Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 10, 2019

လေးစားစရာ..အကောင်းဆုံး ရေကြည်မြို့က ..မဇင်မာအေး ဗွီဒီယိုဖိုင်


“ဘ ဝ ကို အရှုံးမပေးပဲ ဝါးဦးထုပ်များအား ကိုယ်တိုင်ရက်လုပ်ရောင်းချသူ မဇင်မာအေး”

“ဘ ဝ ကို အရှုံးမပေး မဇင်မာအေး”
ဝါး ဦး ထုပ် များ အား ကိုယ်တိုင်ရက်လုပ်ရောင်းချသူ ကိုယ်အင်္ဂါမသန်စွမ်းသူလေး..

ဘ ဝ ကို အ ရှုံး မပေးဘဲ ဖြတ်သန်းနေတဲ့မဇင်မာအေးသည် ရေကြည်မြို့တွင်နေထိုင်ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူအသက် (၂၅)နှစ် ရှိပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။

မွေး ချင်း (၅)ဦး မှာ (၄)ယောက်မြောက်ဖြစ်တဲ့ မဇင်မာအေး ရဲ့အပေါ့အလေးကိစ္စတွေကို မိခင်ကြီးကိုယ်တိုင် ဆောင်ရွက်ပေးနေရတာ ဖြစ်ပြီး ကျန်သော မွေးချင်းများကတော့ အိမ်ထောင်တွေ အသီးသီးကျလို့နေပါပြီ။

ပုံ မှန် အားဖြင့် လူတွေ့မခံရဲတဲ့ သူ့ကို ဒေသခံ တော်တော်များများကတောင် မသိကြတဲ့အပြင် မတွေ့ဖူးကြဘူးလို့ ဆိုကြပါတယ်။ ကိုယ်တွေ တွေ့ခွင့်သွားတောင်းတော့ အသာတကြည်လက်ခံပေးခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ သူ့အတွက်လည်း ကံကောင်းခြင်းတွေဖြစ်လာဖို့လို့ဘဲ ယုံကြည်နေမိပါတယ်။
ရေရှည်ဘဝရပ်တည်ရေးအတွက် သူ့မှာ အဓိကလိုအပ်နေတာက စိတ်ဓါတ် ခွန်အားတွေ ဖြစ်လို့နေပြီး… စေတနာရှင်များရဲ့ ပံ့ပိုးမှုအားတွေကလည်း မဇင်မာအေး အတွက် အထောက်အကူဖြစ်မှာပါ။
Evergreen Media







ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

No comments:

Post a Comment