Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 9, 2019

စကာင်္ပူသူဋ္ဌေးကို အံ့သြမှင်သက်စေခဲ့သော မအူပင်မြို့ နယ် ထန်းပင်ကွေ့က ကရင်မလေး ဖွေးစိန်


စကာင်္ပူသူဋ္ဌေးကို အံ့သြမှင်သက်စေခဲ့သော မအူပင်မြို့ နယ် ထန်းပင်ကွေ့က ကရင်မလေး ဖွေးစိန်
သမုဒ္ဒရာ ဝမ်းတစ်ထွာ
မိသားစုအရေး ဘဝရှေ့ရေးအတွက် သူများနိုင်ငံ လာအလုပ်လုပ်တာလေ ကျွန်လာခံတာမှ မဟုတ်တာ အဖိနှိမ့်ခံ အပြောအဆိုခံဖို့မှ မဟုတ်တာ သူတို့ပေးတဲ့ လစာနဲ့ ထိုက်တန်တဲ့ လုပ်အားကို ပေးခဲ့တာပဲ အလုပ်ရှင်နဲ့အလုပ်သမားပဲ

လူလူချင်းအပေါ် ငါလစာပေးထားရတယ် ပက်ဆံပေးရတယ်ဆိုပြီး သူတို့ပြောသမျှ ဆိုသမျှ ခေါင်းငုံ့ခံကာ နေတတ်တဲ့သူတွေထဲ ဖွေးစိန် တစ်ယောက်မပါပေါင်းလစာနဲ့ ထိုက်တန်တဲ့ လုပ်အားကို အပြည့်ပေးဆပ်ခဲ့တာ သူတို့ပြောသမျှ ဆိုသမျှ ခံနေရမှာတဲ့လား တန်းတူညီမျှမှု ခွဲခြားဆက်ဆံမှု မရှိစေရဆိုတဲ့ ကိုယ်ပိုင်လူ့အခွင့်အရေးဆိုတာ လူသားတိုင်း ခံစားခွင့် ရှိနေတယ်မဟုတ်လား။

မိသားစုအရေးကြောင့် စကာင်္ပူကို စွန့်စားပြီး ထွက်ခွါ လာခဲ့ရတာ စင်္ကာပူသွားရင် ဒါတွေ ဒါတွေ သင်ယူဖို့လိုတာ ဆိုတာတွေ အေဂျင့်တွေ စီစဉ်သမျှ ပေးသမျှ သင်တန်းတွေ သင်ယူပြီးမှ ဖွေးစိန်က လာခဲ့တာ ဘလိုင်းသက်သက် လာခဲ့တာမဟုတ်ဘူး

” နင်တို့ မြန်မာတွေ ဘာမှ စောက်သုံးမကျဘူး ” တဲ့ပြောလိုက်တဲ့ သူဋ္ဌေးစကား အသဲကို ဆတ်ဆတ်ခါအောင် နာကျင်သွားတာ ပြောတာတောင် နိုင်ငံနဲ့ချီ ပြောတာ နိုင်ငံကို ထိပါးပြောတာ တစ်နိုင်ငံလုံးကို စော်ကားလိုက်တာ

ဖွေးစိန်တစ်ယောက်ထဲကို ” နင်က ဘာမှ အသုံးမကျဘူး ” ပြောရင် ခံနိုင်သေး သီးခံနိုင်သေး ခုက နိုင်ငံကို ထိပါးတဲ့ စကားကို ပြောတာ ဖွေးစိန် ဘယ်သီးခံနိုင်ပါမလဲဖြစ်ပုံက ဒီလို
သူဋ္ဌေးက လျှာရှည်ပြီး အလုပ်နဲ့ မသက်ဆိုင်တဲ့ စကားအပိုတွေနဲ့ အင်္ဂလိပ်လိုမေးတာ ပြောတာကို ပြန်မပြောနိုင်လို့တဲ့လေ
နင်တို့ မြန်မာတွေ ဘာမှ စောက်သုံးမကျဘူးဆိုပြီ ပြောလိုက်တာ

ကိုယ်က အင်္ဂလိပ်လူမျိုးမှ မဟုတ်တာ အင်္ဂလိပ်တစ်ယောက်လို ဘယ်လိုပြောနိုင်မလဲ အလုပ်ကိစ္စပဲ ပြောနိုင်မှာပေါ့
ခု မင်းတို့ရွာက ဘာတွေလုပ်စားကြသလဲ အိမ်ခြေဘယ်လောက်ရှိလဲ မင်းတို့နိုင်ငံက အေးလား ပူလား ရာသီဥတုတွေကော ဘာတွေကော လိုက်မေးနေတာ အကုန်ဘယ်လိုပြောတတ်မှာလဲ လို့
ဒါကိုပဲ စောက်သုံးမကျဘူးပြောတော့ ခံနိုင်ရိုးလား

သူဋ္ဌေးကို မီးတောက်တဲ့မျက်လုံးနဲ့ ပြန်ကြည့်ပြီးဖွေးစိန် ပြန်ပြောလိုက်တယ်။သူဋ္ဌေးကို ကျမစိန်ခေါ်တယ် ကျမ အသုံးကျ မကျ နောက်၂ နှစ်ပြည့်ရင် သူဋ္ဌေးကပဲ ကျမတို့ရဲ့စကားကို ပိုပြောနိုင်မလား ကျမကပဲ သူဋ္ဌေးတို့ရဲ့ စကားကို ပိုပြောနိုင်မလား စိန်ခေါ်ရဲလား လို့ မေးလိုက်တယ်။

စကာင်္ပူသူဋ္ဌေးကို အံ့သြမှင်သက်စေခဲ့သော မအူပင်မြို့ နယ် ထန်းပင်ကွေ့က ကရင်မလေး ဖွေးစိန် 1

သူဋ္ဌေးရဲ့ မျက်နှာမှာ ရုတ်ချည်းအံ့သြသွားတယ် မမျော်လင့်တဲ့ စကားက သူဋ္ဌေးရဲ့ အရှိုက်ကို ထိပုံရတယ် နောက်မှ သူဋ္ဌေးက မဲ့ပြုံးပြုံးပြီး မင်းစိန်ခေါ်မှုကိုငါလက်ခံတယ်တဲ့ကျေးဇူးတင်ပါတယ် သူဋ္ဌေး ဒီလိုစိန်ခေါ်နေတဲ့ နေ့ရက်မတိုင်ခင်ထိ ကျမကို မင်းတို့ မြန်မာတွေ စောက်သုံးမကျဘူး ဆိုတဲ့စကား လုံးဝမပြောပါ ဆိုတာလည်း ကျမကို ကတိပေးဖို့ လိုမယ်ထင်တယ်

အိုကေလေ မင်းပြောတဲ့ ၂ နှစ်မပြည့်ခင်ထိ ငါမပြောဘူး စိတ်ချ ကတိပေးတယ်တဲ့ဖွေးစိန်လေ စိန်ခေါ်ထားမှတော့ ဘယ်အညံ့ခံမလဲ
မြန်မာတွေ မညံ့ဘူးဆိုတာ သူဋ္ဌေး သိစေရမယ်
မြန်မာတွေ ဘယ်လောက်ထိ ထက်မြက်လည်းဆိုတာ သူဋ္ဌေးသိစေရမယ် ။

အလုပ်ပြီးတာနဲ့ အင်္ဂလိပ်စကားလေ့လာ မှန်ရှေ့မှာ
မတ်တပ်ရပ် ကိုယ့်ကိုယ့်ကို ပြန်ကြည့်ုပီး အင်္ဂလိပ်ပြောလေ့ကျင့်
တစ်ရက် နှစ်ရက် တစ်လ နှစ်လ တစ်နှစ် ၂ နှစ်သူဋ္ဌေး ဒီနေ့ ကျမကို အချိန်ပေးနိုင်မလား ”

မင်းဘာလုပ်ဖို့လဲ ခွင့်ယူဖို့လား အပြင်ထွက်ဖို့လားမဟုတ်ပါဘူး သူဋ္ဌေးနဲ့ ကျမ စားပွဲပေါ်မှာ ထိုင်ပြီး စကားတွေပြောချင်လို့ပါ ”သူဋ္ဌေး မျက်ခုံးမြင့်တက်သွားတယ် တစ်ချက်စဉ်းစားတယ် ပြီးမှ ကောင်းပြီးလေ ဒီညနေ ငါအလုပ်က ပြန်လာတဲ့အခါ မင်းနဲ့ စားပွဲပေါ်မှာ စကားပြောကြတာပေါ့ ငါစောပြီး ပြန်လာခဲ့မယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ရပ်ကို သူဋ္ဌေး မေ့နေလောက်ပြီးမှန်း သူဋ္ဌေးကိုကြည့်တာနဲ့ သိနေပါတယ် ပြောခဲ့သူအတွက် ပြောပြီးသား စကားလေထဲ ပျောက်ကွယ်သွားသလို သူဋ္ဌေးရဲ့ အသိမှာလဲ ပျောက်ကွယ်သွားပါပြီး
အပြောခံရသူအတွက် အသဲထဲ အရိုးထဲ စိမ့်နာသလို
ဘယ်တော့မှ မမေ့ဘူးဆိုတာလည်း ဒီနေ့မှာတော့ သူဋ္ဌေးသိသွားမှာပါ။

ဒါပေမဲ့ သူဋ္ဌေးနဲ့ ဖွေးစိန် ဆက်ဆံရေးက အရင် ၂ နှစ်တုန်းကလို သူစိမ်းမဆန်တော့ပါဘူး တကယ့်ကို မိသားစုသဖွယ် ဖြစ်နေပါပြီး စကားဝိုင်းက နွေးထွေးမှာပါလေသူဋ္ဌေးက သူ့စကားအတိုင်းပဲ ညနေ အစောကြီး ပြန်လာခဲ့တယ် အရင်တုန်းကလည်း မိသားစုတွေနဲ့ အတူထမင်းစားနေကျမို့ ဒီနေ့မှာလည်း သူဋ္ဌေးတို့ မိသားစုတွေနဲ့ ထမင်းစားကြပါတယ်။

ကံကောင်းတာတစ်ခုက သူဋ္ဌေးတို့မိသားစုဟာ ဖွေးစိန်ကို အလုပ်သမားတစ်ဦးလို မဆက်ဆံပဲ ကောင်းကောင်းမွန်မွန် မိသားစုဝင်တစ်ယောက်လို ဆက်ဆံလေ့ရှိတာပါပဲ တစ်ခါတစ်လေ အပြောအဆိုမတတ်တာကလွဲလို့ပေါ့ကဲ ဖွေးစိန် မင်းဘာပြောမလို့လဲ ပြောလို့ရပြီး

သူဋ္ဌေးတို့ စင်္ဂပူနိုင်ငံက တအားကို တိုးတက်ပြီး စည်းကမ်းရှိလိုက်တာနော် နိုင်ငံကလူတွေလည်း ချမ်းသာတယ် နိုင်ငံလည်းချမ်းသာတယ် အာရှကျားလို့လဲ တင်စားခေါ်ဝေါ်တာ ခံရတယ် ဒီစင်္ဂပူနိုင်ငံကြီးကိုလေ့ဘယ်ရမလဲ ဖွေးစိန်လေ စကာင်္ပူနိုင်ငံအကြောင်း ကမ္ဘာ့နိုင်ငံအကြောင်း ဖေ့ဘုတ်မှာ တင်သမျှ မှတ်ထားသမျှ လေ့လာထားသမျှတွေကို အင်္ဂလိပ် အားရပါးရပြောသွားလိုက်တာ သူဋ္ဌေးဆို ငေးလို့ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေတော့တာ စကားဆုံးတော့မှ သူဋ္ဌေးက မေးတယ်

မင်းတယ်ပြီးသိပါလား ငါတို့နိုင်ငံအကြောင်းရော တခြားနိုင်ငံအကြောင်းတွေရော ငါမထင်ထားဘူး ”သူဋ္ဌေး လွန်ခဲ့တဲ့ ၂ နှစ်က စိန်ခေါ်မှုတစ်ခုကို သူဋ္ဌေးမှတ်မိသေးလား ဘယ်သူက ဘယ်သူ့စကားကို ပိုပြောနိုင်တယ်ဆိုတာကိုလေ ခုသူဋ္ဌေးအလှည့် ကျမနိုင်ငံအကြောင်းကို ကျမမမေးပါဘူး သူဋ္ဌေးနိုင်ငံအကြောင်းကိုပဲ ကျမတို့စကားနဲ့ ပြောပြစမ်းပါ ”

ဟာ ငါမင်းတို့စကားမတတ်ဘူး မင်္ဂလာပါတစ်လုံးထဲ တတ်တယ် ”ဖွေးစိန်ပြုံးလိုက်တယ် ဒီအပြုံးက ဖွေးစိန်အတွက် တကယ့်ကို အရသာရှိတဲ့ တကယ့်ကို တစ်သက်အမှတ်ရစရာကောင်းတဲ့ အပြုံးတစ်ခုလို့ပဲ ဖွေးစိန် စိတ်ထဲ မှတ်ယူထားခဲ့တယ် ပြီးမှ တစ်လုံးချင်း သူဋ္ဌေးကို ပြောလိုက်တယ်

Boss Dont forget that everyone love their country and no one have to be patient if their country to be insulted. Boss admit that our people are not brainless as you think.

သူဋ္ဌေး လူတိုင်းမှာ နိုင်ငံချစ်စိတ်ရှိတယ် ဆိုတာ သူဋ္ဌေးမမေ့ပါနဲ့ နိုင်ငံကိုထိရင် ဘယ်လူမျိုးမှ သီးခံနိုင်မှာ မဟုတ်ဘူးဆိုတာ သူဋ္ဌေးမမေ့ပါနဲ့ ခု သူဋ္ဌေး ဝန်ခံလိုက်စမ်းပါ ကျမတို့ မြန်မာတွေဟာ သူဋ္ဌေးထင်သလို မညံ့ဘူးဆိုတာ ဝန်ခံလိုက်စမ်းပါဖွေးစိန် ဒီစကားကို ပြောလိုက်တဲ့အချိန်မှာ သူဋ္ဌေးက အံ့သြမှင်သက်စွာပဲ ဖွေးစိန်ကို မမြင်ဖူးသလို ကြည့်ပြီး

I apologize you for i said and insulted to your country that I was not intention for it. I admit that your people are not brainless and they love their country more than other people.

တောင်းပန်ပါတယ် မင်းတို့နိုင်ငံကို စော်ကားပြီး ပြောမိသလိုဖြစ်သွားတာ အဲဒီတုန်းက ငါပြောတာမင်းနားမလည်လို့ စိတ်တိုပြီး ပြောမိခဲ့တာ နိုင်ငံကို ထိပါးပြီး ရည်ရွယ်ပြောခဲ့တာမဟုတ်ပါဘူး အဲလို သဘောသက်ရောက်ရင်လည်း တောင်းပန်ပါတယ်
မင်းတို့မြန်မာတွေဟာ လုံးဝမညံ့ဘူးဆိုတာ ငါဝန်ခံပါတယ် ဒီထက်ပိုပြီး မင်းကို ပြောစရာရှိတာက မင်းတို့မြန်မာတွေဟာ ကိုယ့်နိုင်ငံကို ထိပါးရင် သူများတွေထက် ပိုပြီ မခံမရပ်နိုင်အောင် နိုင်ငံကို ချစ်တယ်ဆိုတာလည်း ငါသဘောပေါက်လိုက်ပြီး လို့ သူဋ္ဌေးက ဝန်ခံချီးကျူးစကားကို ပြောဆိုလိုက်ပါတယ်။

ဒီစကားဟာ သူဋ္ဌေးရဲ့ ရင်ထဲက လေးလေးနက်နက် ထွက်လာတဲ့ စကားဆိုတာလည်း သူဋ္ဌေးရဲ့ အမူအရာက သက်သေခံနေခဲ့ပါတော့တယ်။အားနဲ့မာန်နဲ့ စကားတွေ သူ့အဖြစ်ကို ပြောပြနေသော ဖွေးစိန်ကို ကျတော်ငေးကြည့်မိသည်။အသားဖြူဖြူ မျက်မှန်လေးနှင့် နူးနူးညံ့ညံ့နေတတ်သော ဖွေးစိန်က နိုင်ငံကို ထိပါး၍ ပြောဆိုတာ ခံရသည့်အခါ ကျားသစ်မ တစ်ကောင်လို ပြန်တုန့်ရဲသည့်သတ္တိ

မြန်မာတွေ မညံ့ကြောင်း တိုင်းတစ်ပါးသားကို သက်သေပြခဲ့သည့် သူမ၏ နိုင်ငံချစ်စိတ်ဓာတ်

မိမိတို့ မြန်မာလူမျိုးကို အထင်သေးသည့်သူထံမှ
မြန်မာလူမျိုးမှန်လျှင် မိမိတို့နိုင်ငံအပေါ် မည်မျှချစ်ကြောင်း သစ္စာရှိကြောင်း ပြသရင်း ကိုယ့်မြန်မာနိုင်ငံသားကို အထင်မသေးရဲအောင် စွမ်းဆောင်နိုင်ခဲ့သည့်
“ဖွေးစိန်” ဆိုသော သူမကား မအူပင်မြို့နယ် ထန်းပင်ကွေ့ ရွာမှ ကရင်လူမျိုးတစ်ဦးပင် ဖြစ်တော့သည်။

သူမ၏ နိုင်ငံချစ်စိတ် မဟုတ်မခံချင်စိတ် ကို လေးစားသောအားဖြင့် ဤစာစုဖြင့် သူမကို ဂုဏ်ပြုလိုက်ရပါသည်။ဖွေးစိန်ကဲ့သို့ ရဲရင့်သော မိန်းကလေးများ မြောက်များစွာ ပေါ်ထွန်းပါစေကြောင်းလည်း ဆန္ဒပြုမိပါ၏။မှတ်ချက်။ ။ အင်္ဂလိပ် ကို မြန်မာဘာသာပြန်ရာတွင် အဓိပ္ပါယ် မပြည့်စုံမှု စကားလုံးပိုလွန်ရှိပါ ဘာသာပြန်သူ မိမိ၏ အားနည်းချွတ်ယွင်းချက်သာ ဖြစ်ပါကြောင်း ဝန်ခံအပ်ပါသည်။

No comments:

Post a Comment