Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 23, 2019

အသက် ရှစ်နှစ်အရွယ် မိန်းကလေးအား အသက် ၁၅ နှစ်နှင့် ၁၄ နှစ်အရွယ်ရှိ လူငယ် နှစ်ဦးက သားမယားအကြိမ်ကြိမ် ပြုကျင့်


ပေါင်မြို့နယ်၌ အသက် ရှစ်နှစ်အရွယ် မိန်းကလေးအား အသက် ၁၅ နှစ်နှင့် ၁၄ နှစ်အရွယ်ရှိ လူငယ် နှစ်ဦးက သားမယားအကြိမ်ကြိမ် ပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားကြောင်း မေ ၂၄ ရက်က အဆိုပါရဲစခန်းမှသိရသည်။

ပေါင်မြို့နယ် ပေါင်းရပ်ကွက် ဝင်းခလုံးပိုင်းနေ တိုင်တန်းသူအမျိုးသမီးကြီးသည် မြဝတီမြို့သို့ အရောင်းအဝယ်ကိစ္စဖြင့် သွားရောက်ခဲ့ပြီးမေ ၁၁ ရက်က နေအိမ်သို့ ပြန်ရောက်လာစဉ် ထိုင်းနိုင်ငံ၌ မိဘများအလုပ်သွားလုပ်နေသဖြင့် စောင့်ရှောက်ထားသည့် အသက် ၈ နှစ်အရွယ် မြေးဖြစ်သူ လမ်းလျှောက်ပုံ မသင်္ကာ၍ ၎င်းအိပ်နေစဉ် ဘောင်းဘီချွတ်ကြည့်ခဲ့သည်။

မြေးဖြစ်သူ၏ အမျိုးသမီးအင်္ဂါ၌ ပြည်စို့နေသည်ကိုတွေ့ရပြီး နာနေသည်ဟုပြောဆိုသဖြင့် အဆိုပါ တိုင်တန်းသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက မေးမြန်းခဲ့ရာ အိမ်နီးချင်းဖြစ်သူ ခိုင်ကိုသက် (၁၅ နှစ်)နှင့် ထွန်းထွန်းဝင်း (၁၄ နှစ်)တို့ နှစ်ဦးက အကြိမ်ကြိမ်သားမယားပြုကျင့်ခဲ့ကြောင်း ပြောပြသဖြင့် သိရသည်ဆိုကာ သက်ဆိုင်ရာသို့ မေ ၂၁ ရက်တွင် လာရောက်တိုင်ကြားခဲ့သည်။

သက်ဆိုင်ရာက ခိုင်ကိုသက် (၁၅ နှစ်)နှင့် ထွန်းထွန်းဝင်း (၁၄ နှစ်)တို့အား ဖမ်းဆီးကာ ပေါင်ရဲစခန်းက (ပ)၁၇၀၇ /၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
The Myanmar Times

No comments:

Post a Comment