Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 17, 2019

ေငြ ၇ သိန္းေက်ာ္ ေကာက္ရထားသူက ေငြျပန္ေပးရန္ လူမႈကြန္ရက္မွတဆင့္ မူလပိုင္႐ွင္ကို႐ွာေဖြေန


လမ္းတြင္ ေကာက္ရခ့ဲသည့္ ေငြက်ပ္၇ သိန္းေက်ာ္ကို မူလပိုင္႐ွင္အား ျပန္ေပးရန္အတြက္ မအူပင္ၿမိဳ႕မွ ကိုေက်ာ္ေဇာဟန္ဆိုသူက လူမႈကြန္ရက္မွတဆင့္႐ွာေဖြေနေၾကာင္း သတင္းရ႐ွိသည္။
ကိုေက်ာ္ေဇာဟန္မွာ ယေန႔ နံနက္ပိုင္းက မအူပင္ၿမိဳ႕ေ႐ွာင္လမ္းေပၚတြင္ ဆိုင္ကယ္ေမာင္းႏွင္ရင္း ေငြက်ပ္ ၇ သိန္းေက်ာ္ပါ႐ွိသည့္ ေငြထုပ္ကို ေကာက္ရခ့ဲျခင္းျဖစ္ၿပီး ယင္းေငြကုိ ႐ိုးသားစြာျဖင့္ ပိုင္႐ွင္ထံျပန္ေပးရန္အတြက္ လူမႈကြန္ရက္မွတင့္ မူလပိုင္႐ွင္ကို ႐ွာေဖြေနျခင္းျဖစ္သည္။

“က်ေနာ္က ၿမိဳ႕ေ႐ွာင္လမ္းမွာ ဆိုင္ကယ္ေမာင္းေနရင္း အဲဒီအထုပ္ကို တက္ႀကိတ္မိတာ။ အဲဒါနဲ႔ ဘာေတြလဲဆိုၿပီး ဖြင့္ၾကည့္ေတာ့ ပိုက္ဆံ ၇ သိန္းေက်ာ္နဲ႔ စာတစ္ေစာင္ေရးထားတယ္။ တကယ္တမ္းေျပာရရင္ က်ေနာ္လည္း ေငြလိုေနတာ။ ၿပီးခ့ဲတ့ဲရက္ပိုင္းက က်ေနာ့္ဖုန္းေတြ၊
ပိုက္ဆံအိတ္ေတြ အခုိးခံထားရလို႔ေလ။ ဒါေပမယ့္ က်ေနာ္ဒီေငြေတြကို မယူပါဘူး။ ပစၥည္းေပ်ာက္သူခ်င္း ကိုယ္ခ်င္းစာပါတယ္။ စာထဲမွာ ေရးထားတ့ဲအေၾကာင္းအရာအတိအက်နဲ႔ ေငြ ၇ သိန္းေက်ာ္ရဲ႕ အစြန္းတြက္ေငြပမာဏ အတိအက်ေျပာျပႏိုင္သူကို ဒီေငြေတြ ျပန္လည္ေပးအပ္သြားမွာပါ”ဟု ေငြေကာက္ရထားသူ ကိုေက်ာ္ေဇာဟန္က ဧရာဝတီတိုင္းမ္ကို ေျပာသည္။

ပိုက္ဆံေပ်ာက္ဆံုးသူ မူလပိုင္႐ွင္အေနျဖင့္ ဖုန္းနံပါတ္ – ၀၉၉ ၆၅၆ ၅၇ ၁၁၈ ကို အခ်ိန္မေရြး ဆက္သြယ္ႏိုင္ေၾကာင္း ပိုက္ဆံေကာက္ရထားသူ ကိုေက်ာ္ေဇာဟန္က ေျပာသည္။

ဓာတ္ပံု – ေက်ာ္ေဇာဟန္ Facebook / Ayeyarwaddy_Times



Unicode

လမ်းတွင် ကောက်ရခဲ့သည့် ငွေကျပ်၇ သိန်းကျော်ကို မူလပိုင်ရှင်အား ပြန်ပေးရန်အတွက် မအူပင်မြို့မှ ကိုကျော်ဇောဟန်ဆိုသူက လူမှုကွန်ရက်မှတဆင့်ရှာဖွေနေကြောင်း သတင်းရရှိသည်။
ကိုကျော်ဇောဟန်မှာ ယနေ့ နံနက်ပိုင်းက မအူပင်မြို့ရှောင်လမ်းပေါ်တွင် ဆိုင်ကယ်မောင်းနှင်ရင်း ငွေကျပ် ၇ သိန်းကျော်ပါရှိသည့် ငွေထုပ်ကို ကောက်ရခဲ့ခြင်းဖြစ်ပြီး ယင်းငွေကို ရိုးသားစွာဖြင့် ပိုင်ရှင်ထံပြန်ပေးရန်အတွက် လူမှုကွန်ရက်မှတင့် မူလပိုင်ရှင်ကို ရှာဖွေနေခြင်းဖြစ်သည်။

“ကျနော်က မြို့ရှောင်လမ်းမှာ ဆိုင်ကယ်မောင်းနေရင်း အဲဒီအထုပ်ကို တက်ကြိတ်မိတာ။ အဲဒါနဲ့ ဘာတွေလဲဆိုပြီး ဖွင့်ကြည့်တော့ ပိုက်ဆံ ၇ သိန်းကျော်နဲ့ စာတစ်စောင်ရေးထားတယ်။ တကယ်တမ်းပြောရရင် ကျနော်လည်း ငွေလိုနေတာ။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျနော့်ဖုန်းတွေ၊
ပိုက်ဆံအိတ်တွေ အခိုးခံထားရလို့လေ။ ဒါပေမယ့် ကျနော်ဒီငွေတွေကို မယူပါဘူး။ ပစ္စည်းပျောက်သူချင်း ကိုယ်ချင်းစာပါတယ်။ စာထဲမှာ ရေးထားတဲ့အကြောင်းအရာအတိအကျနဲ့ ငွေ ၇ သိန်းကျော်ရဲ့ အစွန်းတွက်ငွေပမာဏ အတိအကျပြောပြနိုင်သူကို ဒီငွေတွေ ပြန်လည်ပေးအပ်သွားမှာပါ”ဟု ငွေကောက်ရထားသူ ကိုကျော်ဇောဟန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပိုက်ဆံပျောက်ဆုံးသူ မူလပိုင်ရှင်အနေဖြင့် ဖုန်းနံပါတ် – ၀၉၉ ၆၅၆ ၅၇ ၁၁၈ ကို အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ပိုက်ဆံကောက်ရထားသူ ကိုကျော်ဇောဟန်က ပြောသည်။

ဓာတ်ပုံ – ကျော်ဇောဟန် Facebook / Ayeyarwaddy_Times

No comments:

Post a Comment