Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 24, 2019

သူ့အသက် နှစ်ပေါင်းသန်းတစ်သောင်းရှိပြီဆိုတဲ့ ဇဏ်ခီ


လူတွေကအသက်ကို ကိုယ်နဲ့နှိုင်းယှဉ်ပြီးပဲပြောကြတယ်။ လူကြီးတွေက ကျနော့်ကို လူငယ်လို့မြင်တယ်။ လူငယ်တွေက လူကြီးလို့မြင်တယ်။ ရွယ်တူတွေကတော့ ဒီကောင်ငယ်ချင်နေတဲ့ကောင်လို့မြင်ကောင်းမြင်လိမ့်မယ်။ 😁

ခန္ဓာကိုယ်ဟာ ၇၀% က ရေနဲ့တည်ဆောက်ထား
ပြီး ကျန် ၃၀% က ဒြပ်တွေပေါင်းစုထားတယ်။ ဘယ်ကဒြပ်တွေလဲဆိုတော့ stardust လို့ခေါ်တဲ့ စကြဝဠာထဲမှာကြယ်ကြွေတဲ့အခါ ကြယ်ကနေလာတဲ့အမှူန်တွေပေါ့။ ဒီဒြပ်ပေါင်းစုကြီးမှာမှ consciousness လို့ခေါ်တဲ့သိမှုကြီးကရှိလာတယ်။ ဒီသိမှုကြီးကနေတစ်ဆင့် မှတ်ဉာဏ်တွေ ခံစားမှုတွေ ဖြစ်ပေါ်နေတယ်။ ဘာကြောင့်ဒီလိုတွေဖြစ်ရတာလဲဆိုတာကိုတော့ သိပ္ပံပညာရှင်တွေလဲ နားလည်ဖို့ကြိုးစားနေတာအခုထိနားမလည်နိုင်သေးဘူး။ ဖန်ဆင်းရှင်ဝါဒဖက်ကကြည့်ရင် ဒါဟာဖန်ဆင်းထားတဲ့အရာတွေပေါ့။ ဗုဒ္ဓဘာသာတို့ ဟိန္ဒူဘက်ကကြည့်မယ်ဆိုရင် အဆုံး အစမရှိတဲ့ phenomena တစ်ခုဖြစ်တယ်။
ဘယ်လိုကြောင့်ပဲတွေးတွေး သေချာတာကတော့ ကျနော်တို့ဟာဒြပ်ပေါင်းစုတွေဖြစ်တဲ့အတွက် စကြဝဠာလူသားတွေဖြစ်တယ်။

အခုရှိတဲ့ခန္ဓာကိုယ်ရဲ့သက်တမ်းကိုကြည့်ပြီးအသက်တစ်ခုကိုသတ်မှတ်လို့ရပေမယ့် (consciousness) ဒီသိမှုကြီး နဲ့ ဒြပ်ပေါင်းစုတွေရဲ့သက်တမ်းအရဆိုရင်တော့ ကျနော်တို့ဟာစကြဝဠာကြီးရဲ့သက်တမ်းနဲ့ မတိမ်းမယိမ်းလောက်ရှိမယ်လို့ယူဆတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူတွေကိုပဲတွေ့တွေ့ ငယ်တဲ့သူတွေကိုပဲတွေ့တွေ့ အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ကျနော့်စိတ်ရဲ့ဟိုးအနက်ရှိုင်းဆုံးနေရာမှာတော့ ဘာမှာကွာခြားနေတယ်လို့မခံစားရဘူး။ တစ်ခုတော့ရှိတာပေါ့.. ယဉ်ကျေးမှုတို့ ထုံးတမ်းစဉ်လာအရတော့ ပြုမူဆက်ဆံမှုတွေပြောင်းပေးရတာပေါ့။ ပြီးတော့ ကိုယ်လက်ခံထားသလိုအားလုံးကလက်ခံထားဦးမှလေ။

ဆိုတော့ ကျနော့်အသက်ဘယ်လောက်ရှိပြီလဲလို့မေးမယ်ဆိုရင် နှစ်ပေါင်းသန်းတစ်သောင်းထက်တော့မနည်းတော့ဘူးဗျ။ 👽

Photo - Mauk Kham Wah

No comments:

Post a Comment