Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 17, 2019

ငါးေျခာက္ကို အငန္ဓာတ္နည္းေအာင္ အရသာရွိရွိ စားရေအာင္ ဖုတ္နည္း


ငါးေျခာက္ဖုတ္မယ္ ဆိုရင္အရင္ဆုံး ဆားရည္ထဲ ငါးေျခာက္ကို နာရီဝက္ေလာက္ စိမ္ထားပါ ၿပီးမွ ေရ ၃ ထပ္ ေလာက္ေဆးၿပီးရင္ဖုတ္လို႔ ရပါၿပီ။ ဆားရည္ စိမ္ျခင္း က ငါးေျခာက္ရဲ႕အငံဓာတ္ ကို နည္းသြားေအာင္ စုပ္ယူသလို ငါးေျခာက္လွန္းတဲ့ အခါ အခုသုံးေနၾကတဲ့ယင္မနားေဆးရဲ႕ အႏၲရာယ္ကလည္း နည္းသြားပါတယ္။

ေရဇလုံေလးတစ္လုံး ငါးေျခာက္ထုမယ့္ စင့္တီတုံးနား အသင့္ထားထားပါ။ ငါးေျခာက္ကို ႂကြပ္ႂကြပ္ မႀကိဳက္ပဲ ေပ်ာ့ေပ်ာ့ေလး စားခ်င္ရင္ေတာ့ ဆီထည့္ထားတဲ့ ပန္းကန္ေလးလဲ အဆင္သင့္ လုပ္ထားပါ။ ငါးေျခာက္ကို စၿပီးဖုတ္လို႔ မီးအပူနဲ႔ ေတြ႕ရင္ ငါးေျခာက္သားေလး စၿပီးေပ်ာ့ ေပ်ာင္းလာပါမယ္။
အဲ့ဒီ္ အခ်ိန္ ငါးေျခာက္ကို ျပန္ဆယ္ၿပီး ဖြဖြေလး အသားပြလာေအာင္ ထုၿပီးမွ ျပန္ဖုတ္ပါ။ ငါးေျခာက္က က်က္လာၿပီး တူးစျပဳလာရင္ အသင့္ထားထားတဲ့ ေရဇလုံ ထဲထည့္ၿပီး ခ်က္ခ်င္း ျပန္ဆယ္ပါ။

မီးေလး ခဏျပန္ျပ ၿပီး ဖြဖြေလးထုပါ။ ထုထားတဲ့ ငါးေျခာက္ကိုခ်က္ခ်င္း အပူဓာတ္မကုန္ခင္ ဆီစိမ္ပါ။ ဒါဆိုရင္ေတာ့ ငါးေျခာက္ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္း ေလးရပါၿပီ

သက္ႀကီး႐ြယ္အို မိဘေတြလဲ အဆင္ေျပေျပ ဝါးလို႔ ရပါတယ္။ ႂကြပ္တာ ႀကိဳက္ရင္ေတာ့ ထုလိုက္ ဆီစိမ္ လိုက္ မလုပ္ပဲ ထုထားတဲ့ ငါးေျခာက္ေတြ ကို ေအးသြားမွ ဆီစိမ္ပါ။ ဒါ ဆိုရင္ ေတာ့ ငါးေျခာက္ ႂကြပ္ႂကြပ္ေလး ရပါၿပီ
 ေ႐ႊပုဇြန္




Unicode Version

ငါးခြောက်ဖုတ်မယ် ဆိုရင်အရင်ဆုံး ဆားရည်ထဲ ငါးခြောက်ကို နာရီဝက်လောက် စိမ်ထားပါ ပြီးမှ ရေ ၃ ထပ် လောက်ဆေးပြီးရင်ဖုတ်လို့ ရပါပြီ။ ဆားရည် စိမ်ခြင်း က ငါးခြောက်ရဲ့အငံဓာတ် ကို နည်းသွားအောင် စုပ်ယူသလို ငါးခြောက်လှန်းတဲ့ အခါ အခုသုံးနေကြတဲ့ယင်မနားဆေးရဲ့ အန္တရာယ်ကလည်း နည်းသွားပါတယ်။



ရေဇလုံလေးတစ်လုံး ငါးခြောက်ထုမယ့် စင့်တီတုံးနား အသင့်ထားထားပါ။ ငါးခြောက်ကို ကြွပ်ကြွပ် မကြိုက်ပဲ ပျော့ပျော့လေး စားချင်ရင်တော့ ဆီထည့်ထားတဲ့ ပန်းကန်လေးလဲ အဆင်သင့် လုပ်ထားပါ။ ငါးခြောက်ကို စပြီးဖုတ်လို့ မီးအပူနဲ့ တွေ့ရင် ငါးခြောက်သားလေး စပြီးပျော့ ပျောင်းလာပါမယ်။



အဲ့ဒီ် အချိန် ငါးခြောက်ကို ပြန်ဆယ်ပြီး ဖွဖွလေး အသားပွလာအောင် ထုပြီးမှ ပြန်ဖုတ်ပါ။ ငါးခြောက်က ကျက်လာပြီး တူးစပြုလာရင် အသင့်ထားထားတဲ့ ရေဇလုံ ထဲထည့်ပြီး ချက်ချင်း ပြန်ဆယ်ပါ။



မီးလေး ခဏပြန်ပြ ပြီး ဖွဖွလေးထုပါ။ ထုထားတဲ့ ငါးခြောက်ကိုချက်ချင်း အပူဓာတ်မကုန်ခင် ဆီစိမ်ပါ။ ဒါဆိုရင်တော့ ငါးခြောက်ပျော့ပျော့ပျောင်းပျောင်း လေးရပါပြီ

သက်ကြီးရွယ်အို မိဘတွေလဲ အဆင်ပြေပြေ ဝါးလို့ ရပါတယ်။ ကြွပ်တာ ကြိုက်ရင်တော့ ထုလိုက် ဆီစိမ် လိုက် မလုပ်ပဲ ထုထားတဲ့ ငါးခြောက်တွေ ကို အေးသွားမှ ဆီစိမ်ပါ။ ဒါ ဆိုရင် တော့ ငါးခြောက် ကြွပ်ကြွပ်လေး ရပါပြီ
 ရွှေပုဇွန်

No comments:

Post a Comment