Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 23, 2019

အသိ-သတိ ရှိပါ -ညီမငယ်(သို့) မနမ်းထိုက်တဲ့ ပန်းတစ်ပွင့်


ကိုယ်နဲ့ လက်မထပ်ရသေးပဲနဲ့ facebook ပေါ်မှာကိုယ့်ချစ်သူ ပုံနဲ့နှစ်ယောက် တွဲတင်ခြင်းက ဓါးသွားထက်မှာ လမ်းလျှောက်နေရတာနဲ့ အတူတူပါပဲ~ညီမငယ်~

တစ်ကယ်လို့သာ ကံကြမ္မာက လှည့်စားသွားခဲ့ရင်ပထမဦးဆုးံ ထိရှခံစားရမှာက ဘယ်သူလို့ထင်လဲကိုယ့်နှလုးံသား မဟုတ်သလို မာနနဲ့ သိက္ခာတွေပါ -ညီမငယ်~

နှလုးံသားတွေ နာမကျန်းဖြစ်စေတာက တိတ်တဆိတ်လေးငိုကြွေးလို့ရတယ် ဂုဏ်သိက္ခာတွေ နာမကျန်းဖြစ်ရင် ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာ ပက်လက်မျောနေရမှာ ညီမငယ်မိသားစုပါ ~

ချစ်တာကို လက်ခံပါတယ် ဒါပေမယ့် နားလည်မူ့ဆိုတဲ့အလွှာလေးတစ်ခုခြားရုံနဲ့ လမ်းခွဲသွားကြရသူတွေ ကိုယ့်မျက်စိရှေ့မှာတင် တစ်ပုံကြီးပါ -ညီမငယ်~

အထူးသဖြစ် ဆယ်ကျော်သက်အရွယ် ညီမငယ်များကိုပိုပြီး သတိပေးချင်ပါတယ် ချစ်တတ်စမှာ ရှေ့နောက်မမြင်ပဲအပျော်ရွင်ပြီး နှစ်ယောက်တွဲပုံတွေ လက်မထပ်ရသေးခင်တင်နေလေ့ရှိကြတယ် ချစ်သူနှစ်ယောက် (သဟဇာတ)မကျလို့-အဆင်မပြေတဲ့အခါ မဆုံခဲ့ကျရင်ဖြစ်စေ ပထမဦးဆုးံနင့်နာရမှာက ညီမငယ် တို့ မိန်းကလေးသာ ဖြစ်ပြီး~

နောက်တစ်ယောက်နဲ့ ချစ်တဲ့ အခါမိမိရဲ့အိမ်ထောင်ဖက်နဲ့ အချစ်စစ်နဲ့ တွေ့သောအခါအရိပ်မည်းကြီးအဖြစ် ရှိနေတော့မှာပါချစ်တာကို လက်ခံလို့ ရပါတယ် ဒါပေမယ့် လက်မထပ်ရသေးခင် အထိ နှစ်ယောက်တွဲပုံကို facebook လိုကျယ်ပြန့်လှတဲ့ လူမူ့ကွန်ယက်မှာ လုးံဝ မတင်စေလိုပါ~

လက်ထပ်ပြီး သွားတဲ့ခါ တင်ပါ ပြုးံပျော်ရွင်နေတဲ့ ဘဝလေးကို အားကျအတုယူရင်းLikeတွေ Ment တွေအားပါးတရ ရေးပေးနေပါ့မယ်~

တစ်ကယ်တော့ facebook မှာ နှစ်ယောက်တွဲ တင်ရမှအချစ်စစ် ဖြစ်လာမှာ မဟုတ်ပါဘူး အဲ့ဒါတွေက အဘိုးအဖွားလက်ထက်မှာ ဘာမှမရှိခဲ့လို့ ညီမငယ်တို့ လူဖြစ်လာတာပါ~

စဉ်းစားတွေးခေါ်တတ်မှ ဘဝကအဓိပ္ပယ်ရှိသလိုထိန်းသိမ်းသင့်တာကို ထိန်းသိမ်းနိုင်မှ အဲ့ဒီဘဝက တန်ဖိုးရှိမှာပါ~

ချစ်သူက facebook မှာနှစ်ယောက်တွဲတင်ရမှ ချစ်မယ်ဆိုရင် ရဲရဲကြီးသာ လမ်းခွဲလိုက်ပါတော့ သူ့အချစ်က တစ်ဖက်သပ် ရူးမိုက်နေလို့ပါပဲ~

အချစ်စစ်က နှလုးံသားမှာပဲ ရှိတာပါ သစ္စာတရားက အသိညဏ်မှာ ခိုဝင်နေပါတယ် facebook ပေါ်မှာရှိနေတာမဟုတ်ပါဘူး ညီမငယ်~

လူသားတိုင်း လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိကြပါတယ် ဒါပေမယ့် ကိုယ့်ဘဝအတွက် ဘယ်ဟာကအဓိက ကျသလဲဆိုတာ ဦးဏှောက်နဲ့ စဉ်းစားတွေးခေါ်တတ်ပါစေ ညီမငယ် ~

facebook သုးံနေတဲ့ ညီမငယ်များ အမှန်တရားကိုမြတ်နိုးတန်ဖိုးထား ပြီး အနာဂတ်မှာ အပြစ်ကင်းစွာနဲ့ကမ္ဘာကို ကိုင်လှုပ်မယ့် ပုခတ်လွှဲသော မိခင်လောင်းများ ဖြစ်နိုင်ကြပါစေ လို့ဆုတောင်းမေတ္တာပို့သလျှက်

မေတ္တာဖြင့်

Credit.. . M’MT

ရဲရင့် ထွန်း

No comments:

Post a Comment