Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, May 18, 2019

သ မၺဳေဒၶ ဂါ ထာေတာ္ႀကီး အား ဂါထာ စြမ္း အား သ တၱိ ရရွိလာေအာင္ လိုက္လာေအာင္ ရြတ္ဆိုနည္း


နံ နက္ အ႐ုဏ္တက္ခ်ိန္၅နာရီတြင္သမၺဳေဒၶဂါထာေတာ္ႀကီးအားရြတ္ဖတ္ရပါမည္။ရြတ္ဖတ္မည့္ပုဂၢိဳလ္မွာလူပုဂၢိဳလ္ျဖစ္ပါလွ်င္ ကိုယ္လက္သန္႔ရွင္းျခင္းခႏၶာကိုယ္ သန္႔ရွင္းျခင္း သန္႔ရွင္းေသာအဝတ္စားကိုဝတ္ဆင္ျခင္း ရဟန္းမွန္သမွ်ေဒသနာၾကားျခင္း ကိစၥ ကိုေဆာင္ရြက္ရပါမည္ ။

၅၁၂၀၂၈ ဆူကုန္ေသာဗုဒၶဘုရားရွင္တို႔အားရည္စူး၍ဆြမ္း ၉ ပြဲ ေရ ၉ ခြက္ ပန္း ၉ ပြင့္ ဖေယာင္းတိုင္၉တိုင္ထြန္းအေမႊးတိုင္ ၉ တိုင္ ထြန္း ၍ ကပ္လႈပူေဇာ္ရမည္။ၿပီးေနာက္၅ ပါး သီလ ေတာ္ကို ခံယူေဆာက္တည္ပါ ။နတ္မ်ားကို ဖိတ္ၾကားရပါမည္။

ဖိတ္ၾကားပံုမွာ….”ကၽြႏ္ုပ္သည္၅၁၂၀၂၈ဆူကုန္ေသာဗုဒၶဘုရားရွင္အေပါင္းအားရည္စူး၍ရည္မွန္း၍သမၺဳေဒၶဂါထာေတာ္ျမတ္ႀကီးအား ၁၀၈ေခါက္တိတိရြတ္ဖတ္၍ပူေဇာ္ကန္ေတာ့မည္ျဖစ္ပါ၍အေရွ႕ေနထြက္အေနာက္ေနဝင္ေတာင္မွာတံငါကြန္နကၡတ္ ေျမာက္မွာဓူဝံၾကယ္ေအာက္မွာအဝီစိအထက္မွာဘဝဂ္ဤအတြင္းမွာတည္ရွိေနထိုင္ၾကကုန္ေသာအလံုးစံုေသာေတာေစာင့္နတ္မ်ား ေတာင္ေစာင့္နတ္မ်ား ႐ုကၡစိုးနတ္မ်ား ဘုမၼစိုးနတ္မ်ား

အာကာသစိုးနတ္မ်ားကမ႓ာေစာင့္နတ္ၿမိဳ႕ေစာင့္နတ္နယ္ေစာင့္နတ္ရြာေစာင့္နတ္ရက္ကြက္ေစာင့္နတ္ေက်ာင္းေစာင့္နတ္မိုးနတ္သား ေလနတ္သား ေရနတ္သား လနတ္သားသမၼာေဒဝနတ္မ်ားသာသနာေတာ္ေစာင့္နတ္မ်ားသူရႆတီ ေဒဝီႏွင့္တကြ ေဒဝီ (၇) ပါး ေဒဝီ (၉) ပါးေဒဝီ (၁၂) ပါး ဓ႒ရဌ ဝိ႐ုဠက ဝိ႐ုပကၡ ကုေဝရ စေသာစတုမဟာနတိမင္းႀကီး ၄ ပါး

သိၾကားမင္းႏွင့္တကြ၃၃က်ိတ္ေသာနတ္မင္းနတ္ျမတ္နတ္ေဒဝါအေပါင္းႏွင့္တကြသူရႆတီမႂကြင္းခပင္းမ်ားစြာနတ္ျဗဟၼာအေပါင္းတို႔ ဖိတ္ၾကားပါ၏ ။ ဖိတ္ေခၚပါ၏ ။တရားနာယူရန္ ႂကြေတာ္မူုၾကပါကုန္ေလာ့ ။

ဤ အခ်ိန္ဤအခါသည္ကား သမၺဳေဒၶဂါထာေတာ္ျမတ္အား (၁၀၈) ေခါက္တိတိ ရြတ္ဖတ္မည္ျဖစ္ပါ၍ တရားေတာ္ျမတ္ကို အတူတကြနာယူၾကပါရန္ဤေနရာဤဌာနဤအိမ္ေဂဟာသို႔ဖိတ္ၾကားပါ၏။ပန္ၾကားပါ၏။ဖိတ္ေခၚပါ၏။တရားေတာ္ျမတ္ဂါထာေတာ္ျမတ္ကို နာယူရန္ အတြက္ႂကြေရာက္ေတာ္မူၾကပါကုန္ေလာ့ ။ ”

ထိုသို႔ နတ္မ်ားအား ဖိတ္ၾကားၿပီးလွ်င္ ဘုရားေရွေတာ္တြင္ တည္ၿငိမ္စြာထို္ုင္၍ သမၺဳေဒၶဂါထာေတာ္ႀကီးအားေလးေလးပင္ပင္ ၁၀၈ ေခါက္ ရေအာင္ ရြတ္ဖတ္ရာ၏ ။

၁၀၈ေခါက္တိတိရြတ္ဖတ္ၿပီးပါလွ်င္ဂါထာေတာ္ႀကီး၏အနက္အဖြင့္ကိုအသံက်ယ္က်ယ္ရြတ္ဖတ္ရာ၏။ၿပီးစီးပါကပင့္ဖိတ္ၾကားထားေသာနတ္မ်ားအား၎သတၱဝါမ်ားအား၎သူေတာ္ေကာင္းအရိယာမ်ားအား၎အမွ်ေပးေဝရာ၏။အမွ်ေပးေဝၿပီးေနာက္ မိမိ တက္ႏိုင္သ၍ ေမတၱာပို႔ေပးပါ။လိုအပ္ေသာ အလိုရွိေသာကိစၥ အေၾကာင္းအရာအတြက္ ဆု႔ေတာင္းပါ ။ဤအခ်က္ မ်ားႏွင့္ညီၫြတ္ေအာင္ က်င့္ေဆာင္ပါလွ်င္ သမၺဳေဒၶ ဂါထာ၏အစြမ္းသတၱိ ဝင္လာပါေတာ့သည္။

ဂါထာအစြမ္းထက္ျမတ္လာေတာ့၏။မိမိေဆာင္ရြက္တိုင္းအက်ိဴးေပးေနတာ့သည္။ေန႔စဥ္က်င့္ေဆာင္ပါလွ်င္ၾသဇာအာဏာႀကီးလာပါသည္။ေျပာတိုင္းဆိုတိုင္းလုပ္တိုင္းၾကံစည္တိုင္းေအာင္ျမင္လာပါေတာ့သည္။ေဘးရန္အႏၲရာယ္ကင္းေဝးပေပ်ာက္ရသည္။ မေကာင္းေသာအမဂၤလာမွန္သမွ် ကင္းေဝးပေပ်ာက္ရ၏ ။

နာနာဘာဝဝိနာဘာဝအဝ႐ုဒၶကနတ္ဆိုးဘီလူးဆိုးမွန္သမွ်ကိုႏိုင္နင္းေတာ့သည္။အနာေရာဂါအမ်ိဴးမ်ိဴးကင္ဆာေရာဂါအမ်ိဴးမ်ိဴးေပ်ာက္ကင္း ေစႏိုင္သည္။ဤ သ္ု႔က်င့္ေဆာင္လာခဲ့ေသာ ပုဂၢိဳလ္သည္ သမၺဳေဒၶဂါထာေတာ္၏ စြမ္းအားသတၱိ

ဝင္ေရာက္လာမႈ႕ေၾကာင့္ဂါထာစြမ္းအားတက္လာေသာေၾကာင့္ေရကိုကိုင္၍သမၺဳေဒၶဂါထာေတာ္ကိုရြတ္လွ်င္ေရဆူလာသည္။သံပုရာရည္ ေရွာက္ရည္ တို႔ကို ကိုင္၍ ရြတ္ဖတ္ လွ်င္အခ်ဥ္ဓာတ္ေပ်ာက္၍ အခ်ိဴဓာတ္ျဖစ္ လာႏိုင္ေတာ့၏ ။
sweetmyanmar

Unicode Version

နံ နက် အရုဏ်တက်ချိန်၅နာရီတွင်သမ္ဗုဒ္ဓေဂါထာတော်ကြီးအားရွတ်ဖတ်ရပါမည်။ရွတ်ဖတ်မည့်ပုဂ္ဂိုလ်မှာလူပုဂ္ဂိုလ်ဖြစ်ပါလျှင် ကိုယ်လက်သန့်ရှင်းခြင်းခန္ဓာကိုယ် သန့်ရှင်းခြင်း သန့်ရှင်းသောအဝတ်စားကိုဝတ်ဆင်ခြင်း ရဟန်းမှန်သမျှဒေသနာကြားခြင်း ကိစ္စ ကိုဆောင်ရွက်ရပါမည် ။

၅၁၂၀၂၈ ဆူကုန်သောဗုဒ္ဓဘုရားရှင်တို့အားရည်စူး၍ဆွမ်း ၉ ပွဲ ရေ ၉ ခွက် ပန်း ၉ ပွင့် ဖယောင်းတိုင်၉တိုင်ထွန်းအမွှေးတိုင် ၉ တိုင် ထွန်း ၍ ကပ်လှုပူဇော်ရမည်။ပြီးနောက်၅ ပါး သီလ တော်ကို ခံယူဆောက်တည်ပါ ။နတ်များကို ဖိတ်ကြားရပါမည်။

ဖိတ်ကြားပုံမှာ….”ကျွန်ုပ်သည်၅၁၂၀၂၈ဆူကုန်သောဗုဒ္ဓဘုရားရှင်အပေါင်းအားရည်စူး၍ရည်မှန်း၍သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးအား ၁၀၈ခေါက်တိတိရွတ်ဖတ်၍ပူဇော်ကန်တော့မည်ဖြစ်ပါ၍အရှေ့နေထွက်အနောက်နေဝင်တောင်မှာတံငါကွန်နက္ခတ် မြောက်မှာဓူဝံကြယ်အောက်မှာအဝီစိအထက်မှာဘဝဂ်ဤအတွင်းမှာတည်ရှိနေထိုင်ကြကုန်သောအလုံးစုံသောတောစောင့်နတ်များ တောင်စောင့်နတ်များ ရုက္ခစိုးနတ်များ ဘုမ္မစိုးနတ်များ

အာကာသစိုးနတ်များကမ္ဘာစောင့်နတ်မြို့စောင့်နတ်နယ်စောင့်နတ်ရွာစောင့်နတ်ရက်ကွက်စောင့်နတ်ကျောင်းစောင့်နတ်မိုးနတ်သား လေနတ်သား ရေနတ်သား လနတ်သားသမ္မာဒေဝနတ်များသာသနာတော်စောင့်နတ်များသူရဿတီ ဒေဝီနှင့်တကွ ဒေဝီ (၇) ပါး ဒေဝီ (၉) ပါးဒေဝီ (၁၂) ပါး ဓဋ္ဌရဌ ဝိရုဠက ဝိရုပက္ခ ကုဝေရ စသောစတုမဟာနတိမင်းကြီး ၄ ပါး

သိကြားမင်းနှင့်တကွ၃၃ကျိတ်သောနတ်မင်းနတ်မြတ်နတ်ဒေဝါအပေါင်းနှင့်တကွသူရဿတီမကြွင်းခပင်းများစွာနတ်ဗြဟ္မာအပေါင်းတို့ ဖိတ်ကြားပါ၏ ။ ဖိတ်ခေါ်ပါ၏ ။တရားနာယူရန် ကြွတော်မူုကြပါကုန်လော့ ။



ဤ အချိန်ဤအခါသည်ကား သမ္ဗုဒ္ဓေဂါထာတော်မြတ်အား (၁၀၈) ခေါက်တိတိ ရွတ်ဖတ်မည်ဖြစ်ပါ၍ တရားတော်မြတ်ကို အတူတကွနာယူကြပါရန်ဤနေရာဤဌာနဤအိမ်ဂေဟာသို့ဖိတ်ကြားပါ၏။ပန်ကြားပါ၏။ဖိတ်ခေါ်ပါ၏။တရားတော်မြတ်ဂါထာတော်မြတ်ကို နာယူရန် အတွက်ကြွရောက်တော်မူကြပါကုန်လော့ ။ ”

ထိုသို့ နတ်များအား ဖိတ်ကြားပြီးလျှင် ဘုရားရှေတော်တွင် တည်ငြိမ်စွာထိုုင်၍ သမ္ဗုဒ္ဓေဂါထာတော်ကြီးအားလေးလေးပင်ပင် ၁၀၈ ခေါက် ရအောင် ရွတ်ဖတ်ရာ၏ ။

၁၀၈ခေါက်တိတိရွတ်ဖတ်ပြီးပါလျှင်ဂါထာတော်ကြီး၏အနက်အဖွင့်ကိုအသံကျယ်ကျယ်ရွတ်ဖတ်ရာ၏။ပြီးစီးပါကပင့်ဖိတ်ကြားထားသောနတ်များအား၎င်းသတ္တဝါများအား၎င်းသူတော်ကောင်းအရိယာများအား၎င်းအမျှပေးဝေရာ၏။အမျှပေးဝေပြီးနောက် မိမိ တက်နိုင်သ၍ မေတ္တာပို့ပေးပါ။လိုအပ်သော အလိုရှိသောကိစ္စ အကြောင်းအရာအတွက် ဆု့တောင်းပါ ။ဤအချက် များနှင့်ညီညွတ်အောင် ကျင့်ဆောင်ပါလျှင် သမ္ဗုဒ္ဓေ ဂါထာ၏အစွမ်းသတ္တိ ဝင်လာပါတော့သည်။

ဂါထာအစွမ်းထက်မြတ်လာတော့၏။မိမိဆောင်ရွက်တိုင်းအကျိူးပေးနေတာ့သည်။နေ့စဉ်ကျင့်ဆောင်ပါလျှင်သြဇာအာဏာကြီးလာပါသည်။ပြောတိုင်းဆိုတိုင်းလုပ်တိုင်းကြံစည်တိုင်းအောင်မြင်လာပါတော့သည်။ဘေးရန်အန္တရာယ်ကင်းဝေးပပျောက်ရသည်။ မကောင်းသောအမင်္ဂလာမှန်သမျှ ကင်းဝေးပပျောက်ရ၏ ။

နာနာဘာဝဝိနာဘာဝအဝရုဒ္ဓကနတ်ဆိုးဘီလူးဆိုးမှန်သမျှကိုနိုင်နင်းတော့သည်။အနာရောဂါအမျိူးမျိူးကင်ဆာရောဂါအမျိူးမျိူးပျောက်ကင်း စေနိုင်သည်။ဤ သ်ု့ကျင့်ဆောင်လာခဲ့သော ပုဂ္ဂိုလ်သည် သမ္ဗုဒ္ဓေဂါထာတော်၏ စွမ်းအားသတ္တိ

ဝင်ရောက်လာမှု့ကြောင့်ဂါထာစွမ်းအားတက်လာသောကြောင့်ရေကိုကိုင်၍သမ္ဗုဒ္ဓေဂါထာတော်ကိုရွတ်လျှင်ရေဆူလာသည်။သံပုရာရည် ရှောက်ရည် တို့ကို ကိုင်၍ ရွတ်ဖတ် လျှင်အချဉ်ဓာတ်ပျောက်၍ အချိူဓာတ်ဖြစ် လာနိုင်တော့၏ ။
 sweetmyanmar

No comments:

Post a Comment