂါသည္ကေလးေတြကုိသနားတယ္။ ေအာက္မွာလာေရးၾကလိမ့္မယ္။သူမ်ားကေလးေတြကုိ သနားျပေနလိုက္တာ။ ကုိယ့္ရဲ႕အရင္အိမ္ေထာင္ကကေလးေတြကုိ မသနားဘူးလား မခ်စ္ဘူးလားလို႔ေျပာေကာင္းေျပာလိမ့္မယ္။ကြ်န္ေတာ္ေျပာခ်င္တာက အရင္အိမ္ေထာင္ကကေလးေတြကုိ ကြ်န္ေတာ္တို႔က အခုထိ ေထာက္ပံ့ေနဆဲပါ။ မေထာက္ပံ့ဘူးလား ေမ့သြားျပီလား။အဲလိုမဟုတ္ပါဘူး။ ကြ်န္ေတာ့္သားအၾကီး Bryan Kyaw ကုိလည္းခ်စ္ပါတယ္။ သားေလး Roar ေလးကုိလည္းခ်စ္ပါတယ္”လုိ႔ေျပာထားပါတယ္။

ေနာက္ျပီး ဆုပန္ထြာက မယားငယ္မဟုတ္ဘူးလို႔လည္း ကုိဥကၠာေက်ာ္က ပြင့္ပြင့္လင္းလင္းေျပာသြားပါေသးတယ္။ “ပန္ပန္သည္ ကြ်န္ေတာ့္ရဲ႕တရားဝင္လက္ထပ္ထားတဲ့ အမ်ိဳးသမီးပါ။ မယားငယ္မဟုတ္ပါဘူး။ မယားငယ္ဆိုတာက အရင္အိမ္ေထာင္နဲ႔လက္ထပ္ျပီးေတာ့ ေနာက္ မိန္းကေလးတစ္ေယာက္ကုိ ရည္းစားခိုးထားတာ။ ဒါ ကြ်န္ေတာ့္အေနနဲ႔ definition က ဒါ မယားငယ္။ ကြ်န္ေတာ့္အရင္အိမ္ေထာင္နဲ႔ နွစ္ဦးသေဘာတူကြာရွင္းျပတ္စဲျပီးေတာ့မွ ေနာက္အိမ္ေထာင္ကိုကြ်န္ေတာ္ျပဳတာ။ ဒါ ကြ်န္ေတာ့္အတြက္ ေနာက္အိမ္ေထာင္ပါ။ အဲဒီအတြက္ ကြ်န္ေတာ္သည္အေမရိကားမွာေရာ ဒီမွာေရာ တရားဝင္လက္ထပ္လို႕ရပါတယ္။ ကြ်န္ေတာ္ဒါေလးကုိသိေအာင္လို႔ေျပာသင့္တယ္ထင္လို႔ ကြ်န္ေတာ္ေျပာျပတာပါ”လို႔ ေျဖရွင္းထားပါတယ္။

ဆုပန္ထြာကေတာ့ အရင္ကတည္းက ဇြဲေကာင္းစြာနဲ႔ဝင္ေရးေနတဲ့ အေကာင့္အတုေတြလည္းရွိတဲ့အေၾကာင္း “တစ္ခါတစ္ေလက်ရင္ ဒီအေကာင့္ကအေကာင့္တု၊ ဟိုး 2014 ေလာက္ကတည္းက ဝင္ဝင္ေရးေနတဲ့အေကာင့္အတု။ ေယာက္်ား screenshot ေတြျပန္ရွာရင္ေတြ႕လိိမ့္မယ္။ အဲဒါေၾကာင့္တစ္ခါတစ္ခါက်ရင္မေျပာပါနဲ႔ေယာက္်ားရယ္။ ထားလိုက္ပါလို႔ေျပာရတယ္”လို႔ ေျပာျပထားျပီး ကိုဥကၠာေက်ာ္က မရဘူး အျမဲတမ္းလိုက္ရွင္းေနတယ္လို႔လည္း “အစ္မေလ သူ႔ရဲ႕စိတ္ေလးကုိလည္းခ်ီးက်ဴးတယ္။ အျမဲတမ္း သူရေအာင္လုိုက္ရွင္းတယ္။ မရရေအာင္ရွင္းျပတယ္။ဒီလိုရွင္းတယ္ဆုိတာကလည္းေဘာင္ထဲမွာရွိမွသာလွ်င္လုပ္ခြင့္ရွိတာရွင္းခြင့္ရွိတာေလ”လို႔ ေျပာထားပါေသးတယ္။

႔ပရိသတ္ၾကီးေရာ ဆုပန္ထြာကိုခ်စ္ၾကလား။ ဆုပန္ထြာရဲ႕ ေနာက္ထပ္အနုပညာလႈပ္ရွားမႈေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

:ေျပာခ်င္လြန္းလို့

#Unicode Version#
ဆုပန်ထွာဟာ လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက ပရိသတ်တွေအားပေးလက်ခံထားတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး အခုအချိန်အထိလည်းအောင်မြင်မှုကိုရေရှည်ထိန်းသိမ်းထားနိုင်ဆဲ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဆုပန်ထွာဟာ ပရဟိတလုပ်ငန်းတွေလည်းလုပ်ပြီး ဒုက္ခရောက်နေသူတွေကို ကူညီတတ်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေရထားတဲ့ မင်းသမီးတစ်လက်ဆိုရင်လည်းမမှားပါဘူး။ မကြာသေးမီက Sunday Journal နဲ့ အင်တာဗျူးမှာ ဆုပန်ထွာနဲ့ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်က ဝေဖန်တိုက်ခိုက်မှုတွေကိုပြန်လည်ဖြေရှင်းထားပြီး လက်ရှိအိမ်ထောင်ရေးအခြေအနေကို ပြောပြသွားပါတယ်။

ကိုဥက္ကာကျော်က ဒီလိုသာယာတဲ့အိမ်ထောင်ရေးလေးရလာဖို့အတွက် နှစ်ဦးနှစ်ဖက်စလုံး စတေးထားရတာတွေရှိကြောင်း “မိသားစုအတွက်ရင်ဆိုင်ဖြေရှင်းရတာတွေကတော့ပြောလိုက်ရင်စိတ်ဆင်းရဲသွားမယ်။ မရှိပါဘူးပေါ့။ ရှိခဲ့ရင်လည်းပြောဖို့အစီအစဉ်မရှိဘူး။အဆင်ပြေတယ်။ အစ်ကိုတို့မိသားစုဒီလိုအခြေအနေရောက်ဖို့အတွက် စတေးရတာတွေပေးဆပ်ရတာတွေအကုန်လုံးက အစ်ကိုတစ်ယောက်တည်းမဟုတ်ဘူး။ ပန်ပန်လည်း စတေးရတာတွေပေးဆပ်ရတာတွေရှိတယ်။ အဲဒီအတွက်ကြောင့် ကျေနပ်တယ်။ တန်တယ်လို့လည်းအစ်ကိုထင်ပါတယ်”လို့ ပြောပြထားပါတယ်။

အရင်အိမ်ထောင်ကိုလည်း အခုထိထောက်ပံ့နေဆဲပဲလို့ ကိုဥက္ကာကျော်က “တစ်ခုတော့ ပြောချင်တယ်။ဒီ အင်တာဗျူးအောက်မှာလေ သူများကလေးတွေကိုကူညီတယ်။ လှူတယ်။ သနားတယ်။ ရောဂါသည်ကလေးတွေကိုသနားတယ်။ အောက်မှာလာရေးကြလိမ့်မယ်။သူများကလေးတွေကို သနားပြနေလိုက်တာ။ ကိုယ့်ရဲ့အရင်အိမ်ထောင်ကကလေးတွေကို မသနားဘူးလား မချစ်ဘူးလားလို့ပြောကောင်းပြောလိမ့်မယ်။ကျွန်တော်ပြောချင်တာက အရင်အိမ်ထောင်ကကလေးတွေကို ကျွန်တော်တို့က အခုထိ ထောက်ပံ့နေဆဲပါ။ မထောက်ပံ့ဘူးလား မေ့သွားပြီလား။အဲလိုမဟုတ်ပါဘူး။ ကျွန်တော့်သားအကြီး Bryan Kyaw ကိုလည်းချစ်ပါတယ်။ သားလေး Roar လေးကိုလည်းချစ်ပါတယ်”လို့ပြောထားပါတယ်။

နောက်ပြီး ဆုပန်ထွာက မယားငယ်မဟုတ်ဘူးလို့လည်း ကိုဥက္ကာကျော်က ပွင့်ပွင့်လင်းလင်းပြောသွားပါသေးတယ်။ “ပန်ပန်သည် ကျွန်တော့်ရဲ့တရားဝင်လက်ထပ်ထားတဲ့ အမျိုးသမီးပါ။ မယားငယ်မဟုတ်ပါဘူး။ မယားငယ်ဆိုတာက အရင်အိမ်ထောင်နဲ့လက်ထပ်ပြီးတော့ နောက် မိန်းကလေးတစ်ယောက်ကို ရည်းစားခိုးထားတာ။ ဒါ ကျွန်တော့်အနေနဲ့ definition က ဒါ မယားငယ်။ ကျွန်တော့်အရင်အိမ်ထောင်နဲ့ နှစ်ဦးသဘောတူကွာရှင်းပြတ်စဲပြီးတော့မှ နောက်အိမ်ထောင်ကိုကျွန်တော်ပြုတာ။ ဒါ ကျွန်တော့်အတွက် နောက်အိမ်ထောင်ပါ။ အဲဒီအတွက် ကျွန်တော်သည်အမေရိကားမှာရော ဒီမှာရော တရားဝင်လက်ထပ်လို့ရပါတယ်။ ကျွန်တော်ဒါလေးကိုသိအောင်လို့ပြောသင့်တယ်ထင်လို့ ကျွန်တော်ပြောပြတာပါ”လို့ ဖြေရှင်းထားပါတယ်။

ဆုပန်ထွာကတော့ အရင်ကတည်းက ဇွဲကောင်းစွာနဲ့ဝင်ရေးနေတဲ့ အကောင့်အတုတွေလည်းရှိတဲ့အကြောင်း “တစ်ခါတစ်လေကျရင် ဒီအကောင့်ကအကောင့်တု၊ ဟိုး 2014 လောက်ကတည်းက ဝင်ဝင်ရေးနေတဲ့အကောင့်အတု။ ယောက်ျား screenshot တွေပြန်ရှာရင်တွေ့လိမ့်မယ်။ အဲဒါကြောင့်တစ်ခါတစ်ခါကျရင်မပြောပါနဲ့ယောက်ျားရယ်။ ထားလိုက်ပါလို့ပြောရတယ်”လို့ ပြောပြထားပြီး ကိုဥက္ကာကျော်က မရဘူး အမြဲတမ်းလိုက်ရှင်းနေတယ်လို့လည်း “အစ်မလေ သူ့ရဲ့စိတ်လေးကိုလည်းချီးကျူးတယ်။ အမြဲတမ်း သူရအောင်လိုက်ရှင်းတယ်။ မရရအောင်ရှင်းပြတယ်။ဒီလိုရှင်းတယ်ဆိုတာကလည်းဘောင်ထဲမှာရှိမှသာလျှင်လုပ်ခွင့်ရှိတာရှင်းခွင့်ရှိတာလေ”လို့ ပြောထားပါသေးတယ်။



့ပရိသတ်ကြီးရော ဆုပန်ထွာကိုချစ်ကြလား။ ဆုပန်ထွာရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
:ပြောချင်လွန်းလို့

No comments:

Post a Comment