Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 27, 2019

သူ့ရဲ့ ဘ၀အမှန်ကို မိသားစုတွေ သိရှိသွားပြီးနောက် အားလုံးကိုတောင်းပန်ကာ ဘ၀ကိုအရှုံးပေးသွားတဲ့ လူငယ်လေး


ကောင်လေးကိုယ့်ကိုယ်ကိုမသတ်သေခင် နောက်ဆုံးရေးသွားတဲ့စာလေးပါ…

“တောင်းပန်ပါတယ်
ပါပါ နဲ့ မေမေ
ပါပါနဲ့ မေမေတို့ အမျိုးထဲမှာ ဒါမျိုးမရှိဘူးဆိုတာ သားသိပါတယ်. . .
သားစိတ်ကိုလည်း အမျိုးမျိုး ပြုပြင်ခဲ့ဖူးတယ်
ညိုညို၊ ၀င်းဝင်း နဲ့ တာတာကိုလည်း တောင်းပန်ပါတယ်။
ဝဋ်ကြွေးဆိုရင်လည်း ကြေချင်ပါပြီ။
အရာရာအားလုံးအတွက် တောင်းပန်ပါတယ်. ..
သားကြောင့် မိသားစု အကုန်းလုံး စိတ်အနှောက်အယှက် ဖြစ်ရတာ တကယ်တောင်းပန်ပါတယ်” လို့ ရေးထားတာဖြစ်ပါတယ်။
ကောင်လေးကGayဖြစ်နေတာကိုမိဘတွေသိသွားတယ်။မိဘတွေအနေနဲ့လဲစစချင်းဆိုတော့နားလည်လက်မခံနိုင်ဖြစ်ပြီးဖုန်းသိမ်းသွားတယ်။ဆူပူတယ်၊ကြမ်းတမ်းစွာဆူခဲ့ကြပေမယ့်လက်ဖျားနဲ့တောင်မရိုက်နှက်ခဲ့ကြပါဘူး။ဖုန်းထဲမှာကောင်လေနသူ့ရည်းစားကောင်လေးတို့စကားပြောထားတာတွေကိုမိဘတွေကတွေ့တော့ကောင်လေးလည်းရှက်ရှက်နဲ့သတ်သေသွားတယ်။

သူ့ရဲ့ဘ၀အမှန်ကိုမိသားစုတွေသိရှိသွားပြီးနောက်အားလုံးကိုတောင်းပန်ကာဘ၀ကိုအရှုံးပေးသွားတဲ့ လူငယ်လေး 3ထမင်းစားဖို့အခန်းထဲဝင်ခေါ်တော့ဆွဲကြိုးချပြီးsuicideပြီးနေတာကိုမြင်တွေ့ရတော့တာပဲ။သူ့အမေဆိုယူကြုံးမရဖြစ်နေရှာတယ်။ ကလေးရယ် မိဘတွေက စစချင်းတော့ မင်းရဲ့ဖြစ်တည်မှုကို လက်မခံပေမယ့် မင်းအနေနဲ့လက်ခံလာနိုင်အောင် အချိန်ယူပြီး ကြိုးစားရမှာပေါ့ကွယ်။လွယ်လွယ်နဲ့အရှုံးပေးလို့ဘယ်ဖြစ်ပါ့မလဲ။
ကောင်လေးရဲ့မိဘတွေက ကလေးကိုအရမ်းချစ်ကြသလို ရိုင်းစိုင်းကြမ်းတမ်းတဲ့မိဘတွေမဟုတ်ပါဘူး။ စစချင်းဆိုတော့ ဆူမိတာပေါ့။ ကလေးကလဲလိမ္မာပြီးလူချစ်လူခင်များပါတယ်။ ကောင်လေးက အရမ်းကြီးမိန်းမဆန်ဆန် Gay နေတာ မဟုတ်ဘူးဆိုတော့ မယုံနိုင်ဖြစ်ခဲ့တာပေါ့။ သူဟာယောကျာ်းလေးပဲ ပတ်ဝန်းကျင်မှာလဲယောကျာ်းလေးလိုနေထိုင်သူပါ။ Gayဆိုပေမယ့်လဲ အမျိုးမျိုးရှိသေးတယ်မဟုတ်ဘူးလား။
ဘာမှလဲပြန်ပြင်ဆင်လို့မရတော့ပါဘူးကွယ်။ မင်းအိပ်စက်စွာအေးဆေးအနားယူပါကွယ်။ နောက်ဒီလိုအဖြစ်မျိုးနဲ့ ဘဝဆက်တိုင်းမကြုံလာပါစေနဲ့ကွယ်။
တကယ်လို့ မိဘဖြစ်သူတွေ အနေနဲ့ ကိုယ့်သားသမီးတွေထဲမှာ ခုလိုမျိုး တစ်ယောက်ယောက် ပါလာခဲ့ရင် အတတ်နိုင်ဆုံး ကြိုးစားပြုပြင်ကြည့်ပါ။ပြုပြင်လို့ မရတော့ဘူးဆိုရင် ဖိအားတွေ အရမ်းမပေးဘဲ အတတ်နိုင်ဆုံး နားလည် ခွင့်လွှတ်ပေးကြပါလို့ တောင်းဆိုပါရစေ။
Harry Thiha






No comments:

Post a Comment