Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 18, 2019

မႏၱေလးတၿမဳိ႕လံုးကုိ ညဖက္မွာ လွည့္ပတ္ေစာင့္ေရွာက္ေနတဲ့ ၿမဳိ႕ေစာင့္တေစၦႀကီး ထိပ္တင္ႀကီး

၁၂၂၁ မင္းတုန္းမင္းနဲ႔ ကေနာင္မင္းသားတို႔က ေနာင္ေတာ္ ပုဂံမင္းကို ပုန္ကန္နန္းခ်တယ္ မင္းတုန္းမင္း နန္းတက္ၿပီး သိပ္မၾကာဘူး အင္းဝေနျပည္ေတာ္ႀကီးကို ဖ်က္သိမ္းၿပီး မႏၱေလး ရတနာပံု ေနျပည္ေတာ္မွာ ၿမိဳ႕သစ္တည္ၿပီး နန္းေတာ္သစ္ တည္ေဆာက္ခဲ့တယ္။ ( အင္းဝနန္းေတာ္ႀကီး ဖ်က္သိမ္းၿပီးေတာ့ နန္းေတာ္က ကြၽန္းတိုင္လံုးႀကီးေတြ ပ်ဥ္ျပားေတြကို ၿမိဳ႕စာေရး ဦးပိန္က ယူေဆာင္ၿပီး ေတာင္သမန္အင္းကိုျဖတ္ သူ႔နာမည္ ဦးပိန္တံတားဆိုၿပီး တည္ေဆာက္ ခဲ့ပါတယ္ )

ခုနစကား ျပန္ဆက္ရရင္ ေရွးေခတ္ ျမန္မာမင္းအဆက္ဆက္တိုင္းက ၿမိဳ႕သစ္တည္တာပဲျဖစ္ျဖစ္ အေဆာက္အဦး တည္ေဆာက္တာပဲ ျဖစ္ျဖစ္ ေဗဒင္ယၾတာ အစီအမံေတြနဲ႔ တြက္ခ်က္ၿပီး ကိုက္ညီတဲ့သူေတြကို အရွင္လတ္လတ္စေတးေလ့ရွိပါတယ္။

(ဥပမာ – ပုဂံေခတ္သူရဲေကာင္း ဗ်တ္ဝိ ၊ မေအာင္ျဖဴနတ္ အစရွိသူတို႔ပါ ) မင္းတုန္းမင္းကလဲ မႏၱေလးၿမိဳ႕ကို ၿမိဳ႕သစ္ တည္ရာမွာ ဒီၿမိဳ႕ေတာ္ႀကီး မပ်က္စီးေစဖို႔ ေစာင့္ေရွာက္ဖို႔ လူတစ္ေယာက္ကို ၿမိဳ႕ပႏၷက္ရိုက္ရာမွာ စေတးခဲ့တယ္။

 ၿပီးေတာ့ ထိပ္တင္ႀကီးဆိုတဲ့ဘြဲ႕ေပးၿပီး သူ႔ဝိညာဥ္ကို ၿမိဳ႕ကို ေစာင့္ေရွာက္ေစခဲ့တယ္။ အခုထိ ရွိေသးသလားဆိုေတာ့ ရွိပါေသးတယ္။ ဒါေပမဲ့ သူ႔ဝိညာဥ္ မဟုတ္ေတာ့ပါဘူး။ သူ႔တာဝန္အရ ထမ္းေဆာင္ၿပီး အခ်ိန္ျပည့္ေတာ့ ေစာင့္ေရွာက္ဖို႔ကံပါတဲ့ လူတစ္ေယာက္ကို သူ႔တာဝန္လႊဲေျပာင္းေပးခဲ့တယ္။ လူစားလဲတဲ့သေဘာေပါ့။ (တစ္နွစ္တစ္ခါ လဲတယ္ လို႔လဲ ဆိုၾကပါတယ္ )



တစ္နွစ္တစ္ခါ ျဖစ္ျဖစ္ မန္းေလးမွာ ထူးဆန္းတဲ့ မေတာ္တဆ ေသဆံုး မႈေတြ ရွိပါတယ္။ ၾကားလဲၾကားဖူးၾကမွာပါ။ အစိမ္းေသသလို ေသတာေတြေပါ့။ ဟုတ္သည္ မဟုတ္သည္ အပထား၊ေနွာင္း လူႀကီးေတြကေတာ့ အဲ့ဒါက လူစားလဲတာပါတဲ့။ ထိပ္တင္ႀကီးရဲ႕တာဝန္က ညသန္းေခါင္အခ်ိန္ ၿမိဳ႕ပတ္ၿပီး ကင္းလွည့္ရ တယ္၊ ေစာင့္ေရွာက္ရတယ္ ။(ေရွးတရုတ္ကားအခ်ိဳ႕မွာ ညဘက္ႀကီး ၿမိဳ႕ထဲပတ္ေအာ္တဲ့ လူလိုေပါ့ )

သူ႔တပည့္ေတြကေတာ့ ၿမိဳ႕ထဲက ရွိရွိသမွ် ေခြးေတြပါပဲ။ သူလာၿပီ ဆိုတာနဲ႔ ဆြဲဆြဲငင္ငင္အူၿပီး အခ်က္ျပသတင္းပို႔ရပါတယ္ တဲ့။ မန္းေလးသူမန္းေလးသားမ်ား တစ္ခါတစ္ေလ ညည အိပ္မေပ်ာ္လို႔ သန္းေခါင္ ညနက္ရင္ ဟိုဖက္လမ္းထိပ္ကေန ဒီဘက္လမ္းထိပ္ထိ ေခြးေတြ အူၿပီးသြားသလို တစ္ေယာက္ေယာက္ျဖတ္သြားသလို ေခြးအူသံေတြ ၾကားဖူးၾကလား။

အဲ့ဒါ ထိပ္တင္ႀကီးက လမ္းတကာ ရပ္ကြက္တကာ ပတ္ၿပီး လိုက္လံၾကည့္ရႈေနတာပါတဲ့ ။ ( ကြၽန္ေတာ္က ညဘက္ဆို ၂နာရီေလာက္မွ အိပ္တတ္တာေၾကာင့္ အဲ့အသံကို အၿမဲၾကားရပါတယ္။ ၾကားရဖန္မ်ားလာေတာ့ သိခ်င္လာတယ္။ အဲ့ဒါေၾကာင့္ အဘိုးအဘြားေတြကို ေသခ်ာ ေမးထားၾကည့္ရတာေပါ့ ။ )



ထိပ္တင္ႀကီးကို ေတြ႕ခ်င္တယ္ ျမင္ဖူးခ်င္တယ္ဆိုရင္ ညသန္းေခါင္ ေခြးအူသံေတြ ၾကားရင္ လမ္းဘက္ကိုျမင္ရတဲ့ ျပတင္းေပါက္နားသြားပါ။ အခန္းတစ္ခုလံုး အေမွာင္ခ်ထားပါ။ အနားမွာ ဘယ္သူမွမရွိပဲ တစ္ေယာက္တည္း ျဖစ္ေနပါေစ။ ျပတင္းေပါက္ကို ေက်ာခိုင္းရပ္ပါ။ လက္ေနာက္ျပန္ လက္ယပ္ေခၚၿပီး ” ထိပ္တင္ႀကီးေရ လမ္းေပၚမွာရွိရင္ ကြၽန္ေတာ့္ဆီ ခဏလာပါဦး” လို႔ ေျပာၿပီး ေခၚၾကည့္လိုက္ပါတဲ့ ။

သတၱိရွိဖို႔၊ မေၾကာက္ဖို႔ ၿပီးေတာ့ နွလံုးေရာဂါမရွိဖို႔ လိုပါတယ္။ ၿပီးရင္ေတာ့ မႏၱေလးနဲ႔ ပတ္သတ္ၿပီး သိခ်င္တာ မွန္သမ်ွ ေမးၾကည့္ၾကေပါ့။ က်ေနာ္ေတာ့ Tomino’s hell ကဗ်ာနဲ႔တင္ ခုထိ အိပ္မက္ဆိုးမက္တုန္းမို႔ ဒီလိုမ်ိဳးေတာ့ မစမ္းၾကည့္ရဲေသးဘူး ။
မွတ္စုၾကမ္း
# Unicode Version # ျဖင့္ ဖတ္ပါ #


၁၂၂၁ မင်းတုန်းမင်းနဲ့ ကနောင်မင်းသားတို့က နောင်တော် ပုဂံမင်းကို ပုန်ကန်နန်းချတယ် မင်းတုန်းမင်း နန်းတက်ပြီး သိပ်မကြာဘူး အင်းဝနေပြည်တော်ကြီးကို ဖျက်သိမ်းပြီး မန္တလေး ရတနာပုံ နေပြည်တော်မှာ မြို့သစ်တည်ပြီး နန်းတော်သစ် တည်ဆောက်ခဲ့တယ်။ ( အင်းဝနန်းတော်ကြီး ဖျက်သိမ်းပြီးတော့ နန်းတော်က ကျွန်းတိုင်လုံးကြီးတွေ ပျဉ်ပြားတွေကို မြို့စာရေး ဦးပိန်က ယူဆောင်ပြီး တောင်သမန်အင်းကိုဖြတ် သူ့နာမည် ဦးပိန်တံတားဆိုပြီး တည်ဆောက် ခဲ့ပါတယ် )

ခုနစကား ပြန်ဆက်ရရင် ရှေးခေတ် မြန်မာမင်းအဆက်ဆက်တိုင်းက မြို့သစ်တည်တာပဲဖြစ်ဖြစ် အဆောက်အဦး တည်ဆောက်တာပဲ ဖြစ်ဖြစ် ဗေဒင်ယတြာ အစီအမံတွေနဲ့ တွက်ချက်ပြီး ကိုက်ညီတဲ့သူတွေကို အရှင်လတ်လတ်စတေးလေ့ရှိပါတယ်။

(ဥပမာ – ပုဂံခေတ်သူရဲကောင်း ဗျတ်ဝိ ၊ မအောင်ဖြူနတ် အစရှိသူတို့ပါ ) မင်းတုန်းမင်းကလဲ မန္တလေးမြို့ကို မြို့သစ် တည်ရာမှာ ဒီမြို့တော်ကြီး မပျက်စီးစေဖို့ စောင့်ရှောက်ဖို့ လူတစ်ယောက်ကို မြို့ပန္နက်ရိုက်ရာမှာ စတေးခဲ့တယ်။

 ပြီးတော့ ထိပ်တင်ကြီးဆိုတဲ့ဘွဲ့ပေးပြီး သူ့ဝိညာဉ်ကို မြို့ကို စောင့်ရှောက်စေခဲ့တယ်။ အခုထိ ရှိသေးသလားဆိုတော့ ရှိပါသေးတယ်။ ဒါပေမဲ့ သူ့ဝိညာဉ် မဟုတ်တော့ပါဘူး။ သူ့တာဝန်အရ ထမ်းဆောင်ပြီး အချိန်ပြည့်တော့ စောင့်ရှောက်ဖို့ကံပါတဲ့ လူတစ်ယောက်ကို သူ့တာဝန်လွှဲပြောင်းပေးခဲ့တယ်။ လူစားလဲတဲ့သဘောပေါ့။ (တစ်နှစ်တစ်ခါ လဲတယ် လို့လဲ ဆိုကြပါတယ် )

တစ်နှစ်တစ်ခါ ဖြစ်ဖြစ် မန်းလေးမှာ ထူးဆန်းတဲ့ မတော်တဆ သေဆုံး မှုတွေ ရှိပါတယ်။ ကြားလဲကြားဖူးကြမှာပါ။ အစိမ်းသေသလို သေတာတွေပေါ့။ ဟုတ်သည် မဟုတ်သည် အပထား၊နှောင်း လူကြီးတွေကတော့ အဲ့ဒါက လူစားလဲတာပါတဲ့။ ထိပ်တင်ကြီးရဲ့တာဝန်က ညသန်းခေါင်အချိန် မြို့ပတ်ပြီး ကင်းလှည့်ရ တယ်၊ စောင့်ရှောက်ရတယ် ။(ရှေးတရုတ်ကားအချို့မှာ ညဘက်ကြီး မြို့ထဲပတ်အော်တဲ့ လူလိုပေါ့ )

သူ့တပည့်တွေကတော့ မြို့ထဲက ရှိရှိသမျှ ခွေးတွေပါပဲ။ သူလာပြီ ဆိုတာနဲ့ ဆွဲဆွဲငင်ငင်အူပြီး အချက်ပြသတင်းပို့ရပါတယ် တဲ့။ မန်းလေးသူမန်းလေးသားများ တစ်ခါတစ်လေ ညည အိပ်မပျော်လို့ သန်းခေါင် ညနက်ရင် ဟိုဖက်လမ်းထိပ်ကနေ ဒီဘက်လမ်းထိပ်ထိ ခွေးတွေ အူပြီးသွားသလို တစ်ယောက်ယောက်ဖြတ်သွားသလို ခွေးအူသံတွေ ကြားဖူးကြလား။

အဲ့ဒါ ထိပ်တင်ကြီးက လမ်းတကာ ရပ်ကွက်တကာ ပတ်ပြီး လိုက်လံကြည့်ရှုနေတာပါတဲ့ ။ ( ကျွန်တော်က ညဘက်ဆို ၂နာရီလောက်မှ အိပ်တတ်တာကြောင့် အဲ့အသံကို အမြဲကြားရပါတယ်။ ကြားရဖန်များလာတော့ သိချင်လာတယ်။ အဲ့ဒါကြောင့် အဘိုးအဘွားတွေကို သေချာ မေးထားကြည့်ရတာပေါ့ ။ )

ထိပ်တင်ကြီးကို တွေ့ချင်တယ် မြင်ဖူးချင်တယ်ဆိုရင် ညသန်းခေါင် ခွေးအူသံတွေ ကြားရင် လမ်းဘက်ကိုမြင်ရတဲ့ ပြတင်းပေါက်နားသွားပါ။ အခန်းတစ်ခုလုံး အမှောင်ချထားပါ။ အနားမှာ ဘယ်သူမှမရှိပဲ တစ်ယောက်တည်း ဖြစ်နေပါစေ။ ပြတင်းပေါက်ကို ကျောခိုင်းရပ်ပါ။ လက်နောက်ပြန် လက်ယပ်ခေါ်ပြီး ” ထိပ်တင်ကြီးရေ လမ်းပေါ်မှာရှိရင် ကျွန်တော့်ဆီ ခဏလာပါဦး” လို့ ပြောပြီး ခေါ်ကြည့်လိုက်ပါတဲ့ ။

သတ္တိရှိဖို့၊ မကြောက်ဖို့ ပြီးတော့ နှလုံးရောဂါမရှိဖို့ လိုပါတယ်။ ပြီးရင်တော့ မန္တလေးနဲ့ ပတ်သတ်ပြီး သိချင်တာ မှန်သမျှ မေးကြည့်ကြပေါ့။ ကျနော်တော့ Tomino’s hell ကဗျာနဲ့တင် ခုထိ အိပ်မက်ဆိုးမက်တုန်းမို့ ဒီလိုမျိုးတော့ မစမ်းကြည့်ရဲသေးဘူး ။
မှတ်စုကြမ်း

No comments:

Post a Comment