Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 9, 2019

အေမ့ကိုဖမ္းပါဆိုၿပီး လက္ေလးထိုးေပးတဲ့ အေမအိုႀကီးကို ၾကည့္ရင္း မ်က္ရည္ဝိုင္းခဲ့ရတဲ့ ရဲေတြ။


“မိခင္ေမတၱာႀကီးမားေပစြ”

ဒီပံုကို ႐ုတ္တရက္ျမင္လိုက္ရင္ အမ်ားစုက ျပစ္မႈက်ဴးလြန္တဲ့ ရာဇဝတ္သားတစ္ေယာက္လို႔ ျမင္ၾကလိမ့္မယ္။

ကိုယ္ကေတာ့ ဒီပံုမွာ မိခင္ေမတၱာကို ကြက္ကြက္ကြင္းကြင္း လွမ္းျမင္လိုက္ရတယ္။

ဘယ္သူ႔ဘယ္သူကိုမွ အျပစ္မတင္ပါဘူး။အလြဲေတြနဲ႔ ႏိုင္ငံမွာ ဒီအလြဲဟာလည္း အလြဲေပါင္းမ်ားစြာထဲက အလြဲတစ္ခုပါပဲ။

ဒီအသက္အရြယ္၊ ဒီမ်က္ႏွာ၊ ဒီဟန္ပန္နဲ႔ အေဒၚႀကီးတစ္ေယာက္ဟာ သက္ေသခံပစၥည္းေတြျဖစ္တဲ့ စိတ္ႂကြေဆး အသံုးျပဳတဲ့ပစၥည္းေတြကို သံုးစြဲတတ္မလား၊ သူ႔ရဲ႕ပစၥည္းေတြ တကယ္ျဖစ္ႏိုင္ပါ့မလား။

သိပ္ရွင္းလင္းပါတယ္။ ကိုယ္ကေတာ့ မခ်ိျပံဳးပဲ ျပံဳးႏိုင္တယ္။စေတးခံမႈတစ္ခုခုကို ရွင္းရွင္းလင္းလင္းျမင္ရတဲ့အခါ ဘယ္လိုတုန္႔ျပန္ရလဲ ကိုယ္မသိဘူး။

ငယ္ငယ္က ဖတ္ဖူးတဲ့ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး ေဆာင္းပါးတစ္ပုဒ္ကို သတိရမိတယ္။ေရးသူက ရဲအုပ္တစ္ဦးပါ။

မူးယစ္ေဆးဝါးသတင္းရလို႔ အိမ္တစ္အိမ္ကို ဝင္ရွာေဖြတယ္။

အလံုပိတ္ဂ်က္ခ်ထားတဲ့ အိမ္သာထဲမွာ တရားခံရွိရမယ္ဆိုၿပီး အတင္းဖြင့္ၾကတဲ့အခါ အတြင္းမွာ မူးယစ္ေဆးဝါးသံုးစြဲတဲ့ ပစၥည္းေတြကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားတဲ့ ေခြ်းေတြရႊဲနစ္ေၾကာက္ရြံ႔ေနတဲ့ အသက္၈၀ေက်ာ္အေမအိုႀကီး။

အေမ့ပစၥည္းေတြပါ သားတို႔ရယ္ အေမ့ကိုဖမ္းပါဆိုၿပီး လက္ေလးထိုးေပးတဲ့ အေမအိုႀကီးကို ၾကည့္ရင္း မ်က္ရည္ဝိုင္းခဲ့ရတဲ့ ရဲေတြ။

ဝတၳဳထဲက ဇာတ္ေကာင္ေတြကို ျပင္ပေလာကမွာ တကယ္ေတြ႕ျမင္ရတဲ့အခါ ……. 😢😢
thutasone
#Unicode Version#
“မိခင်မေတ္တာကြီးမားပေစွ”

ဒီပုံကို ရုတ်တရက်မြင်လိုက်ရင် အများစုက ပြစ်မှုကျူးလွန်တဲ့ ရာဇဝတ်သားတစ်ယောက်လို့ မြင်ကြလိမ့်မယ်။

ကိုယ်ကတော့ ဒီပုံမှာ မိခင်မေတ္တာကို ကွက်ကွက်ကွင်းကွင်း လှမ်းမြင်လိုက်ရတယ်။

ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ပါဘူး။အလွဲတွေနဲ့ နိုင်ငံမှာ ဒီအလွဲဟာလည်း အလွဲပေါင်းများစွာထဲက အလွဲတစ်ခုပါပဲ။

ဒီအသက်အရွယ်၊ ဒီမျက်နှာ၊ ဒီဟန်ပန်နဲ့ အဒေါ်ကြီးတစ်ယောက်ဟာ သက်သေခံပစ္စည်းတွေဖြစ်တဲ့ စိတ်ကြွဆေး အသုံးပြုတဲ့ပစ္စည်းတွေကို သုံးစွဲတတ်မလား၊ သူ့ရဲ့ပစ္စည်းတွေ တကယ်ဖြစ်နိုင်ပါ့မလား။

သိပ်ရှင်းလင်းပါတယ်။ ကိုယ်ကတော့ မချိပြုံးပဲ ပြုံးနိုင်တယ်။စတေးခံမှုတစ်ခုခုကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့အခါ ဘယ်လိုတုန့်ပြန်ရလဲ ကိုယ်မသိဘူး။

ငယ်ငယ်က ဖတ်ဖူးတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်းပါးတစ်ပုဒ်ကို သတိရမိတယ်။ရေးသူက ရဲအုပ်တစ်ဦးပါ။

မူးယစ်ဆေးဝါးသတင်းရလို့ အိမ်တစ်အိမ်ကို ဝင်ရှာဖွေတယ်။

အလုံပိတ်ဂျက်ချထားတဲ့ အိမ်သာထဲမှာ တရားခံရှိရမယ်ဆိုပြီး အတင်းဖွင့်ကြတဲ့အခါ အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ပစ္စည်းတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ ချွေးတွေရွှဲနစ်ကြောက်ရွံ့နေတဲ့ အသက်၈၀ကျော်အမေအိုကြီး။

အမေ့ပစ္စည်းတွေပါ သားတို့ရယ် အမေ့ကိုဖမ်းပါဆိုပြီး လက်လေးထိုးပေးတဲ့ အမေအိုကြီးကို ကြည့်ရင်း မျက်ရည်ဝိုင်းခဲ့ရတဲ့ ရဲတွေ။

ဝတ္ထုထဲက ဇာတ်ကောင်တွေကို ပြင်ပလောကမှာ တကယ်တွေ့မြင်ရတဲ့အခါ ……. 😢😢
thutasone

No comments:

Post a Comment