Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 22, 2019

ဒေါသရှေ့ထားလို့ မှားမိလိုက်တဲ့လူသတ်မှု





#Unicode Version#
အမှုဖြစ်စဉ်မှာ ယနေ့မနက် ၆ နာရီ အချိန်တွင်အင်းစိန်မြို့နယ်အောင် ဆန်းရပ်ကွက် ကန်ဦးဘုန်းကြီးကျောင်းဝင်းအနောက်ဖက် ဘုရားမုခ်ဦးဝတွင်ယခင်ကအမြဲတမ်းအိပ်လေ့ရှိသူ ထွန်းထွန်းဝင်း(၂၆)နှစ်ပန်းရံလုပ်ကိုင်သူသည်

ပက်လက်လှန် အနေအထားဖြင့် ဝဲဘက်ချိုစောင်း ဖူးယောင်ဒဏ်ရာ(၁)ချက် ပါးစပ် နှာခေါင်းတို့မှ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို အကိုဖြစ်သူ ကိုနိုင်လင်းအောင်မှ တွေ့ရ၍ စုံစမ်းမေးမြန်း ခဲ့ရာ

တစ်ရပ်ကွက်ထဲနေ ခင်မောင်ဝင်း(၃၄)နှစ် ဆိုသူနှင့် ၂၀.၄.၂၀၁၉ ရက်နေ့ ည(၁၀၀၀) နာရီအချိန်ခန့်တွင် အရက်မူး စကားများ ရန်ဖြစ်ကြပြီးခင်မောင်ဝင်းမှ အရှည်၂ပေခန့် ရှိ ဝါးတုတ်ဖြင့် ဦးခေါင်းအားရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရ၍

နယ်ထိန်းရဲဒုတပ်ကြပ်မျိုးမင်းလတ်နှင့် တပ်ဖွဲ့ဝင်များမှလူသတ်တရားခံအား အချိန်တိုအတွင်းဖမ်းဆီးရမိခဲ့ပြီး အင်းစိန်မြို့မရဲစခန်း ရဲအုပ်လှအောင်မှ(ပ)၁၀၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသတင်းရ ရှိသည်။
နိုင်ငံတော်မှတ်ကြီး(လွိုင်ကော်)

No comments:

Post a Comment