Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 22, 2019

မြေမနင်းကိုယ်တော်လေး ရေချိုးသန့်စင်တော်မူခန်း ဗွီဒီယိုဖိုင် တဲ့.. တကယ်ထူးလို့ မြင်ဖူးအောင်ပါ







ApannPyay
#Unicode Version#
ဒီနေ့လူမှုကွန်ယက်မှာ ပျံ့နှံ့ပြီး လူပြောများ လူကြည့်များနေတဲ့ ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်ပျံ့နှံ့လာခဲ့ပါတယ်..။ အပန်းပြေပရိသတ်ကြီး မကြည့်ရသေးသူများ ရှိသေးရင် ကြည့်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်..။ ဒီဗွီဒီယိုဖိုင်ကတော့ မြေမနင်းကိုယ်တော်ကို ရေးချိုးသန့်စင်တော်မူခန်းဆိုပြီး အင်တာနက် လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့တာပဲ ဖြစ်ပါတယ်..။

ဗွီဒီယိုဖိုင်ထဲမှာတော့ ဦးဇင်းလေးတစ်ပါးကို ကွက်ပျစ်တစ်ခုပေါ်မှာ ရေချိုးသန့်စင်ပြီးချိန်လို့ ယူစရပါတယ်..။ ထို ဦးဇင်းလေးကို ဒကာ အများက ဝိုင်းဝန်းသန့်စင်ပေးပြီး ဦးဇင်းလေး ကျောင်းပေါ်တက်ဖို့ ကျောင်းဆီအရောက် မြေပေါ်မှာ နှင်းပြီး လမ်းမလျှောက်စေပဲ ယောက်ျား မိန်းမ လူငယ်လေးများက မတ်တတ်ရပ် ခါးကုန်းပေးကာ ကျောင်းဆီအရောက် တန်းစီပေးထားပါတယ်..။

ထိုသို့တန်းစီပေးထားတဲ့ ကျောပေါ်ကနေ ဦးဇင်းလေးက လမ်းလျှောက်ပြီး ကျောင်းကို အရောက်လျှောက်သွားတာကို တွေ့ရပါတယ်။ အခုလို လျှောက်တဲ့ အချိန်မှာလည်း ဘေးကနေ ဦးဇင်းလေးကို ဒကာတွေက ဝိုင်းဝန်း ထိန်းပေးထားပါတယ်..။

ဒီဗွီဒီယိုဖိုင်ရဲ့ မှုရင်းနဲ့ ဘယ်မြို့နယ် ဘယ်ဒေသဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါ။

ဒီဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာ ဝေဖန်မှုများစွာကိုလည်း တွေ့ခဲ့ရပါတယ်..။ လုပ်သင့်လုပ်ထိုက် လုပ်ကောင်း မလုပ်ကောင်းကိုတော့ ထေကြီးဝါကြီး ဆရာတော်ကြီးတွေပဲ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်..။

ကျွန်တော်တို့ အနေနဲ့ အမြင်ကို အမြင်အတိုင်း မျှဝေတင်ပြပေးခြင်းဖြစ်ပါတယ်။
ApannPyay

No comments:

Post a Comment