Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 10, 2019

ေယာက်ၤားျဖစ္သူနဲ႔ …ခ်ိန္းေတြ႔တဲ႔ …မယားငယ္ကို ..ဓားနဲ႔ခုတ္တဲ႔ ..အမ်ိဳးသမီး (၂) ရက္ထဲႏွင့္ ျပန္လြတ္လာၿပီ


မႏၲေ လးတိုင္းေဒသႀကီး ။ အမရပူရၿမိဳ႕နယ္ ။ အိုးေတာ္တိုက္နယ္ မႈိက္စု ရပ္ကြက္မွ က်ဴးေက်ာ္တဲအုပ္စုထဲမွာ 2.5.2019 ည၇ နာရီေလာက္မွာ ဓားခုတ္မႈ ျဖစ္ပြားခဲ့ပါတယ္။ လက္၂ဖက္လုံးအ႐ိုးေတြေပၚၿပီး ေသြးထြက္လြန္ သတိေမ့သြားပါတယ္။ အခုထိေဆး႐ုံမွာပါ။

အ ခုတ္ ခံ ရသူက မပပ ျဖစ္ၿပီး ခုတ္သူက မခင္ေဆြပါ။ ခုတ္ရတဲ့ အေၾကာင္းကေတာ့ မခင္ေဆြေယာက်ၤား ကိုေက်ာ္ဦးနဲ႔ မပပ ခ်ိန္းေတြ႕ေနတုန္း အိမ္ေရွ႕က အျပန္လမ္းမွာေစာင့္ခုတ္တာပါ။ 2 ရက္ေန႔ညကခုတ္လို႔ဖမ္းသြားတာ 4 ရက္ေန႔ ျပန္လြတ္လာပါၿပီ ။ မပပကို ၆သိန္း ရဲကို ၂သိန္း ေပးရပါတယ္လို႔ ေျပာပါတယ္။

မ ပ ပ ေယာက်ၤားကေတာ့ ေထာင္ထဲမွာပါ ။ ကိုေက်ာ္ဦးကလည္း ေထာင္ထြက္ပါ။ ကိုေက်ာ္ဦးေရာမခင္ေဆြ ၂ ေယာက္စလုံး အမရပူရၿမိဳ႕နယ္တရား႐ုံးမွာ လူ႐ိုက္မႈနဲ႔ အခုလက္ရွိ အမႈရင္ဆိုင္ေနရဆဲပါ။ ” ငါးခုံးမတေကာင္ေၾကာင့္ တေလွလုံးပုပ္ ” ဆိုသလို အခုလိုမၾကာခဏ ရာဇဝတ္မႈက်ဴးလြန္တတ္တဲ့ ရႈပ္ေထြးေပြလီေနတဲ့ က်ဴးေက်ာ္ရပ္ကြက္ေၾကာင့္ ကြၽန္ေတာ္တို႔ အမရပူရ မႈိက္စုသားေတြပါေရာၿပီး နာမည္ပ်က္ေနတာၾကာပါၿပီ။

ပ ထ မၾကား တာက အာမခံနဲ႔လြတ္သလိုလိုနဲ႔ အခုေနာက္ဆုံးၾကားသိရသေလာက္ကေတာ့ ၂ဖက္ညႇိႏႈိင္းေရာ္ေၾကးေပးေၾကေအးၿပီးအမႈပိတ္လိုက္ၿပီလို႔သိရပါတယ္။မပပကို ၆သိန္းရဲကို၂သိန္းေပးရပါတယ္။ ေနာက္ဆက္တြဲသတင္းေတြလည္းဆက္တင္ေပးသြားပါမယ္။

ကြၽန္ေ တာ္တို႔သိလိုတာက ဓားခုတ္မႈ အာမခံေပးလို႔ရလား ေၾကေအးလို႔ရလား ဆိုတာကိုပါ။ က်ဴးလြန္သူဟာ တရား႐ုံးမွာအာမခံနဲ႔ အမႈရင္ဆိုင္ေနဆဲမွာ ထပ္မံျပစ္မႈ က်ဴးလြန္တာပါ။ အခုေကာ ထပ္ၿပီးက်ဴးလြန္မလား မက်ဴးလြန္ဘူးလား ဘယ္သူမွ မသိႏိုင္ပါ။

ရပ္ကြက္လူႀကီး ဦးသိန္းမင္းစိုး လည္း သူတို႔ကို မထိမ္းႏိုင္ပါ။ ဖဲဝိုင္းျဖစ္လို႔ တိုင္ၾကည့္ ။ လာဖမ္းရင္ မမိဘူး ။ ခုေတာ့ဘယ္သူမွလည္း မတိုင္ေတာ့ဘူးေလ။ တိုင္လည္းေမာတာ အဖတ္တင္တာပဲ။

ငါးခိုးမႈ က်ဴးေက်ာ္မႈ ဖဲဝိုင္း ေတြလြတ္တာသိပ္ၿပီး စိတ္ထဲမထားပါဘူး ။ ဓားခုတ္မႈလြတ္ေနတာေတာ့ရပ္ကြက္အေနနဲ႔ မလုံၿခဳံသလို ခံစားရပါတယ္။ သူမ်ားေတြေမးရင္ မႈိက္စုသားလို႔ ေျပာရတာလည္းရွက္လွပါၿပီ။ တခ်ိဳ႕က မႈိက္စုရပ္ကို အမႈိက္စုရပ္တဲ့ဗ်ာ ။ လူ႔အမႈိက္ေတြ စုေနတာတဲ့ ။ ေသခ်ာလည္းစုံစမ္းၾကည့္ပါဗ်ာ…

။ ေရွးဘုရင့္လက္ထက္ကတည္းက နန္တြင္းကို ေ႐ႊထည္ေတြလုပ္ၿပီး ဆက္သတဲ့အခါ ထြက္လာတဲ့ေ႐ႊမႈိက္ကို စုၿပီးေ႐ႊျပန္ထုတ္ေပးခဲ့ရတဲ့ ” ေ႐ႊရပ္ကြက္ “ပါဗ်ာ။ အခု က်ဴးေတြေရာက္လာတဲ့ ၂ႏွစ္ေလာက္ကစၿပီး နာမည္ပ်က္လာတာပါ ။ ဆရာ ေဒါက္တာေဇာ္ျမင့္ေမာင္ ေရ အားကိုပါရေစဗ်ာ ။
ဆရာ့ဇာတိေျမ ၿငိမ္းခ်မ္းေရးအ တြက္ တခ်က္ေလာက္ ငဲ့ၾကည့္ပါဦးဗ်ာ ။

အ မ ရပူရ အိုးေတာ္ရပ္ကြက္လူႀကီး ဦးသိန္းမင္းစိုး 09798646878+09771888054

Myo Min Zaw

Unicode ျဖင့္ဖတ္ရန္
ယောင်္ကျားဖြစ်သူနဲ့ ချိန်းတွေ့တဲ့ မယားငယ်ကို ဓားနဲ့ခုတ်တဲ့ အမျိုးသမီး (၂) ရက်ထဲနှင့် ပြန်လွတ်လာပြီ

မန္တလေးတိုင်းဒေသကြီး ။ အမရပူရမြို့နယ် ။ အိုးတော်တိုက်နယ် မှိုက်စု ရပ်ကွက်မှ ကျူးကျော်တဲအုပ်စုထဲမှာ 2.5.2019 ည၇ နာရီလောက်မှာ ဓားခုတ်မှု ဖြစ်ပွားခဲ့ပါတယ်။ လက်၂ဖက်လုံးအရိုးတွေပေါ်ပြီး သွေးထွက်လွန် သတိမေ့သွားပါတယ်။ အခုထိဆေးရုံမှာပါ။

အခုတ်ခံရသူက မပပ ဖြစ်ပြီး ခုတ်သူက မခင်ဆွေပါ။ ခုတ်ရတဲ့ အကြောင်းကတော့ မခင်ဆွေယောင်္ကျား ကိုကျော်ဦးနဲ့ မပပ ချိန်းတွေ့နေတုန်း အိမ်ရှေ့က အပြန်လမ်းမှာစောင့်ခုတ်တာပါ။ 2 ရက်နေ့ညကခုတ်လို့ဖမ်းသွားတာ 4 ရက်နေ့ ပြန်လွတ်လာပါပြီ ။ မပပကို ၆သိန်း ရဲကို ၂သိန်း ပေးရပါတယ်လို့ ပြောပါတယ်။

မပပ ယောင်္ကျားကတော့ ထောင်ထဲမှာပါ ။ ကိုကျော်ဦးကလည်း ထောင်ထွက်ပါ။ ကိုကျော်ဦးရောမခင်ဆွေ ၂ ယောက်စလုံး အမရပူရမြို့နယ်တရားရုံးမှာ လူရိုက်မှုနဲ့ အခုလက်ရှိ အမှုရင်ဆိုင်နေရဆဲပါ။ ” ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ် ” ဆိုသလို အခုလိုမကြာခဏ ရာဇဝတ်မှုကျူးလွန်တတ်တဲ့ ရှုပ်ထွေးပွေလီနေတဲ့ ကျူးကျော်ရပ်ကွက်ကြောင့် ကျွန်တော်တို့ အမရပူရ မှိုက်စုသားတွေပါရောပြီး နာမည်ပျက်နေတာကြာပါပြီ။

ပထမကြားတာက အာမခံနဲ့လွတ်သလိုလိုနဲ့ အခုနောက်ဆုံးကြားသိရသလောက်ကတော့ ၂ဖက်ညှိနှိုင်းရော်ကြေးပေးကြေအေးပြီးအမှုပိတ်လိုက်ပြီလို့သိရပါတယ်။မပပကို ၆သိန်းရဲကို၂သိန်းပေးရပါတယ်။ နောက်ဆက်တွဲသတင်းတွေလည်းဆက်တင်ပေးသွားပါမယ်။

ကျွန်တော်တို့သိလိုတာက ဓားခုတ်မှု အာမခံပေးလို့ရလား ကြေအေးလို့ရလား ဆိုတာကိုပါ။ ကျူးလွန်သူဟာ တရားရုံးမှာအာမခံနဲ့ အမှုရင်ဆိုင်နေဆဲမှာ ထပ်မံပြစ်မှု ကျူးလွန်တာပါ။ အခုကော ထပ်ပြီးကျူးလွန်မလား မကျူးလွန်ဘူးလား ဘယ်သူမှ မသိနိုင်ပါ။

ရပ်ကွက်လူကြီး ဦးသိန်းမင်းစိုး လည်း သူတို့ကို မထိမ်းနိုင်ပါ။ ဖဲဝိုင်းဖြစ်လို့ တိုင်ကြည့် ။ လာဖမ်းရင် မမိဘူး ။ ခုတော့ဘယ်သူမှလည်း မတိုင်တော့ဘူးလေ။ တိုင်လည်းမောတာ အဖတ်တင်တာပဲ။

ငါးခိုးမှု ကျူးကျော်မှု ဖဲဝိုင်း တွေလွတ်တာသိပ်ပြီး စိတ်ထဲမထားပါဘူး ။ ဓားခုတ်မှုလွတ်နေတာတော့ရပ်ကွက်အနေနဲ့ မလုံခြုံသလို ခံစားရပါတယ်။ သူများတွေမေးရင် မှိုက်စုသားလို့ ပြောရတာလည်းရှက်လှပါပြီ။ တချို့က မှိုက်စုရပ်ကို အမှိုက်စုရပ်တဲ့ဗျာ ။ လူ့အမှိုက်တွေ စုနေတာတဲ့ ။ သေချာလည်းစုံစမ်းကြည့်ပါဗျာ…

။ ရှေးဘုရင့်လက်ထက်ကတည်းက နန်တွင်းကို ရွှေထည်တွေလုပ်ပြီး ဆက်သတဲ့အခါ ထွက်လာတဲ့ရွှေမှိုက်ကို စုပြီးရွှေပြန်ထုတ်ပေးခဲ့ရတဲ့ ” ရွှေရပ်ကွက် “ပါဗျာ။ အခု ကျူးတွေရောက်လာတဲ့ ၂နှစ်လောက်ကစပြီး နာမည်ပျက်လာတာပါ ။ ဆရာ ဒေါက်တာဇော်မြင့်မောင် ရေ အားကိုပါရစေဗျာ ။
ဆရာ့ဇာတိမြေ ငြိမ်းချမ်းရေးအ တွက် တချက်လောက် ငဲ့ကြည့်ပါဦးဗျာ ။

အမရပူရ အိုးတော်ရပ်ကွက်လူကြီး ဦးသိန်းမင်းစိုး 09798646878+09771888054

Myo Min Zaw

No comments:

Post a Comment