Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 9, 2019
သားဖြစ်သူကို ဘောလုံးအကယ်ဒမီမှာ ယုံယုံကြည်ကြည် အပ်နှံထားခဲ့ပေယ့် ကိုးတန်းဖြေဖို့ မိခင်က သွားတွေ့မှ ရင်ကျိုးခဲ့ရတဲ့ အဖြစ်
BurmeseAsia
#Unicode Version#
မိုးစက်မောင်မောင် လို့ ခေါ်ပါတယ်။ ၁၁ နှစ်သားကတည်းက မန်း အကယ်ဒမီ ကို ရောက်ပါတယ်။ အခုတော့ ကလေး က အသက် ၁၅ နှစ် ရှိပါပြီ။ ၉ တန်းစာမေးပွဲ ဖြေချိန်ရောက် လို့ သူ့အမေက ကလေးကို သွားအတွေ့မှာ ကလေး ပုဆိုးကျွတ်တာ မဝတ်နိုင်တော့်တဲ့ အခြေအနေ ထိ ဖြစ်နေပြီး သူငယ်ချင်း သုံးယောက်လောက်က ပုဆိုးဝတ်ပေးနေရတဲ့ အခြေအနေ အထိပါပဲ။
အဲ့အခြေအနေရောက်တော့မှ သူ့အမေက ငိုယို ပြီး အိမ်ပြန်ခေါ်သွားပြီး ဆေးရုံတင်ပေးထားရပါတယ်။ အခုတော့် ကလေးက အသက်လုနေရတဲ့ အနေအထား ဖြစ်နေပါပြီ။
ကလေးက ဒီအခြေအနေအထိ ဖြစ်မှ သိရတာ အကယ်ဒမီက နည်းပြ တွေ နဲ့ ကျောင်းအုပ် က ဘာတွေ လုပ်နေလို့လဲ။ ဒါတောင် သူတို့က သိတာ မဟုတ်ဘူး။ မိဘက အရင်သိတာ။
မေး လို့ ရ ရင် မေး ချင် ပါ ရဲ့
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် MFF ကနေ တည်ထောင်ထားတဲ့ ဘောလုံးအကယ်ဒမီတွေဟာ မြင်ကောင်းရုံ ဟန်ပြသက်သက်တွေပဲလား။မန္တလေးဘောလုံးအကယ်ဒမီက ယခုကလေးရဲ့ ဖြစ်စဉ်အနေအထားကိုကြည့်လိုက်ရင်တောင်မေးခွန်းထုတ်ချင်စရာတွေအများကြီးပါ။
ဘယ်မှာလဲ စနစ်တကျပျိုးထောင်မှု။ဘယ်မှာလဲ အလေးထားစီမံခန့်ခွဲမှုတွေ။ ဘယ်မှာလဲ ပွင့်လင်းမြင်သာမှုတွေ။ဘောလုံးအကယ်ဒမီက ကလေးတွေများစွာကို
ဟန်ပြသက်သက် မြင်ကောင်းရုံဖွင့်လှစ်သင်ကြားနေသလား။
ဘောလုံးအကယ်ဒမီ တာဝန် ရှိသူတွေဟာ ဘောလုံးအကယ်ဒမီမှာလာရောက်သင်ကြားနေကြတဲ့ ကလေးတွေကို ဘယ်လိုစီမံခန့်ခွဲမှုတွေနဲ့တာဝန်ယူဆောင်ရွက်နေကြသလဲ။မေးခွန်းတွေများစွာထုတ်ချင်မိပါတယ်။
မြန်မာဘောလုံးပရိသတ်တွေသိမှ ပြောကြမှဘဲ ဖုတ်ပှုမီးတိုက်ဆောင်ရွက်မှုတွေနဲ့ လုပ်ပြနေကြတာလား။ယခုမှ ဘယ်လိုဆောင်ရွက်မှုတွေလုပ်ပြပြယခုကလေးရဲ့ဖြစ်စဉ်အနေအထားဟာ ဘယ်လိုမှ လက်သင့်ခံနိုင်စရာမရှိပါဘူး။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် MFF တာဝန် ရှိသူ လူကြီးမင်းတွေအနေနဲ့ တာဝန်ယူမှုတွေ လုပ်ဆောင်မှုတွေမြင်ချင်မိပါတယ်။
မန်းလေးကျောင်အုပ်ကြီးကို ဘယ်လိုအရေးယူဆောင်ရွက်ပေးမလဲ
၁။ ကလေးမိဘတော်တော်များများက အကယ်ဒမီရဲ့ လုပ်ရပ်ကို လက်မခံကြောင်း သိရှိ
၂။ ကလေးကျန်းမာရေးမကောင်းသည်ကို သိရှိပြီး ကုသမှုမရှိသည့် အပြင် ကလေးကိုးကျောင်းထုတ်ဖို့အထိပါ လုပ်ဆောင်ခဲ့သည်ဟုသိရှိခဲ့ရပါသည်
၃။ ကလေးနေမကောင်စဉ် တချက်လေးမှ သွားရောက်ကြည့်ရှုခြင်းမရှိပါဘဲ အခုလူအများသိမှ ဆေးရုံတွေဘာတွေသွားလို့ နှမ်းဖြူ းသည်ဟုလည်း သိရှိရပါသည်။
ယခုဖြစ်စဉ်ကို လူငယ်နည်းစနစ်ဒါရိုက်တာU NYI NYI LATT က အမှုမှန်ပေါ်ပေါက်အောင် စုံစမ်းဆောင်ရွက်ပြီး MFF တာဝန်ရှိ လူကြီးတွေကို တင်ပြပေးခဲ့ပါသည်။
အမှုမှန်ဖော်ထုတ်ပြီး အရေးယူသင့်သည့်လူများကို ပြင်းထန်စွာ အရေးယူဆောင်ရွက်ပေးနိုင်ရန် ကူညီပေးပါအုံးခင်ဗျာ
BurmeseAsia
No comments:
Post a Comment