Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 24, 2019

သရဲေျခာက္သည္ဆိုေသာေတာင္ကုန္းေပၚကအိမ္ႀကီး

ကြ်န္ေတာ္တို႔ၿမိတ္ၿမိဳ႕နဲ႔ပတ္သက္ၿပီး လူသိမ်ားလွတဲ့အိမ္တစ္အိမ္ကေတာ့ သိမ္ေတာ္ႀကီးကုန္းေတာ္ေပၚကအေရးပိုင္ေဟာင္း”ေမာရစ္ေကာလစ္”ရဲ႕ ေနအိမ္ပါပဲ။

“ေမာရစ္ေကာလစ္”က ဒီအိမ္ႀကီးအေၾကာင္းကို သူ႔စာအုပ္တစ္အုပ္မွာ”သရဲေျခာက္သည္ဆိုေသာအိမ္ႀကီး”လို႔ ေရးသားခဲ့ဖူးပါတယ္။

ဒီအိမ္ႀကီးမွာ”ေမာရစ္ေကာလစ္”နဲ႔အတူ သူ႔မိတ္ေဆြဘယ္လဂ်ီယန္ ပန္းခ်ီဆရာတို႔အျပင္ သူ႔ကေလးနဲ႔အိမ္ေစတို႔ပါမက်န္ သရဲေျခာက္ခံခဲ့ရတယ္။

“ေမာရစ္ေကာလစ္”အဆိုအရ ဒီအိမ္ႀကီးဟာ(၁၇)ရာစုကၿမိတ္ေရပိုင္နက္မွာ က်က္စား ခဲ့တဲ့ ပင္လယ္ဓါးျပႀကီး”ဆင္ျမဴရယ္ဝိႈက္”ေနထိုင္ ခဲ့ၿပီး အိမ္နံေဘးမွာ အေျမာက္တပ္တစ္တပ္ ထားရွိခဲ့တယ္။

ဒီေနရာက တစ္ၿမိဳ႕လံုးကို စီး ျမင္ ရ ေတာ့ ပထဝီ အ ေန အထားအရ မဟာဗ်ဴဟာေျမာက္သလို အခ်က္အျခာက်လွတယ္ မဟုတ္လား?။

“ဆင္ျမဴရယ္ဝိႈက္”ဟာ ဒီအေျမာက္တပ္နဲ႔ ၿမိတ္ေရပိုင္နက္ကိုစိုးမိုးခ်ယ္လွယ္ ခဲ့ပါတယ္။

ဒီအိမ္ႀကီးမွာ”ဆင္ျမဴရယ္ဝိႈက္”အျပင္ ေနာက္ပိုင္း ၿမိတ္မွာအေရးပိုင္ တာဝန္ထမ္းေဆာင္ ခဲ့တဲ့ “ဖာနီဗယ္”နဲ႔”ေမာရစ္ေကာလစ္”တို႔ ဆက္လက္ေနထိုင္ ခဲ့ၾကပါတယ္။

ဒီအိမ္ႀကီးကို ကမၻာလွည့္ခရီးသည္ေတြ စိတ္ဝင္စားၾကသလိုလက္ ရွိ အခ်ိန္ မွာ မူရင္းပံုသ႑န္ မပ်က္ေစပဲ ျပန္လည္မြမ္းမံထားတာ ေတြ႕ရပါတယ္။ထို႔အတူ အခုခ်ိန္အထိ သရဲေျခာက္တုန္းလို႔ အရပ္သတင္းပါးစပ္သတင္း ေတြအရ သိရွိရ ေၾကာင္းပါ ခင္ဗ်။
burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


ကျွန်တော်တို့မြိတ်မြို့နဲ့ပတ်သက်ပြီး လူသိများလှတဲ့အိမ်တစ်အိမ်ကတော့ သိမ်တော်ကြီးကုန်းတော်ပေါ်ကအရေးပိုင်ဟောင်း”မောရစ်ကောလစ်”ရဲ့ နေအိမ်ပါပဲ။

“မောရစ်ကောလစ်”က ဒီအိမ်ကြီးအကြောင်းကို သူ့စာအုပ်တစ်အုပ်မှာ”သရဲခြောက်သည်ဆိုသောအိမ်ကြီး”လို့ ရေးသားခဲ့ဖူးပါတယ်။

ဒီအိမ်ကြီးမှာ”မောရစ်ကောလစ်”နဲ့အတူ သူ့မိတ်ဆွေဘယ်လဂျီယန် ပန်းချီဆရာတို့အပြင် သူ့ကလေးနဲ့အိမ်စေတို့ပါမကျန် သရဲခြောက်ခံခဲ့ရတယ်။

“မောရစ်ကောလစ်”အဆိုအရ ဒီအိမ်ကြီးဟာ(၁၇)ရာစုကမြိတ်ရေပိုင်နက်မှာ ကျက်စား ခဲ့တဲ့ ပင်လယ်ဓါးပြကြီး”ဆင်မြူရယ်ဝှိုက်”နေထိုင် ခဲ့ပြီး အိမ်နံဘေးမှာ အမြောက်တပ်တစ်တပ် ထားရှိခဲ့တယ်။

ဒီနေရာက တစ်မြို့လုံးကို စီး မြင် ရ တော့ ပထဝီ အ နေ အထားအရ မဟာဗျူဟာမြောက်သလို အချက်အခြာကျလှတယ် မဟုတ်လား?။

“ဆင်မြူရယ်ဝှိုက်”ဟာ ဒီအမြောက်တပ်နဲ့ မြိတ်ရေပိုင်နက်ကိုစိုးမိုးချယ်လှယ် ခဲ့ပါတယ်။

ဒီအိမ်ကြီးမှာ”ဆင်မြူရယ်ဝှိုက်”အပြင် နောက်ပိုင်း မြိတ်မှာအရေးပိုင် တာဝန်ထမ်းဆောင် ခဲ့တဲ့ “ဖာနီဗယ်”နဲ့”မောရစ်ကောလစ်”တို့ ဆက်လက်နေထိုင် ခဲ့ကြပါတယ်။

ဒီအိမ်ကြီးကို ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားကြသလိုလက် ရှိ အချိန် မှာ မူရင်းပုံသဏ္ဍန် မပျက်စေပဲ ပြန်လည်မွမ်းမံထားတာ တွေ့ရပါတယ်။ထို့အတူ အခုချိန်အထိ သရဲခြောက်တုန်းလို့ အရပ်သတင်းပါးစပ်သတင်း တွေအရ သိရှိရ ကြောင်းပါ ခင်ဗျ။
burmese.asia

No comments:

Post a Comment