Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 8, 2019

လေယာဉ်ပျက်ကျမှုနှင့် နောက်ဆက်တွဲ ဝမ်းနည်း ဝမ်းသာ


"စိတ်ပျက်ဖွယ်ရာများ"

၁ . လေယာဉ်ပျက်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများအတွက် ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ကြီးကြီးမားမား.ထိခိုက်မှု မတွေ့ရှိရသေးသောကြောင့် ဝမ်းသာကြောင်း

၂ . လူအများထိခိုက်မှု ဖြစ်စဉ်သိလျှင်သိခြင်း အရေးပေါ်လုပ်ထုံးလုပ်နည်းများအတိုင်း မြောက်ဥက္ကလာပဆေးရုံကြီးမှ တာဝန်ကျကျန်းမာရေးဝန်ထမ်းများ အပြင် ရောက်ရာအရပ်မှ အ​ပြေးအလွှား လာရောက်ကြသော တာဝန်ချိန်မဟုတ်သော အရေးပေါ်ကုသမှုဆေးပညာရှင်များ ခွဲစိတ်အထူးကုများ အရိုးခွဲစိတ်အထူးကုများ ဓာတ်မှန်အထူးကုများ သူနာပြုများ အထွေထွေကျန်းမာရေးလုပ်သားများ စသည်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၏ ချီးကျူးဖွယ်ရာ တာဝန်သိစိတ်ဓာတ်များအား အထူးဂုဏ်ပြု ဂုဏ်ယူမိပါသည်
ထို့သို့လာရောက်ပြီး ရောက်ရှိလာသော လေယာဉ်လူနာများသာမက သာမန်အခြားလူနာများကိုပါ လစ်ဟင်းမှုမရှိရအောင် ရှိသည့်လူအင်အား စက်အင်အားများ ဖြင့် နိုင်နိုင်နင်းနင်း ဖိဖိစီးစီး ကုသမှုများကို လူ နာ၏ပြင်းထန်မှုအဆင့်ခွဲခြားပြီး အရေးပေါ်ကုသမှုနည်းနာများအတိုင်း အဆင်ပြေပြေစည်းစည်းလုံးလုံး ကုသမှုပေးနေနိုင်ခဲ့သည်မှာလည်း ကျေနပ်ပီတိဖြစ်စရာပင်ဖြစ်ပါသည်

သို့သော်

၃. ထိုသို့ နိုင်နိုင်နင်းနင်း ဖိဖိစီးစီး ကုသမှုများပြုလုပ်နေစဉ်တွင် ဝန်ကြီးချုပ်ရောက်လာပြီး ဝန်ကြီးချုပ်နောက်တွင် ဘာမှန်းမသိသော လူအုပ်ကြီးလည်း ပါလာ ကင်မရာမန်းများလည်းပါလာ ရဲများလည်းပါလာသည်မှာ မြောက်ဥက္ကလာပ ဆေးရုံအရေးပေါ်ဌာနလေး လူနာကုမရပဲ လူအုပ်ကြီးနှင့်ပြည့်သွားခဲ့သည်

စိတ်ပျက်ဖွယ် ၁ . ဝန်ကြီးချုပ်သည် တာဝန်ရှိပုဂ္ဂိုလ်ပီပီ အချိန်မတော် လာရောက်သည်မှာ ကောင်းမွန်သော်လည်း အရေးပေါ်ခန်းများအထိ ဝင်ရောက်ခြင်း လူနာများအကြား ဥပဒဟိုသွားလာနေခြင်းများမှာ တော်တော်ကို အဆင်မပြေဖြစ်လှသည်

၂ . သူသွားသောအခါတွင်လည်း (လာကြည့်ကြောင်း ဓာတ်ပုံအရိုက်ခံခြင်းလား အောင့်မေ့ရအောင်ပင်) ကင်မရာသမားများမှ တစ်ဖျက်ဖျက်ဖြင့် လူနာ၏အတွင်းရေးများ ပါမည်ကိုပင် ဂရုမစိုက်နိုင်ကြ (အလွန်တရာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဓာတ်ပုံရိုက်ခြင်းလုပ်ရပ် ဆေးရုံတွင်း ဓာတ်ပုံရိုက်ကူးခြင်းမပြုရဟူသော စည်းမျဉ်းအားချိုးဖောက်ခြင်း လုပ်ရပ်) များ သူ၏ရှေ့တွင် တွင် လုပ်ဆောင်နေကြသော်လည်း အနည်းငယ်မျှပင် တားဆီးခြင်းမရှိ

တာဝန်ကျဆရာဝန်ဆရာမများမှ ဓာတ်ပုံမရိုက်ရန်ပြောသော်လည်း ပြောမပေါက်

၃ .ပိုဆိုးသည်က ပါလာသည့်ရဲများပင်ဖြစ်သည် ရဲများ၏အလုပ်သည် ပြည်သူများ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုစောင့်ရှောက်ကာကွယ်ဖြစ်လင့်ကစား ယခုအခြေအနေအရ တိုင်းတစ်ပါးလူနာများအား တိုးလို့ပင် ကာကွယ်မှုပေးရမည့်အစား သူတို့အုပ်လိုက်ဝင်ရောက်ကာ ဓာတ်ပုံများ တစ်ဖျတ်ဖျတ်ရိုက်နေကြသည်မှာ စိတ်ပျက်ဖွယ်ရာပင်ဖြစ်ပါသည်

အမှန်တကယ်ဆိုလျှင် လုံခြုံရေးတာဝန်ကိုသာ တစ်စိုက်မတ်မတ်ယြူပီး လူအဝင်အထွက်ကို စိစစ်တာဝန်ယူပေးရမည်ဟု ထင်မြင်သည်

သို့သော်လည်း ဆရာဝန် ဆရာမများမှာ လူနာလည်း ကုသရ ဓာတ်ပုံသမားများလည်း မောင်းရ လူအဝင်အထွက်လည်း ထိန်းရနှင့် တော်တော် ဒုက္ခ ရောက်ရသည်

၎ ပရဟိတအသင်းများအနေဖြင့်လည်း ကူညီစိတ်အရင်းခံသော်လည်း စည်းစနစ်မရှိ သူတစ်လူငါတစ်မင်းဖြင့် လူနာများအလုအယက် ဖြစ်နေကြသည်

၅ အဆိုးရွားဆုံးမှာ ဝန်ကြီးချုပ်သည် တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်သော်လည်း ယခုကဲ့သို့အခြေအနေမျိုးတွင် သက်ဆိုင်ရာ ကျွမ်းကျင် အရေးပေါ်အထူးကုပါမောက္ခများ ခွဲစိတ်ဆရာဝန်ကြီးများ အရိုးခွဲစိတ်ဆရာဝန်ကြိးများနှင့်သာ အစည်းအ​ဝေး လုပ်ပြီး လိုအပ်သည်များကို ကူညီဖေးမရန် လုပ်ဆောင်ပေးရန် သင့်လျော်သည့်အစား မိမိမကျွမ်းကျင်သောနေရာတွင်ဝင်၍ မသင့်လျော်သော ညွှန်ကြားမှုများပြုလုပ်သွားသည်မှာ ဆိုးရွားလှသည်

၆ ပြောခဲ့တဲ့စကား ကြားမိတာ တစ်သက်မမေ့
"သည်လိုနေရာမှာ ဘာမှမရှိဘူး စက်လည်းမပြည့်စုံ နေရာကလည်းစုတ် ဘာfacility မှ မရှိ. သည်လူတွေအကုန် အခုပဲ ရန်ကုန်ဆေးရုံကြီး ကိုရွေ့ အခုရွေ့" ဆိုတော့ကာ ဘယ်သူမှ မရှိခင် မီးပျက်မိုးရွာကြားထဲက အသီးသီးလာရောက်လုပ်ဆောင်နေကြတဲ့ ပါ​မောက္ခ အစ အထွေထွေလုပ်သားအဆုံး ငပေါလုံးလုံးဖြစ်သွားရှာပေါ့
သည်မြောက်ဥက္ကလာဆေးရုံမှာ ဆေးလာကုနေကြတဲ့ လူတွေ လူနာတွေကရော အဆင့်မရှိတဲ့နေရာမှာ ဖြစ်သလိုကုခဲ့ကြရတာပေါ့လား
သည်မြောက်ဥက္ကလာဆေးရုံကို ဖြစ်သလို ပစ်ထားတဲ့ အဲ့စကားပြောတဲ့ ဝန်ကြီးချုပ်ကရော တာဝန်မရှိခဲ့ဘူးလား

၆. သူက အဲ့လိုပြောပြီးရွှေ့ခိုင်းတော့ ကျန်းမာရေးဝန်ထမ်းတွေခမျာ စိတ်ထောင်းကိုယ်ကြေနဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဆိုသော procedure အတိုင်းသာ လိုက်လုပ်ကြရတော့သည်

ချက်ချင်းကြီးရွှေတော့ ဗရုတ်သုပ်ခဖြစ် လူအုပ်ကြီးကလည်း ထိန်းမယ့်ရဲမရှိ ဆရာဝန်ဆရာမတွေပဲ ဒုက္ခ များ

ပြောချင်တာအများကြီးကျန်သေးပေမယ့်လည်း သည်မျှနဲ့ပဲ အလုပ်ပြုတ်ဖို့ လုံလောက်ပါသည်

ဒါပေမယ့် ကြားရတဲ့စကားလုံးတွေ မြင်ရတဲ့မြင်ကွင်းတွေက တစ်ပေအကွာပါ

ဝန်ကြီးချုပ်နဲ့ အဖွဲ့လည်း နောင် သက်ဆိုင်အလုပ်ကိုသာ စနစ်ကျကျကျေပွန်စေဖို့ မျှော်လင့်ပါတယ်
ရဲများလည်း ရဲအလုပ်သာ ကျေပွန်စေဖို့မျှော်လင့်ပါတယ်
မီဒီယာများလည်း ကျင့်ဝတ်သိက္ခာရှိပြီး စည်းစောင့်တဲ့ မီဒီယာ ဖြစ်လာပါစေ
ပရဟိတသမားများလည်း စုစည်းမိကြပြီး အရေးပေါ်လူနာတင်ကွန်ရက် ဖြစ်ပေါ်လာပါစေ

ပုံ
ဝမ်းနည်းကြေကွဲခဲ့ရသော အရေးပေါ်ဆရာဝန်တစ်ဦး

ဝန်ကြီးချုပ်သိအောင်သာ မျှဝေပေးကြပါတော့ဗျာ

ပုံတစ် လေယာဉ်ပျက်ကျခဲ့ပုံ

ပုံနှစ် ညဆယ့်နှစ်တိုင် အိမ်မပြန်ကြသေးပဲ လူနာများကုသမှုအပြီး ဖြစ်စဉ်အား ပြန်လည်သုံးသပ်ဆေွးနွေးနေကြသော အရေးပေါ်ကုသမှုဌာနကျန်းမာရေးဝန်ထမ်းများ (တာဝန်သူများက အပြင်မှာ အလုပ်ဆက်လုပ်)
မျက်နှာတွေကိုမြင်ရင် ခံစားချက်တွေကို နားလည်မှာပါ

No comments:

Post a Comment