Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 17, 2019

နမ့္ခမ္းျမိဳ႕မွာ မိသားစုလိုက္ ေရာင္းစားခံရတဲ့ ျဖစ္ရပ္


ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ကြတ္ခိုင္ျမိဳ႕နယ္၊မိုင္းယုေလးရြာတြင္ေနထိုင္သည့္ သားမိေလးေယာက္ကို နမ့္ခမ္းျမိဳ႕နယ္တြင္ေနထိုင္သည့္ လီမိန္းက်ိန္းဆိုသည့္ အမ်ိဳးသမီးမွဦးေဆာင္ျပီး တရုတ္ျပည္သို႔လူကုန္ကူး အျဖစ္ေရာင္းစားခဲ့တာေၾကာင့္ ……

က်ဴးလြန္သူေလးဦးကို မိသားစု၀င္မ်ားက သတင္ရရွိျပီး ျပည္သူစစ္မ်ားအကူအညီႏွင့္ ဖမ္းဆီရမိေၾကာင္း မိသားစု၀င္မ်ားထံမွသိရသည္။ “ကေလးႏွစ္ေယာက္နဲ႔သူအေမကို ေရာင္းစားလိုက္တာ …..

ဒီႏွစ္ ႏွစ္လပိုင္းကပါ သူအေဖကအလုပ္သြားေနတာ အိမ္မွာ မရွိဘူး ….အခုေရာင္းစားခံရတဲ့ သားမိသံုးေယာက္က က်ေနာ္ တူရဲ႕ မိန္းမနဲ႔ကေလးေတြပါ။

ေရာင္းတာေတာ့ သားမိေလးေယာက္လံုး ေရာင္းတာ သားအငယ္ႏွစ္ေယာက္နဲ႔ သူအေမကိုပဲ တရုတ္ေတြက၀ယ္တယ္တဲ့ သမီးအၾကီးေလးကို မ၀ယ္ေတာ့ ေရာင္းစားတဲ့ သူေတြက နမ့္ခမ္းျပန္ပို႔ထားလို႔ အခုလိုဖမ္းမိတာပါ” ဟု ေရာင္းစားခံသူ၏ ဦးေလးျဖစ္သူကေျပာသည္။

ေရာင္းမရလို႔ က်န္ခဲ့တဲ့ ကေလးကို ေရာင္းစားသူေတြရဲ႕အိမ္မွာထားျပီး ၀ယ္သူမရွိေသးလို႔ အခုလိုက်န္ေနတာ ပါသြားတဲ့ ကေလးႏွစ္ေယာက္ကေတာ့ ေသလားရွင္လား စံုစမ္းမရေသးဘူး …..

က်န္ခဲ့တဲ့ ကေလးက စိတ္ဒဏ္ရာရျပီး ေၾကာက္လန္႔ေနတယ္ ….ျပီးေတာ့ နည္းနည္းလည္ ေၾကာင္သလိုုျဖစ္ေနတယ္ သူတို႕ ေဆးေတြဘာေတြ တိုက္ထားလားလည္းမသိဘူး။ ဟု ၎ကဆက္ေျပာသည္။

ေရာင္းစားခံရသည့္ ကေလးအေမမွာ အသက္ (၃၀) ၀န္က်င္ရွိျပီျဖစ္ျပီး ကေလး ေယာက္က်ာၤးေလး ႏွစ္ေယာက္မွာေတာ့ ေလးႏွစ္ေက်ာ္ တစ္ေယာက္ တစ္ႏွစ္ေက်ာ္တစ္ေယာက္နဲ႔ မေရာင္းရေသးပဲက်န္ေနခဲ့ သမီးအၾကီးမွာ ခုႏွစ္ႏွစ္ျဖစ္သည္။

လူကုန္ကူးခံရသူမ်ားကို တရုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ ထိန္ခ်ံဳးျမိဳ႕မွာ ေရာင္းစားခဲ့ေၾကာင္း ဖမ္းဆီးရမိသည့္ လူကုန္သူမူက်ဴးလြန္သူမ်ားက ၀န္ခံေျပာဆိုသည္။

ယခု ျပစ္မူက်ဴးလြန္မ်ားကို ပန္းေဆးျပည္သူ႔စစ္ဌာနခ်ဳပ္၏လက္ေအာက္ခံ နမ့္ခမ္းျမိဳ႕ေပၚမွ ျပည္သူ႔စစ္ကသံုးရက္ၾကာ ထိန္းသိမ္းထားသည့္ အခ်ိန္တြင္ က်ဴးလြန္သူ အမ်ိဳးသမီး တစ္ဦးထြက္ေျပးသြားျပီး …..

က်န္ရွိသည့္ သံုးဦးကို ယေန႔ေမလ (၁၇)ရက္တြင္ နမ့္ခမ္း ျမိဳ႕မ ရဲစခန္းကိုသြားေရာက္အပ္ႏွံမည္ျဖစ္ေၾကာင္း သိရျပီး ပစ္မူက်ဴးလြန္သူမ်ားသည္။ အမ်ိဳးသမီး သံုဦး အမိ်ဳးသားတစ္ဦးျဖစ္သည္။
သတင္း/ဓာတ္ပုံ / by- လီေရွာမ်ိဳးဆက္ #Kan Baw Za

#Unicode Version#
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊မိုင်းယုလေးရွာတွင်နေထိုင်သည့် သားမိလေးယောက်ကို နမ့်ခမ်းမြို့နယ်တွင်နေထိုင်သည့် လီမိန်းကျိန်းဆိုသည့် အမျိုးသမီးမှဦးဆောင်ပြီး တရုတ်ပြည်သို့လူကုန်ကူး အဖြစ်ရောင်းစားခဲ့တာကြောင့် ……

ကျူးလွန်သူလေးဦးကို မိသားစုဝင်များက သတင်ရရှိပြီး ပြည်သူစစ်များအကူအညီနှင့် ဖမ်းဆီရမိကြောင်း မိသားစုဝင်များထံမှသိရသည်။ “ကလေးနှစ်ယောက်နဲ့သူအမေကို ရောင်းစားလိုက်တာ …..

ဒီနှစ် နှစ်လပိုင်းကပါ သူအဖေကအလုပ်သွားနေတာ အိမ်မှာ မရှိဘူး ….အခုရောင်းစားခံရတဲ့ သားမိသုံးယောက်က ကျနော် တူရဲ့ မိန်းမနဲ့ကလေးတွေပါ။

ရောင်းတာတော့ သားမိလေးယောက်လုံး ရောင်းတာ သားအငယ်နှစ်ယောက်နဲ့ သူအမေကိုပဲ တရုတ်တွေကဝယ်တယ်တဲ့ သမီးအကြီးလေးကို မဝယ်တော့ ရောင်းစားတဲ့ သူတွေက နမ့်ခမ်းပြန်ပို့ထားလို့ အခုလိုဖမ်းမိတာပါ” ဟု ရောင်းစားခံသူ၏ ဦးလေးဖြစ်သူကပြောသည်။

ရောင်းမရလို့ ကျန်ခဲ့တဲ့ ကလေးကို ရောင်းစားသူတွေရဲ့အိမ်မှာထားပြီး ဝယ်သူမရှိသေးလို့ အခုလိုကျန်နေတာ ပါသွားတဲ့ ကလေးနှစ်ယောက်ကတော့ သေလားရှင်လား စုံစမ်းမရသေးဘူး …..

ကျန်ခဲ့တဲ့ ကလေးက စိတ်ဒဏ်ရာရပြီး ကြောက်လန့်နေတယ် ….ပြီးတော့ နည်းနည်းလည် ကြောင်သလိုဖြစ်နေတယ် သူတို့ ဆေးတွေဘာတွေ တိုက်ထားလားလည်းမသိဘူး။ ဟု ၎င်းကဆက်ပြောသည်။

ရောင်းစားခံရသည့် ကလေးအမေမှာ အသက် (၃၀) ဝန်ကျင်ရှိပြီဖြစ်ပြီး ကလေး ယောက်ကျာၤးလေး နှစ်ယောက်မှာတော့ လေးနှစ်ကျော် တစ်ယောက် တစ်နှစ်ကျော်တစ်ယောက်နဲ့ မရောင်းရသေးပဲကျန်နေခဲ့ သမီးအကြီးမှာ ခုနှစ်နှစ်ဖြစ်သည်။

လူကုန်ကူးခံရသူများကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ထိန်ချုံးမြို့မှာ ရောင်းစားခဲ့ကြောင်း ဖမ်းဆီးရမိသည့် လူကုန်သူမူကျူးလွန်သူများက ဝန်ခံပြောဆိုသည်။

ယခု ပြစ်မူကျူးလွန်များကို ပန်းဆေးပြည်သူ့စစ်ဌာနချုပ်၏လက်အောက်ခံ နမ့်ခမ်းမြို့ပေါ်မှ ပြည်သူ့စစ်ကသုံးရက်ကြာ ထိန်းသိမ်းထားသည့် အချိန်တွင် ကျူးလွန်သူ အမျိုးသမီး တစ်ဦးထွက်ပြေးသွားပြီး …..

ကျန်ရှိသည့် သုံးဦးကို ယနေ့မေလ (၁၇)ရက်တွင် နမ့်ခမ်း မြို့မ ရဲစခန်းကိုသွားရောက်အပ်နှံမည်ဖြစ်ကြောင်း သိရပြီး ပစ်မူကျူးလွန်သူများသည်။ အမျိုးသမီး သုံဦး အမျိုးသားတစ်ဦးဖြစ်သည်။
သတင်း/ဓာတ်ပုံ / by- လီရှောမျိုးဆက် #Kan Baw Za

No comments:

Post a Comment