Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 27, 2019
လင်မယား စုံတွဲများ သားသမီးယူရာတွင် သားယောင်္ကျားလေးသာ ရစေနည်း
Dr တင့်ဆွေ
# Unicode Version # ဖြင့် ဖတ်ပါ #
မေး။ ။ ဆရာ ကလေးယူတော့မယ် ဆိုရင် မိန်းခလေးလိုချင် ဘယ်လို၊ ယောင်္ကျားလေး လိုချင်ရင်ဘယ်လို ဆိုတာ ရှိပါသလား ဆရာ။ သားယောက်ျားလေး ရနိုင်မဲ့ နည်းလေး ရှိရင် ညွှန်ကြားပေးစေ လိုပါတယ်။
ဖြေ။ ။ Boy Diet ယောက်ျားလေးရေစမဲ့ အစားအေသာက်တွေ ဆိုတာကို အရပ်စကား ပြောကြတာရှိတယ်။ • Meat အသား၊ Red meat အထူးသဖြင့် အမဲသား၊ ဆိတ်သား၊ • Salty snacks ဆားပါတဲ့ သွားရည်စာ၊ ဥပမာ အာလူး (ချစ်ပ်)၊ • Caffeine (ကေဖင်း) ပါတဲ့ ကော်ဖီ၊ လက်ဖ်ရကည်။
အစဉ်အဆက် မိန်းမဘက်ကို အာရုံ ထားကြတယ်။ နောက်မှာ ယောက်ျားတွေကို စမ်းကြပြန်တယ်။ Testicle ယောက်ျား – အစိတဖက်ကို ခြည်နှောင်ပေးတာကို စမ်းသပ်ခဲ့ကြဘူးတယ်။ တခြား နည်းတွေလဲ တရွာတပုဒ်ဆန်း မနည်းလှပါ။
Boy Hints အရပ်ပြော သားယောက်ျားလေး ရစေတဲ့နည်း တွေကတော့ –
• Wear boxers to cool the temperature of the scrotum ကပ်ပဲ့အိတ် အေးစေအောင် (ဘော်ဆာ) အတွင်းခံ ဝတ်ထားပါ။
• Man has an orgasm first ယောက်ျားက အရင် (အော်ဂဇင်) ရအောင်နေပါ။
• Only have marital relations on the odd days of the month to have a baby girl အိမ်ထောင်ဖက်နဲ့သာ (မ) ဂဏန်းရက်တွေမှာ အတူနေရင် မိန်းကလေး မွေးမယ်၊
• Man initiates sexual relations အတူနေဘို့ ယောက်ျားကစပါ။
• Man on top or dominate positions ယောက်ျားက အထက်က အေနအထားနဲ့ ဆက်ဆံပါ။
• Have sex standing up မတ်တပ်ရပ် အေနအထားနဲ့ စခန်းသွားပါ။
• Have sex at night ညအချိန်မှာ ဆက်ဆံပါ။
• Avoid sex during the full phase of the moon as well as the new moon, aim for a quarter moon လပြည့်ရက်၊ လဆန်းရက်တွေ ရှောင်ပါ။ လပြည့်ကျော် တပတ်မှာ အတူနေကြပါ။
ဆရာဝန်တွေကနေ ပြောတာထဲမှာ (သီအိုရီ) တခု ရှိပါတယ်။ Biorhythms method (ဘိုအငို-ရစ်သမ်) နည်းလို့ ခေါ်တယ်။ ၁၉ ရာစု ကတည်းက ပေါ်တာပါ။ မိခင်လောင်းရဲ့ ဇီဝ-စည်းချက်နဲ့ Conception သန္ဓေယူချိန်နဲ့ ကိုက်ညီရမယ် လို့ ဆိုပါတယ်။
Biorhythms ဇီဝ-စည်းချက် အတက်-အကျဆိုတာ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရဲ့ အက်စစ်ဓါတ်နဲ့ ဆက်စပ်နေတယ်။ ဒါ့အပြင် Egg membranes မ-မျိုးဥ အဖုံးလွှာရဲ့ Electro-magnetism လျှပ်စစ်-သံလိုက် အခြေအနေနဲ့လဲ ဆက်စပ် ပါသေးတယ်။
ဟိုရှေးရှေး ဆေးပညာဖခင်ကြီး Hippocrates (ဟစ်ပိုခေရးတီးစ်) လက်ထက် ကတည်းက Good days နေ့ကောင်းရက်သာ နဲ့ Bad days ပြဿဒါးရက်တွေဟာ Cycles တလှည့်စီသေဘာ ဖြစ်နေပါသတဲ့။ သိပ္ပံနည်းကျ ဖြစ်လာတာကေတာ့ ၁၈၉၇ ရောက်မှ Dr Wilhelm Fliess ကေနစပြီး ရုပ်ပိုင်းနဲ့ စိတ်လှုပ်ရှားမှုပိုင်း ဇီဝ-စည်းချက်တွေကို ဖေါ်ထုတ်ပါတယ်။
လူတိုင်းဟာ မွေးကတည်းက ဇီဝ-စည်းချက် (အပင်) နဲ့ ရှိလာကြတယ်။ အိပ်ချိန် နဲ့ နိုးထချိန်၊ ဟော်မုန်း တမျိုးစီ ထွက်ချိန်တွေ အလှည့်ကျ ြဖ်ရစတယ်။ ဇီဝ-စည်းချက် အဓိက ၃ မျိုးရှိတယ်။ Physical cycle ရုပ်ပိုင်း။ Emotional cycle စိတ်လှုပ်ရှားမှုပိုင်း နဲ့ Intellectual cycle ဉာဏ်ရည်ပိုင်းတွေ ဖြစ်ကြတယ်။
၁၉ဝ၂ ခုနှစ်မှာ ဗီယယ်နာ တက္ကသိုလ်က စိတ်ပညာရှင် Dr Hermann Swoboda ကလဲ ဒီအချက်ကို ထောက်ခံချက် ပေးလာတယ်။ သူကနေ ခန့်မှန်းခက်တဲ့အထိ လေ့လာမှုပြုနိုင် ခဲ့တယ်။ သူ့နောက် ၁၉၂ဝ ခုနှစ်မှာ နာမည်ကျော် သင်္ချာပညာရှင် Alfred Teltscher ကေန Intellectual rhythm ကိုပါ ဖေါ်ထုတ်နိုင်ခဲ့တယ်။ လူတွေဟာ တချို့ အချိန် ကာလတွေမှာ မှတ်ဉာဏ်တွေ၊ ထိုထွင်းဉာဏ်တွေ သိပ်ကောင်းပြီး တချို့ အချိန်ကာလေတွမှာ ညံ့နေကြတာ တွေ့ရှိလာတယ်။
ပညာရှင်တွေကနေ Biological rhythms ဇီဝ-စည်းချက်ကျပုံတွေကို အမျိုးမျိုးသော ဂဏန်းသင်္ချာ ဥပေဒသေတွ ထုတ်ယူကြတယ်။ ရလာတဲ့ ဖေါ်မြူလာတွေကို အသုံးချရင် မိခင်လောင်းအတွက် ယောက်ျားလေး ရစေဘို့၊ မိန်းကလေး ရစေဘို့ ပြက္ခဒိန်တခု ရလိမ့်မယ်။ ၉၅% အောင်မြင်တယ် လို့ ဆိုပါတယ်။
Vagina (ဗဂျိုင်းနား) ဟာလဲ သူ့စည်းချက်နဲ့သူ ပြောင်းနေတယ်။ (ဗဂျိုင်းနား) Acid အက်စစ်ဓါတ် ဖြစ်နေချိန်မှာ မ-မျိုးဥဟာ သုက်ပိုးထဲက X sperm (အိတ်က်စ်-ခရိုမိုဇုမ်း) ကို ဆွဲယူမှာဖြစ်လို့ မိန်းကလေး ရစေနိုင်တယ်။ (ဗဂျိုင်းနား) က Alkaline (အယ်လ်ကာလိုင်း) ဓါတ် ဖြစ်နေချိန်ဆိုရင် Y sperm (ဝိုင်-ခရိုမိုဇုမ်း)ကို ဆွဲဆောင်ပေးတာမို့ ယောက်ျားလေး ဖြစ်စေမယ်။
အမျိုးသမီး တယောက်ရဲ့ ဇီဝ-စည်းချက်ကနေ ဟော်မုန်း ထွက်တာကို သက်ရောက်စေတယ်။ တဆက်ထဲ သူမွေးလာတဲ့ ကလေးရဲ့ ကျား-မ ဆိုတာကိုပါ သက်ရောက်စေတယ် လို့လဲ ယူဆကြတယ်။
Mother’s biorhythms မိခင်ရဲ့ ဇီဝ-စည်းချက်ကို ကြည့်ပြီး မွေးလာမဲ့ကလေး ကျာ-မ ခွဲနိုင်စေဘို့ ခန့်မှန်းချက်ကို တွေလာတာကေတာ့ ၁၉၆ဝ ကျော်မှ ဖြစ်ပါတယ်။ Dr Irvin Fisher နဲ့ John Toran တို့ကေန ၁၉၆၂ မှာ Ladie’s Home Journal မှာ စရေးခဲ့ပါတယ်။
မငြင်းနိုင်တဲ့ ဆေးပညာက လက်ခံထားတဲ့ အချက်ကတော့ မိခင်မှာရှိတဲ့ XX ခရိုမိုဇုမ်း နဲ့ဖခင်မှာရှိတဲ့ XY ခရိုမိုဇုမ်း အတွဲတွေကေန ကျား-မ လိင်ကို ဖြစ်စေတယ်။ ကလေးရဲ့ (လိင်) ရွေးချယ်ရာမှာ အမေရော အဖေပါ တဝက်စီ ဆိုင်တယ်။ မိခင်မှာ XX ရှိနေလို့ သူကေန X တခုကိုသာ ထုတ်ပေးနိုင်တယ်။ ဖခင်မှာ XY ရှိနေလို့ X ဖြစ်ဖြစ် Y ဖြစ်ဖြစ် တခုခုကို ထုတ်ပေး နိုင်စွမ်းရှိတယ်။ ဒါကြောင့် ကေလးရဲ့ (လိင်) အတွက် ဖခင်ဟာ အလွန်အရေးပါတဲ့ အဆုံးအဖြတ်ကို ပေးတယ်။
လိင်ဆက်ဆံမှုတခု ပြုပြီးတာနဲ့ ယောက်ျားက ပြီးစီးချိန်မှာ သုက်ကောင်ေရေပါင်း သန်း ၂ဝဝ ထုတ်ပေးတယ်။ အဲဒီထဲက ဖခင်ရဲ့ X ဒါမှမဟုတ် Y တခုတည်းကသာ မ-မျိုးဥနဲ့ ပေါင်းစပ်ပြီး ကေလးကို (ကျား) ရယ်၊ (မ) ရယ် ခွဲခြားဖြစ်စေ နိုင်တယ်။
Shettles Method (ရှက်တဲလ်စ်) နည်း မိန်းကေလး ဘယ်လို ရစေမလဲကို အထူးပြုတဲ့နည်းဖြစ်ပေမဲ့ (ကျား) ရော (မ) ပါ ရအောင်လုပ်နည်း ဖြစ်တယ်။ Y ပါတဲ့ Sperm သုက်ပိုးက ပိုပြီးမြန်ဆန်တယ်။ ဒါပေမဲ့ ကြာကြာ မနေနိုင်ဘူး။
ဒါ့ကြောင့် မမျိုးဥ ထွက်နေချိန်မှာ အမျိုးသမီးရဲ့ ကိုယ်ထဲမှာ သုက်ပိုး လုံးဝ ရှိမနေစေဘဲ ၊ မ-မျိုးဥ ထွက်လာချိန်မှာ ဆက်ဆံမှုပြုပြီး သုက်ပိုးတွေ လာစေမယ်ဆိုရင် မမျိုးဥဆီကို မြန်ဆန်လှတဲ့ Y ပါတဲ့ Sperm သုက်ပိုးတွေက အရင် ရောက်လာလို့ ယောက်ျားလေး ရစေမယ်။
ဒီလိုဖြစ်လာစေဘို့ အမျိုးသမီးဟာ Menstrual cycle ကိုယ့်ရာသီရက်-လ အတိအကျ သိရမယ်။ Basal body temperature (BBT) charts ဘာတခုမှ မလုပ်သေးချင် မနက် အိပ်ရာထချိန်မယ် တိုင်းယူတဲ့ ကိုယ်အပူချိန် တိုင်းယူပြီး ဇယားချထားနိုင်တယ်။
၃-၄ လ လောက် အဲလို တွက်ချက်-မှတ်သားထားပါ။ Ovulation မျိုးဥ ဘယ်ရက်မှာ အတိအကျ ထွက်တယ် ဆိုတာ သေခြာပေါက် သိနိုင်တယ်။ ကြားရက်တရက် (လလည်ရက်) မှာ ကိုယ်အပူချိန် နဲနဲလေး တက်နေတာ တွေ့မယ်။ အဲဒါ မျိုးဥ ထွက်တဲ့ရက် ဖြစ်တယ်။
အဲဒီရက် မတိုင်ခက် ၄-၅ ရက်အတွင်း ဆက်ဆံကြရင်တောင်မှ ခင်ပွန်းဖြစ်သူဟာ ဇနီးရဲ့ (ဗဂျိုင်းနား) ထဲကို Ejaculation သုက်မလွှတ်ပါနဲ့။ အပြထုတ်နည်းဖြစ်ဖြစ် (ကွန်ဒွမ်) သုံးတာဖြစ်ဖြစ် လုပ်ပါ။ တွက်ချက်ထားတဲ့ မျိုးဥထွက်မဲ့ရက်မှာ (ကွန်ဒွမ်) မပါဘဲ ဗဂျိုင်နာထဲမှာ သုက်လွှတ်ပါ။ အတိအကျ ပြောရရင် ထွက်ချိန်မတိုင်ခင် ၁၂ နာရီမှာ ဆက်ဆံပြီး သုက်ထည့်ပေးပါ။
ဆက်ဆံနည်းကလည်း Tip of Penis လိင်တံထိပ်ဖျားဟာ Cervix သားအိမ်အဝနဲ့ ထိထိမိမိ ဖြစ်စေရမယ်။ Rear entry positions ခေါ်တဲ့ ယောက်ျားက နောက်ကနေ ဆက်ဆံနည်းလဲ အပါအဝင်ဖြစ်တယ်။ မိန်းမဖြစ်သူက Orgasm ရရင် Sperm သုက်ပိုးကို Egg မ-မျိုးဥဆီ ရောက်စေဘို့ အားပေးရာကျတယ်။
Dr တင့်ဆွေ
No comments:
Post a Comment