Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 24, 2019

တက်သစ်နယ်မြေရဲစခန်းအပိုင်၌ အမျိုးသမီးတစ်ဦး ဒါးဒဏ်ရာ (၈)ချက်ဖြင့် အသတ်ခံရမှု ပြစ်မှုကျူး လွန်သူများ ဖမ်းဆီးရမိပြီ



ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တက်သစ်နယ်မြေရဲစခန်းအပိုင် ၌ အမျိုးသမီးတစ်ဦးအသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၁၆-၄-၂၀၁၉ ရက်နေ့ ၇း၃၀ နာရီခွဲအချိန်ခန့်တွင် အနောက်ပိုင်းတက္ကသိုလ် လမ်းမဘေး အမှိုက်ပုံ၌ ပီနံအိတ်နှင့် ထုတ်လျှက် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းအရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးနေသူအမျိုးသမီး၏ ခန္ဓာကိုယ်၌ ဝဲနားအောက်၊ ဝဲချိုင်းဘေး၊ ဝဲနို့အုံဘေး၊ ဝဲနို့အုံ၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ယာလည်ပင်းအောက်၊ ယာချိုင်းအောက်တို့၌ ထိုးသွင်းဒဏ်ရာ(၁)ချက်စီနှင့်ဝဲတံတောင်ပွန်းပဲ့ဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်အားတွေ့ရှိရ၍ စစ်ဆေးခဲ့ရာ သေဆုံးသူမှာ လှိုင်သာယာမြို့မရဲစခန်း မှ လူပျောက်အမှတ်စဉ် (၃၈/၂၀၁၉)ဖြင့် လူပျောက်ဖွင့်ထားသော ဒေါ်မာမာ(ခ) သီသီနွယ် (၄၇)နှစ်၊ ကနောင်လမ်း၊ (၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး မှ “လူသတ်မှုကျူးလွန်သူ အား အမြန်စုံစမ်းဖော်ထုတ်ဖမ်းဆီးဆောင်ရွက်သွားရန် လမ်းညွှန်မှုဖြင့် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီးလှဝေမှ အနီးကပ်ကြီးကြပ်၍ မြောက်ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ ဌာနစုမှူး
ရဲအုပ်အောင်ကျော်စိုး ဦးစီး၍ ဒုရဲအုပ်ရန်နိုင်လင်း ရဲတပ်ကြပ်ဇေကိုဦး ရဲတပ်ကြပ်ခင်မောင်သန်း ရဲတပ်ကြပ်မင်းမင်းဇော် ရဲတပ်ကြပ်အေးမင်းထူး ရဲဒုတပ်ကြပ်သက်လွင်ဦး တို့ပါဝင်သောအဖွဲ့မှာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိနှိုင်ရေး စုံစမ်းမှုများပြုလုပ်ခဲ့ရာ သေဆုံးသူထံမှ အကြွေးယူခဲ့ဘူးသူများအား စစ်ဆေးခဲ့ပြီး ဒေါ်မာမာ(ခ)သီသီနွယ် မသေဆုံးမီ နောက်ဆုံးဖုန်းဆက်သူ တင်ထွန်းဝင်း(ခ)ဝက်သား (ခ) ဦးတင်အားစစ်ဆေးခြင်း၊ သေဆုံးသူထံမှ အမြဲတစေအကြွေးယူခဲ့ဘူးသူ ကျော်ဇေယျာလင်း (ခ)လင်းလင်းအားစစ်ဆေးခြင်း အမာခံသတင်းပေးများဖြင့် စုံစမ်းဆောင်ရွက်ခဲ့စဉ် သေဆုံးသူ၏ လက်ဝတ်ရွှေထည်ပစ္စည်းနှင့်ပုံစံတူ ရွှေလက်ကောက်(၄)ကွင်းနှင့် ရွှေလက်စွပ်(၁)ကွင်းအား
၂၁-၄-၂၀၁၉ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ (ဈ)ဈေးရှိ ရွှေဆိုင်တွင် အမျိုးသမီး(၁)ဦးမှ
လာရောက်ရောင်းချနေကြောင်း အမာခံသတင်းပေး၏ ပြောပြချက်အရ သွားရောက်အတည်ပြုစုံစမ်းခဲ့ရာ
ရွှေထည်ပစ္စည်းများအား လာရောက်ရောင်းချသူမှာ လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်တွင် နေထိုင်သူ
မမိုးမိုးဆန်းဆိုသူဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် မမိုးမိုးဆန်းအား စစ်ဆေးမေးမြန်းခဲ့ရာ ၂၀-၄-၂၀၁၉
ရက်နေ့တွင် မ/၂၈၆၊ ကနောင်လမ်း၊ (၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေထိုင်သူ ကျော်ဇေယျာလင်း(ခ)
လင်းလင်းမှ ရောင်းချခိုင်းသော ရွှေထည်ပစ္စည်းများ ဖြစ်ကြောင်း သတင်းအစရရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးခဲ့ရာ "မသင်္ကာတရားခံ ကျော်ဇေယျလင်း(ခ)လင်းလင်း (၂၄)နှစ်၊ ၂၈၆၊ ကနောင်လမ်း၊ (၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်အား
အမှုမှပါဆုံးရွှေထည်ပစ္စည်းများနှင့် ပတ်သက်ပြီး ထောက်ပြ၍ အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းသည် ငြင်းကွယ်ထွက်ဆိုခြင်းမပြုဘဲ တစ်လမ်းတည်းနေထိုင်သူ တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင် (၃၀)နှစ်(ဝက်သားရောင်း)၊ မ/၂၅၉၊ ကနောင်လမ်း၊ (၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူနှင့်အတူ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် အမှုပါဝင်သည့် ပြစ်မှုကျူးလွန်သူ တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင်အား ၎င်းနေထိုင်ရာ လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်
လမ်း၊ မ/၂၅၉ ရှိ နေအိမ်တွင် အမှုဖြင့် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးခဲ့ရာ
"ပြစ်မှုကျူးလွန်သူ ကျော်ဇေယျလင်း(ခ)လင်းလင်း နှင့် တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင်တို့
(၂)ဦးအား စစ်ဆေးခဲ့ရာ ၇-၄-၂၀၁၉ ရက်နေ့ ညနေ (၄)နာရီ အချိန်ခန့်တွင် တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင်
မှာ နေအိမ်ဘိလိယက်ခုံတွင် ရှိနေစဉ် ကျော်ဇေယျလင်း(ခ) လင်းလင်း ရောက်ရှိလာပြီး ဘိလိယက်ထိုးရာ ရှုံးသဖြင့် ဒေါ်မာမာ(ခ) သီသီနွယ်၏ တူဖြစ်သူ ကိုနိုင်ထံမှ ငွေ(၃၀၀၀၀)ကျပ် ချေးသွားခဲ့ပြီး ၁၀-၄-၂၀၁၉ ရက်နေ့တွင် ပြန်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း
၁၂-၄-၂၀၁၉ ရက်နေ့ ညနေ(၄)အချိန်ခန့်တွင် တင်ထွန်းဝင်း(ခ)
ဝက်သား(ခ) ဦးတင် မှာနေအိမ်ဘိလိယက်ခုံတွင်ရှိနေစဉ် ကျော်ဇေယျလင်း(ခ)လင်းလင်း ရောက်ရှိလာပြီး ၎င်းစက်ဘီးပေါင်၍မရကြောင်း၊ အကြွေးလည်း မပေးနိုင်ကြောင်း ပြောပြီး တင်ထွန်းဝင်း(ခ) ဝက်သား
(ခ)ဦးတင် အား ဒေါ်မာမာ(ခ) သီသီနွယ်ထံမှချေးထားသော အကြွေးပေးပြီးပြီလားဟုမေးရာ မပေးရသေး
ကြောင်းပြောရာ ဒေါ်မာမာ(ခ) သီသီနွယ်ကို ဒီညခေါ်လိုက်ဟုပြောရာ တင်ထွန်းဝင်း(ခ) ဝက်သား (ခ)
ဦးတင်မှ နေအိမ်တွင်မိန်းမရှိနေသဖြင့် အပြင်ထွက်၍ မရဟုပြောဆိုခဲ့ကြောင်း၊ ကျော်ဇေယျလင်း(ခ)
လင်းလင်းမှ ၁၃-၄-၂၀၁၉ ရက်နေ့ (သင်္ကြန်ကြိုနေ့)တွင် ၎င်း၏ဖခင်ဖြစ်သူနှင့်အတူ ဘုန်းကြီးဝတ်ရမည်ဟုပြောရာ တင်ထွန်းဝင်း(ခ) ဝက်သား (၁)ဦးတင်မှ ဝတ်ပေါ့ဟု ပြန်လည်ပြောခဲ့ကြောင်း
၁၃-၄-၂၀၁၉ ရက်နေ့(သင်္ကြန်အကြိုနေ့) နံနက် (၁၀)နာရီ အချိန်ခန့်တွင် တင်ထွန်းဝင်း(ခ)ဝက်သား(ခ) ဦးတင်မှာ နေအိမ်တွင်ရှိနေစဉ် ကျော်ဇေယျလင်း(ခ)လင်းလင်းမှာ ဘုန်းကြီးဝတ်ဖြင့်ရောက်ရှိလာပြီး ဒေါ်မာမာ(ခ)သီသီနွယ် အား အကြွေးဆပ်မည်ဟုပြောပြီး အပြင်ခေါ်ထုတ်ပေးရန်နှင့် လာရောက်ပါက လူသတ်ပြီး ရွှေထည်ပစ္စည်းများ
အားယူမည်ဟု ကြိုတင်ကြံရွယ်ခဲ့ကြောင်း၊ (၁၂)နာရီကျော်ခန့်တွင် ၎င်းတို့(၂)ဦး ဘိလိယက်ခုံမှ အတူ
ထွက်၍ ကျော်ဇေယျလင်း(ခ) လင်းလင်း နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ နေအိမ်သို့ရောက်ရှိချိန်တွင်
တင်ထွန်းဝင်း(ခ)ဝက်သား(ခ) ဦးတင်မှ ကျော်ဇေယျလင်း(ခ) လင်းလင်း၏ ဖုန်းဖြင့် ဒေါ်မာမာ(ခ) သီသီနွယ်၏ဖုန်းအား ဆက်သွယ်၍ ကျော်ဇေယျလင်း(ခ) လင်းလင်း ၏အိမ်ရှေ့သို့လာခဲ့ရန် အကြွေးပေးမည်ဟု
ဖုန်းခေါ်ဆိုခဲ့ကြောင်း
၎င်းနေ့ နေ့လည် (၁း၂၀)နာရီအချိန်ခန့်တွင် ဒေါ်မာမာ(ခ)သီသီနွယ် ရောက်ရှိလာသဖြင့် ကျော်ဇေယျလင်း(ခ)လင်းလင်းမှ လူတွေမြင်မယ် အိမ်ထဲသို့ဝင်ရန်ပြောရာ ဒေါ်မာမာ(ခ) သီသီနွယ်မှအိမ်ထဲသို့ဝင်လာပြီး အိမ်အတွင်းရှိ ဘုရားစင်ဘက်သို့ မျက်နှာမူ၍ထိုင်ပြီး တင်ထွန်းဝင်း(ခ)ဝက်သား(ခ)ဦးတင်မှ ဘုရားစင်
အောက်တွင်ထိုင်၍ ကျော်ဇေယျလင်း(ခ) လင်းလင်းမှ မတ်တပ်ရပ်လျှက် ၎င်းနေအိမ်ထုတ်တန်းအား
ကိုင်နေခဲ့ကြောင်း၊ တင်ထွန်းဝင်း(ခ)ဝက်သား(ခ) ဦးတင် မှ ဒေါ်မာမာ(ခ) သီသီနွယ်အား အကြွေးပေးဖို့
ခေါ်တာပါဟုပြောနေစဉ် ကျော်ဇေယျလင်း(ခ) လင်းလင်းမှ အိမ်ခေါင်ထုတ်တန်းရှိ အပြာရောင် ကော်ပိုက်စွတ်ထားသည့် အရိုး ၃ လက်မ၊ အသွား ၇ လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးအား ထုတ်ယူပြီး နောက်ကျောမှနေ၍ ဒေါ်မာမာ(ခ) သီသီနွယ်၏ ဝဲနားအောက်၊ ဝဲနို့အုံဘေး၊ ရင်ဘတ်၊ ယာလည်ပင်းအောက်၊ ယာချိုင်းအောက်တို့အား (၁)ချက်စီ ဆက်တိုက်ထိုးလိုက်ရာ ဒေါ်မာမာ(ခ) သီသီနွယ်မှ မလုပ်ပါနဲ့ဟုအော်လိုက်ပြီး လဲကျသွားစဉ် ဒေါ်မာမာ(ခ) သီသီနွယ် ငြိမ်သွားပြီးနောက် ကျော်ဇေယျလင်း (ခ)လင်းလင်းမှ တင်ထွန်းဝင်း မထိုးဘူးလားဟု မေးသဖြင့် ဝမ်းဗိုက်၊ ဝဲနို့အုံ၊ ဝဲချိုင်းဘေးတို့အား တချက်စီထိုးခဲ့ပြီး ဒေါ်မာမာ(ခ) သီသီနွယ်၏လက်တွင် ဝတ်ဆင်ထားသော ရွှေလက်ကောက်(၄)ကွင်းနှင့် ရွှေလက်စွပ်(၁)ကွင်းတို့အား ကျော်ဇေယျလင်း(ခ) လင်းလင်းမှ ချွတ်ယူခဲ့ပြီး
နေ့လည် (၁)နာရီ ၁၅ မိနစ်အချိန်ခန့်တွင် သေဆုံးသူ ဒေါ်မာမာ(ခ) သီသီနွယ်၏အလောင်းအား ထည့်ရန်အတွက် ကျော်ဇေယျလင်း(ခ) လင်းလင်းမှ ပီနံအိတ်(၂)လုံးအား တင်ထွန်းဝင်း(ခ)
ဝက်သား(ခ) ဦးတင်ထံ လှမ်းပေးသဖြင့် (၁)လုံးအား ဒေါ်မာမာ(ခ) သီသီနွယ်၏ခြေထောက်မှ
အရင်စွတ်ထည့်ပြီး နောက်(၁)လုံးအား ခေါင်းမှစွပ်ထြည့်ခဲ့ကြောင်း၊ သေဆုံးသူ၏ဖိနပ်၊ ထီးနှင့် သွေးပေနေသော ဖယောင်းပုဆိုး၊ ဓါး(၁)ချောင်းတို့အား ပိနံအိတ်(၁)လုံးအတွင်းသို့ထည့်ကာ တစ်ရပ်ကွက်တည်းနေ
အငှားတက္ကစီးမောင်းသူ ကို-----------မောင်းနှင်သော CC-63----------CALDINA အဖြူရောင်(ငှား)ယာဉ်အား ခေတ္တငှားရမ်းပြီး သေဆုံးသူ ဒေါ်မာမာ(ခ) သီသီနွယ်အလောင်းအား ယာဉ်၏ အလယ်ခန်းသို့ ဆွဲ၍ထည့်ရာ ကျော်ဇေယျလင်း(ခ) လင်းလင်း မှ သင်္ဃန်းချွတ်ဖြန့်၍ လူကာပေးခဲ့ကြောင်း၊ နေ့လည်(၂) နာရီအချိန်ခန့်တွင် သေဆုံးသူအား ပီနံအိတ်ဖြင့် ထည့်ထားသော အလောင်းအား ယာဉ်ပေါ်သို့ တင်ဆောင်ပြီး တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင်မှ မောင်းနှင်ကာ ကျော်ဇေယျလင်း(ခ) လင်းလင်းနှင့်အတူ
အနောက်ပိုင်းတက္ကသိုလ်လမ်းမဘေး ရေးမြောင်းဘေးရှိ အမှိုက်ပုံ၌ အလောင်းအားစွန့်ပစ်ခဲ့ကြောင်း၊
သေဆုံးသူ၏ဖိနပ်၊ ထီးနှင့် သွေးပေနေသော ဖယောင်းပုဆိုး၊ ဓါးတို့အား ရွှေလင်ပန်းချောင်းအတွင်းသို့
စွန့်ပစ်ခဲ့ကြောင်း ဆက်လက်၍
၂၀-၄-၂၀၁၉ ရက်နေ့ ညနေ(၅း၃၀) ခန့်တွင် ကျော်ဇေယျလင်း(ခ) လင်းလင်းမှ ရွှေထည်ပစ္စည်းများအား သဘက်လက်ကိုင်ပုဝါပန်းရောင်ဖြင့် ထုတ်ကာ ကြွတ်ကြွတ်အိတ်အသေး အနက်ရောင်
အတွင်းထည့်ကာ ယခင်က ခင်မင်ရင်းနှီးသူ လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းတွင်
နေထိုင်သူ မမိုးမိုးဆန်း၏နေအိမ်သို့သွားရောက်ပြီး ရွှေလက်ကောက် (၄)ကွင်းနှင့် ရွှေလက်စွပ် (၁)ကွင်း
တို့အား ထုခွဲရောင်းချပေးရန်နှင့် ရောင်းချပြီးပါက ဖုန်းဆက်အကြောင်းကြားပေးရန် မှာကြားခဲ့ကြောင်း၊
၂၁-၄-၂၀၁၉ ရက်နေ့ (၁၀)နာရီအချိန်ခန့်တွင် မမိုးမိုးဆန်းမှ မြောက်ဥက္ကလာပမြို့နယ်ရှိ (ဈ)ဈေးရှိ ကျော် ရွှေဆိုင်တွင် ရွှေလက်ကောက်(၁)ကွင်းနှင့် ရွှေလက်စွပ်(၁)ကွင်း၊ ပြုံးပန်းဝေ ရွှေဆိုင်တွင် ရွှေလက်ကောက်(၂)ကွင်း၊ နဝလီရွှေဆိုင်တွင် ရွှေလက်ကောက်(၁)ကွင်းတို့အား ငွေ(၇၀၀၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်
ပြစ်မှုကျူးလွန်သူ ကျော်ဇေယျလင်း(ခ) လင်းလင်း နှင့် တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင် တို့
(၂)ဦး၏ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပြာရောင် ကော်ပိုက်စွတ်ထားသည့် အရိုး(၃)လက်မ အသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါး(၁)ချောင်း သေဆုံးသူ၏ ဖိနပ် ထီးနှင့် သွေးပေနေသော
ဖယောင်းပုဆိုး၊ ပီနံအိတ်(၃)လုံးတို့အား ရွှေလင်ပန်းချောင်းအတွင်းမှ လည်းကောင်း၊ ရွှေထည်
ပစ္စည်းရောင်းချရာမှရရှိငွေအနက် ကျန်ရှိငွေစက္ကူရောရာ(၃၀၀၀၀၀)ကျပ်၊ ရွှေလက်ကောက် (၄)ကွင်းနှင့်
ရွှေလက်စွပ် (၁)ကွင်းတို့အား မြောက်ဥက္ကာလပမြို့နယ်ရှိ (ဈ)ဈေးရှိ ရွှေဆိုင်များမှ လည်းကောင်း၊
အလောင်းအားစွန့်ပစ်ရာတွင် အသုံးပြုသည့် CC××××× အဖြူရောင်(ငှားယာဉ်)၊၎င်းယာဉ် သက်သေခံ လက်မှတ်မူရင်း (၁)ခု၊ ၎င်းယာဉ်လုပ်ငန်းလိုင်စင်မူရင်း (၁)ခု၊ နီညိုရောင် သင်္ကန်း (၁)စုံ၊ honor
အမျိုးအစား ဆင်းကဒ်ပါ နက်ပြာရောင်ဖုန်း(၁)လုံး၊ ဆင်းကဒ်ပါ ကီးပတ်ဖုန်း(၁)လုံး၊ HUAWEI အမျိုးအစား
ဆင်းကဒ်ပါအဖြူရောင်ဖုန်း(၁)လုံးတို့အား ပြန်လည်သိမ်းဆည်း ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ကျော်ဇေယျလင်း(ခ)လင်းလင်း နှင့် တင်ထွန်းဝင်း(ခ)ဝက်သား(ခ)ဦးတင် တို့(၂)ဦး အား တက်သစ်နယ်မြေရဲစခန်းမှ (ပ)၂၁၆/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ညီညီ-လှိုင်သာယာ






No comments:

Post a Comment