Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 22, 2019

အေဒၚကို ဓားျဖင့္ခုတ္သတ္ၿပီး မိမိကိုယ္ကိုသတ္ေသမႈ ျဖစ္


ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ေတာင္ဒီးရြာ ကဇိုင္းခိရပ္တြင္ ဇနီးျဖစ္သူ၏ အေဒၚအား ဓားျဖင့္ခုတ္သတ္ကာ မိမိကိုယ္ကို ႀကိဳးဆြဲခ် သတ္ေသခဲ့သည့္ ျဖစ္စဥ္တစ္ခု ယေန႔ ဧၿပီလ ၂၁ရက္၊ ေန႔လည္ ၁၁နာရီအခ်ိန္၌ ျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ေတာင္ဒီးရြာရွိ အသက္ ၃၈ႏွစ္အရြယ္ ေစာအားခိုးေနာက္သည္ ၎ဇနီးသည္၏ အေဒၚေတာ္စပ္သူ ေဒၚမုၿငိမ္း အသက္ ၅၈ႏွစ္အား ဓားျဖင့္ လိုက္လံခုတ္သတ္ခဲ့ၿပီးေနာက္ မိမိကိုယ္ကိုလည္း ႀကိဳးဆြဲခ်ကာ သတ္ေသလိုက္ေၾကာင္း

ထိုအမႈ ႏွင့္ပတ္သက္၍ လိုက္ပါေဆာင္ရြက္ေနသည့္ ေကအဲန္ယူ လက္ေအာက္ခံ၊ ကရင္ရဲတပ္ဖြဲ႔- KNPF တာဝန္ရွိသူမ်ားက ေကအိုင္စီ သို႔ အတည္ျပဳ ေျပာဆိုသည္။

ဝင္းေရးၿမိဳ႕နယ္ KNPF ဒုရဲတပ္ဖြဲ႔မႉး ဗိုလ္ေစာၿငိမ္းခ်မ္းက “ဓားခုတ္တဲ့လူက အရင္နဂိုကတည္းက စိတ္မႏ႔ွံသလိုလို တစ္ခါတစ္ခါ ျဖစ္ဖူးတယ္။ ဒီလိုမႈခင္းမ်ိဳးက က်ဴးလြန္သူေတြရဲ႕ စိတ္ေနစိတ္ထားေဖာက္ျပန္တတ္တဲ့အခ်ိန္ ႀကိဳတင္မဟန္႔တားႏိုင္ခဲ့ဘူး။ အဓိကမူးယစ္ေဆးဝါး သုံးစြဲတဲ့အေနအထားမ်ိဳးလည္း ရွိႏိုင္တယ္။

သူ႔မိန္းမအေဒၚအိမ္သြားလည္ရင္းနဲ႔ စိတ္ေဖာက္လာၿပီးေတာ့ ဓားနဲ႔ခုတ္သတ္သြားတယ္။ ၿပီးေတာ့ သူကိုယ္တိုင္သရက္ပင္ေပၚမွာ ႀကိဳးဆြဲသတ္လုပ္သြားတာပဲ။”ဟု ေျပာဆုိသည္။

ဓားခုတ္ခံရမႈျဖင့္ေသဆုံးသြားသူ ေဒၚမုၿငိမ္းမွာ ဦးေခါင္း၊ လည္ပင္း၊ ညာလက္ေမာင္း၊ ရင္ဘတ္မ်ားတြင္ ျပင္းထန္သည့္ ဒဏ္ရာ မ်ားျဖင့္ အခင္းျဖစ္ေနအိမ္ေရွ႕၌ ေသဆုံးသြားခဲ့ၿပီး သူမ၏ခင္ပြန္းႏွင့္ ကေလးတစ္ေယာက္က်န္ရစ္ခဲ့သည့္အျပင္

ဓားျဖင့္ခုတ္သူ ေစာအားခိုးေနာက္မွာ အခင္းျဖစ္ေနရာ၏ ကိုက္ ၃ဝဝအကြာရွိ သရက္ပင္တြင္ မိမိကိုယ္ကို သတ္ေသသြားခဲ့ၿပီး ကိုယ္ဝန္ေဆာင္ ဇနီးသည္ႏွင့္ ကေလးသုံးေယာက္ က်န္ရစ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ KNU ဝင္းေရးၿမိဳ႕နယ္တြင္ ယမန္ႏွစ္က မိမိကိုယ္ကို ေသေၾကာင္းႀကံမႈတစ္ခုႏွင့္ လူႏွစ္ဦးကို ဓားျဖင့္ ခုတ္သတ္မႈတစ္ခု ျဖစ္ပြားခဲ့ေသးေၾကာင္း ေဒသခံမ်ား၏ ေျပာဆိုခ်က္မ်ားအရ သိရသည္။

၎အျပင္ ထိုေဒသတြင္ မူးယစ္ေဆးဝါးသုံးစြဲမႈေၾကာင့္ စိတ္ေရာဂါျဖစ္ပြားမႈႏႈန္းမ်ားလာၿပီး အလားတူ မႈခင္းမ်ဳိး တစ္ႏွစ္အတြင္း ၁ဝမႈထက္မနည္း ႏွစ္စဥ္ျဖစ္ပြားလွ်က္ရွိရာ ထပ္မံ မျဖစ္ပြားေစေရး အခ်ိန္ျပည့္ ေစာင့္ၾကည့္ထိန္းသိမ္းထားရမႈမ်ား ရွိလာသည့္ အတြက္

ေဒသတြင္း စိတ္က်န္းမာေရး ဝန္ေဆာင္မႈလုပ္ငန္းမ်ဳိးလည္း ေဆာင္ရြက္ေပးရန္ လိုအပ္ေနၿပီျဖစ္ေၾကာင္း KNPF တာဝန္ရွိသူက ေျပာသည္။
ေကအိုင္စီ
#Unicode Version#
ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ဒီးရွာ ကဇိုင်းခိရပ်တွင် ဇနီးဖြစ်သူ၏ အဒေါ်အား ဓားဖြင့်ခုတ်သတ်ကာ မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ ဧပြီလ ၂၁ရက်၊ နေ့လည် ၁၁နာရီအချိန်၌ ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တောင်ဒီးရွာရှိ အသက် ၃၈နှစ်အရွယ် စောအားခိုးနောက်သည် ၎င်းဇနီးသည်၏ အဒေါ်တော်စပ်သူ ဒေါ်မုငြိမ်း အသက် ၅၈နှစ်အား ဓားဖြင့် လိုက်လံခုတ်သတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုလည်း ကြိုးဆွဲချကာ သတ်သေလိုက်ကြောင်း

ထိုအမှု နှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်နေသည့် ကေအဲန်ယူ လက်အောက်ခံ၊ ကရင်ရဲတပ်ဖွဲ့- KNPF တာဝန်ရှိသူများက ကေအိုင်စီ သို့ အတည်ပြု ပြောဆိုသည်။

ဝင်းရေးမြို့နယ် KNPF ဒုရဲတပ်ဖွဲ့မှူး ဗိုလ်စောငြိမ်းချမ်းက “ဓားခုတ်တဲ့လူက အရင်နဂိုကတည်းက စိတ်မန့ှံသလိုလို တစ်ခါတစ်ခါ ဖြစ်ဖူးတယ်။ ဒီလိုမှုခင်းမျိုးက ကျူးလွန်သူတွေရဲ့ စိတ်နေစိတ်ထားဖောက်ပြန်တတ်တဲ့အချိန် ကြိုတင်မဟန့်တားနိုင်ခဲ့ဘူး။ အဓိကမူးယစ်ဆေးဝါး သုံးစွဲတဲ့အနေအထားမျိုးလည်း ရှိနိုင်တယ်။

သူ့မိန်းမအဒေါ်အိမ်သွားလည်ရင်းနဲ့ စိတ်ဖောက်လာပြီးတော့ ဓားနဲ့ခုတ်သတ်သွားတယ်။ ပြီးတော့ သူကိုယ်တိုင်သရက်ပင်ပေါ်မှာ ကြိုးဆွဲသတ်လုပ်သွားတာပဲ။”ဟု ပြောဆိုသည်။

ဓားခုတ်ခံရမှုဖြင့်သေဆုံးသွားသူ ဒေါ်မုငြိမ်းမှာ ဦးခေါင်း၊ လည်ပင်း၊ ညာလက်မောင်း၊ ရင်ဘတ်များတွင် ပြင်းထန်သည့် ဒဏ်ရာ များဖြင့် အခင်းဖြစ်နေအိမ်ရှေ့၌ သေဆုံးသွားခဲ့ပြီး သူမ၏ခင်ပွန်းနှင့် ကလေးတစ်ယောက်ကျန်ရစ်ခဲ့သည့်အပြင်

ဓားဖြင့်ခုတ်သူ စောအားခိုးနောက်မှာ အခင်းဖြစ်နေရာ၏ ကိုက် ၃ဝဝအကွာရှိ သရက်ပင်တွင် မိမိကိုယ်ကို သတ်သေသွားခဲ့ပြီး ကိုယ်ဝန်ဆောင် ဇနီးသည်နှင့် ကလေးသုံးယောက် ကျန်ရစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် KNU ဝင်းရေးမြို့နယ်တွင် ယမန်နှစ်က မိမိကိုယ်ကို သေကြောင်းကြံမှုတစ်ခုနှင့် လူနှစ်ဦးကို ဓားဖြင့် ခုတ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

၎င်းအပြင် ထိုဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ရောဂါဖြစ်ပွားမှုနှုန်းများလာပြီး အလားတူ မှုခင်းမျိုး တစ်နှစ်အတွင်း ၁ဝမှုထက်မနည်း နှစ်စဉ်ဖြစ်ပွားလျှက်ရှိရာ ထပ်မံ မဖြစ်ပွားစေရေး အချိန်ပြည့် စောင့်ကြည့်ထိန်းသိမ်းထားရမှုများ ရှိလာသည့် အတွက်

ဒေသတွင်း စိတ်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းမျိုးလည်း ဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း KNPF တာဝန်ရှိသူက ပြောသည်။

ကေအိုင်စီ

No comments:

Post a Comment