Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 18, 2019

အိပ္ေရးပ်က္ျခင္းကို ေယာဂက ဘယ္လိုကူညီေပးႏုိင္မလဲ


ေယာဂက သင့္က်န္းမာေရးကို ေကာင္းမြန္ေစၿပီး ေနထိုင္ေကာင္းေစတဲ့အျပင္ အိပ္ေရးပ်က္ျခင္း၊ အိပ္ေရးမဝျခင္းကိုပါ ေပ်ာက္ကင္းေစႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက ယံုၾကည္ၾကပါတယ္။ သင့္ကိုေကာင္းေကာင္းအိပ္ေပ်ာ္ေစမယ့္ ေလ့က်င့္ခန္းတစ္ခုကိုရွာေဖြေနတယ္ဆိုရင္ေတာ့ ေယာဂဟာ မွန္ကန္တဲ့ ေရြးခ်ယ္မႈတစ္ခုျဖစ္ပါလိမ့္မယ္။

၁။ အိပ္ေရးမဝျခင္း၊ အိပ္ေရးပ်က္ျခင္းဟာ အႏၱရာယ္မ်ားတဲ့ အေျခအေနတစ္ခုပါ။

Primary Insomnia ကိုေတာ့ ေဆးဝါးေၾကာင့္မဟုတ္ဘဲ အလိုလို အိပ္မရျခင္းလို႔ အဓိပၸာယ္ဖြင့္ဆိုပါတယ္။ ဒုတိယဆင့္ အိပ္မရျခင္း (Secondary insomnia) ဆိုတာကေတာ့ က်န္းမာေရးျပႆနာတစ္ခုခုေၾကာင့္ ျဖစ္လာတဲ့ ေနာက္ဆက္တြဲျပႆနာတစ္ခု သို႔မဟုတ္ လကၡဏာတစ္ခုလို႔ ဆိုပါတယ္။ ကင္ဆာ၊ arthritis ၊ fibromyalgia နဲ႔ စိတ္က်ေရာဂါေတြပါ အပါအဝင္ ေရာဂါအေတာ္မ်ားမ်ားဟာ အိပ္မရျခင္းေတြကိုျဖစ္ေစပါတယ္။

အခ်ိဳ႕ေသာေဆးဝါးေတြကလည္း secondary insomnia ကိုျဖစ္ေစၿပီး စြဲလမ္းျခင္းကိုပါ ျဖစ္ေစႏိုင္ပါတယ္။ အိပ္မရျခင္းနဲ႔ သိစိတ္ပံုမွန္အလုပ္မလုပ္ျခင္းၾကားမွာ ဆက္စပ္မႈေတြရွိေနပါတယ္။ gray matter ပ်က္စီးျခင္းေတာင္ျဖစ္ေနႏိုင္ပါေသးတယ္။ အိပ္ေရးမဝျခင္းဟာ အသက္အႏၱရာယ္ထိခိုက္ႏုိင္ေစပါတယ္။ ျဖစ္လာႏုိင္တဲ့ ျပႆနာေတြကေတာ့ ႏွလံုးထိခိုက္ျခင္း၊ ေသြးဖိအားျမင့္ျခင္းနဲ႔ အဝလြန္ျခင္းေတြပါ။

ဒါေတြအျပင္ ေကာင္းေကာင္းမအိပ္ခဲ့ရဘဲ အိပ္ေရးမဝဘူးဆုိရင္ေတာ့ က်န္းမာေရးလည္း ဆုတ္ယုတ္လာပါလိမ့္မယ္။ ၿပီးရင္ စိတ္ဖိစီးမႈေတြျဖစ္ေပၚလာပါလိမ့္မယ္။ စိတ္ဖိစီးမႈေတြရဲ႕ေနာက္မွာေတာ့ အထက္ေဖာ္ျပပါ ေရာဂါေတြအပါအဝင္ အျခားေရာဂါေတြပါ ဝင္ေရာက္လာႏုိင္ပါတယ္။

၂။ အိပ္မရျခင္းအေပၚ ေယာဂရဲ႕သက္ေရာက္မႈတုိ႔ကို ေလ့လာျခင္း

စိတ္က်န္းမာေရးရဲ႕ သုေတသနအသစ္တစ္ခုအရ ေယာဂဟာ ကာလၾကာရွည္အိပ္မရတဲ့သူေတြရဲ႕ အိပ္စက္ႏိုင္စြမ္းကို တိုးတက္လာလေစႏိုင္တယ္လို႔ဆိုပါတယ္။ ဒီေလ့လာမႈက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိပ္မရတဲ့သူေတြကို ေလ့လာခဲ့တာျဖစ္ၿပီး Primary ေရာ Secondary ပါ ပါဝင္ပါတယ။္

 ေလ့လာမႈမွာ ပါဝင္တဲ့သူေတြကို အနည္းဆံုး ရက္သတၱ၈ပတ္ေလာက္ ေယာဂေလ့က်င့္ခိုင္းခဲ့ၿပီး ေလ့လာမႈမတိုင္မီ ၂ပတ္ေလာက္အလိုမွာ ပါဝင္သူေတြကို သူတို႔ရဲ႕ အိပ္စက္ျခင္းအတြက္ ဒိုင္ယာရီစေရးခိုင္းၿပီး ေလ့လာမႈၿပီးဆံုးသည္ထိ မွတ္တမ္းယူထားခဲ့ပါတယ္။

ဒိုင္ယာရီမွာေတာ့ အိပ္ခ်ိန္၊ တစ္ညမွာ ဘယ္ေလာက္ႏိုးတယ္ဆိုတာနဲ႔ ႏိုးလာၿပီး ဘယ္ေလာက္အၾကာမွာ ျပန္အိပ္ေပ်ာ္သြားတယ္ စတာေတြပါဝင္ပါတယ္။ ေလ့လာသူေတြဟာ ဒိုင္ယာရီေတြကို ခြဲျခမ္းစိတ္ျဖာခဲ့ၿပီး ေယာဂက ဘယ္ေလာက္လႊမ္းမိုးမႈရွိတယ္ဆိုတာကို ေဖာ္ထုတ္ခဲ့ၾကပါတယ္။

ဒီေနာက္မႈေတာ့ အမ်ိဳးမ်ိဳးေသာ တိုးတက္မႈေတြကို ေတြ႕ျမင္ခဲ့ရပါတယ္။ ဒီတိုးတက္မႈေတြမွာေတာ့ အိပ္ေပ်ာ္ဖို႔ အခ်ိန္ပမာဏ၊ အိပ္စက္ႏိုင္စြမ္း၊ စုစုေပါင္းအိပ္ခ်ိန္၊ စုစုေပါင္းႏိုးခ်ိန္နဲ႔ အိပ္ၿပီးဘယ္ေလာက္အၾကာမွာ ႏုိးတယ္ဆိုတာေတြ ပါဝင္ပါတယ္။

၃။ အျခားေသာ သိပၸံပညာရဲ႕ သက္ေသျပခ်က္မ်ား

အိပ္မရျခင္းကို ေယာဂနဲ႔ကုသျခင္းအတြက္ေတာ့ ေနာက္ထပ္ေလ့လာမႈေတြလုပ္ဖုိ႔ လိုအပ္ေနပါေသးတယ္။ ဒါေပမဲ့ လက္ရွိအေျခအေနမွာေတာ့ ပိုၿပီးေကာင္းမြန္လာတဲ့ လကၡဏာေတြကို ေလ့လာမႈအမ်ားႀကီးမွာ ေတြ႕ျမင္ေနရပါတယ္။ ဥပမာ ေယာဂမွာဆိုရင္ ဦးေႏွာက္ထဲက ေသြးေၾကာေတြကို ေသြးေတြပိုပို႔ႏုိင္ေစမယ့္ က်င့္စဥ္ေတြရွိပါတယ္။

တကယ္လို႔မ်ား ဦးေႏွာက္ကို ေသြးလံုေလာက္ေအာင္မပို႔ႏုိင္ရင္ အိပ္မရျခင္းေတြျဖစ္ေပၚေစပါတယ္။ ေယာဂေၾကာင့္ပဲ ေသြးလည္ပတ္မႈ ပိုမိုေကာင္းမြန္လာၿပီး အိပ္မရျခင္းေပ်ာက္ကြယ္သြားႏုိင္ပါတယ္။ ဒါ့အျပငင္ ကင္ဆာေရာဂါသည္ေတြကလည္း အိပ္စက္ရာမွာပိုမိုတိုးတက္ေကာင္းမြန္လာတာေတြ၊ ပင္ပန္းတာ သက္သာသြားတာေတြနဲ႔ အိပ္ေဆးေသာက္ရတာနည္းသြားတာေတြဟာ တစ္ပတ္ကို ေယာဂ၂ခ်ိန္ေလ့က်င့္ၿပီးေနာက္ပိုင္းမွာ ျဖစ္ေပၚလာတယ္လို႔ ဆိုၾကပါတယ္။

ေသြးဆံုးေနတဲ့ အမ်ိဳးသမီးေတြကလည္း ပံုမွန္ေယာဂေလ့က်င့္တဲ့အခါမွာ သူတုိ႔ရဲ႕ လကၡဏာေတြက သက္သာသြားတယ္လို႔ ေတြ႕ရွိရပါတယ္။ ေယာဂကို ပံုမွန္ေလ့က်င့္သြားမယ္ဆိုရင္ေတာ့ အိပ္စက္ျခင္းစြမ္းရည္ကို လႈံ႕ေဆာ္ေပးႏုိင္မယ္လို႔ ယံုၾကည္ၾကပါတယ္။

အိပ္မရတဲ့ ေရာဂါအတြက္ အိပ္ေဆးေတြက အျမဲတမ္းအလုပ္ျဖစ္ေနမွာမဟုတ္ပါဘူး။ အေကာင္းဆံုးေဆးေတြကို သံုးမယ္ဆိုရင္ေတာင္မွာ အိပ္မရျခင္းအတြက္ ဘဝေနထိုင္မႈပံုစံေတြ ခ်ိန္ညွိဖို႔လိုအပ္ေနပါေသးတယ္။

 ေယာဂဟာ က်န္းမာတဲ့ ဘဝေနထိုင္မႈပံုစံကို တည္ေဆာင္ေပးႏုိင္ၿပီး ဒါကပဲ သင့္ကိုေကာင္းေကာင္းအိပ္ေပ်ာ္ေစႏိုင္မွာပါ။ ပိုၿပီးအိပ္ေပ်ာ္ေစရံုတင္မက ႏွစ္ႏွစ္ျခိဳက္ၿခိဳက္အိပ္ေပ်ာ္တဲ့အထိ ကူညီေပးႏိုင္ပါလိမ့္မယ္။
hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ယောဂက သင့်ကျန်းမာရေးကို ကောင်းမွန်စေပြီး နေထိုင်ကောင်းစေတဲ့အပြင် အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းကိုပါ ပျောက်ကင်းစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ သင့်ကိုကောင်းကောင်းအိပ်ပျော်စေမယ့် လေ့ကျင့်ခန်းတစ်ခုကိုရှာဖွေနေတယ်ဆိုရင်တော့ ယောဂဟာ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။
၁။ အိပ်ရေးမဝခြင်း၊ အိပ်ရေးပျက်ခြင်းဟာ အန္တရာယ်များတဲ့ အခြေအနေတစ်ခုပါ။

Primary Insomnia ကိုတော့ ဆေးဝါးကြောင့်မဟုတ်ဘဲ အလိုလို အိပ်မရခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ဒုတိယဆင့် အိပ်မရခြင်း (Secondary insomnia) ဆိုတာကတော့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတစ်ခု သို့မဟုတ် လက္ခဏာတစ်ခုလို့ ဆိုပါတယ်။ ကင်ဆာ၊ arthritis ၊ fibromyalgia နဲ့ စိတ်ကျရောဂါတွေပါ အပါအဝင် ရောဂါအတော်များများဟာ အိပ်မရခြင်းတွေကိုဖြစ်စေပါတယ်။

အချို့သောဆေးဝါးတွေကလည်း secondary insomnia ကိုဖြစ်စေပြီး စွဲလမ်းခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ အိပ်မရခြင်းနဲ့ သိစိတ်ပုံမှန်အလုပ်မလုပ်ခြင်းကြားမှာ ဆက်စပ်မှုတွေရှိနေပါတယ်။ gray matter ပျက်စီးခြင်းတောင်ဖြစ်နေနိုင်ပါသေးတယ်။ အိပ်ရေးမဝခြင်းဟာ အသက်အန္တရာယ်ထိခိုက်နိုင်စေပါတယ်။ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကတော့ နှလုံးထိခိုက်ခြင်း၊ သွေးဖိအားမြင့်ခြင်းနဲ့ အဝလွန်ခြင်းတွေပါ။

ဒါတွေအပြင် ကောင်းကောင်းမအိပ်ခဲ့ရဘဲ အိပ်ရေးမဝဘူးဆိုရင်တော့ ကျန်းမာရေးလည်း ဆုတ်ယုတ်လာပါလိမ့်မယ်။ ပြီးရင် စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေရဲ့နောက်မှာတော့ အထက်ဖော်ပြပါ ရောဂါတွေအပါအဝင် အခြားရောဂါတွေပါ ဝင်ရောက်လာနိုင်ပါတယ်။

၂။ အိပ်မရခြင်းအပေါ် ယောဂရဲ့သက်ရောက်မှုတို့ကို လေ့လာခြင်း

စိတ်ကျန်းမာရေးရဲ့ သုတေသနအသစ်တစ်ခုအရ ယောဂဟာ ကာလကြာရှည်အိပ်မရတဲ့သူတွေရဲ့ အိပ်စက်နိုင်စွမ်းကို တိုးတက်လာလစေနိုင်တယ်လို့ဆိုပါတယ်။ ဒီလေ့လာမှုက အကြောင်းအမျိုးမျိုးကြောင့် အိပ်မရတဲ့သူတွေကို လေ့လာခဲ့တာဖြစ်ပြီး Primary ရော Secondary ပါ ပါဝင်ပါတယ။်

 လေ့လာမှုမှာ ပါဝင်တဲ့သူတွေကို အနည်းဆုံး ရက်သတ္တ၈ပတ်လောက် ယောဂလေ့ကျင့်ခိုင်းခဲ့ပြီး လေ့လာမှုမတိုင်မီ ၂ပတ်လောက်အလိုမှာ ပါဝင်သူတွေကို သူတို့ရဲ့ အိပ်စက်ခြင်းအတွက် ဒိုင်ယာရီစရေးခိုင်းပြီး လေ့လာမှုပြီးဆုံးသည်ထိ မှတ်တမ်းယူထားခဲ့ပါတယ်။

ဒိုင်ယာရီမှာတော့ အိပ်ချိန်၊ တစ်ညမှာ ဘယ်လောက်နိုးတယ်ဆိုတာနဲ့ နိုးလာပြီး ဘယ်လောက်အကြာမှာ ပြန်အိပ်ပျော်သွားတယ် စတာတွေပါဝင်ပါတယ်။ လေ့လာသူတွေဟာ ဒိုင်ယာရီတွေကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ယောဂက ဘယ်လောက်လွှမ်းမိုးမှုရှိတယ်ဆိုတာကို ဖော်ထုတ်ခဲ့ကြပါတယ်။

ဒီနောက်မှုတော့ အမျိုးမျိုးသော တိုးတက်မှုတွေကို တွေ့မြင်ခဲ့ရပါတယ်။ ဒီတိုးတက်မှုတွေမှာတော့ အိပ်ပျော်ဖို့ အချိန်ပမာဏ၊ အိပ်စက်နိုင်စွမ်း၊ စုစုပေါင်းအိပ်ချိန်၊ စုစုပေါင်းနိုးချိန်နဲ့ အိပ်ပြီးဘယ်လောက်အကြာမှာ နိုးတယ်ဆိုတာတွေ ပါဝင်ပါတယ်။

၃။ အခြားသော သိပ္ပံပညာရဲ့ သက်သေပြချက်များ

အိပ်မရခြင်းကို ယောဂနဲ့ကုသခြင်းအတွက်တော့ နောက်ထပ်လေ့လာမှုတွေလုပ်ဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ပိုပြီးကောင်းမွန်လာတဲ့ လက္ခဏာတွေကို လေ့လာမှုအများကြီးမှာ တွေ့မြင်နေရပါတယ်။ ဥပမာ ယောဂမှာဆိုရင် ဦးနှောက်ထဲက သွေးကြောတွေကို သွေးတွေပိုပို့နိုင်စေမယ့် ကျင့်စဉ်တွေရှိပါတယ်။

တကယ်လို့များ ဦးနှောက်ကို သွေးလုံလောက်အောင်မပို့နိုင်ရင် အိပ်မရခြင်းတွေဖြစ်ပေါ်စေပါတယ်။ ယောဂကြောင့်ပဲ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်လာပြီး အိပ်မရခြင်းပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါ့အပြငင် ကင်ဆာရောဂါသည်တွေကလည်း အိပ်စက်ရာမှာပိုမိုတိုးတက်ကောင်းမွန်လာတာတွေ၊ ပင်ပန်းတာ သက်သာသွားတာတွေနဲ့ အိပ်ဆေးသောက်ရတာနည်းသွားတာတွေဟာ တစ်ပတ်ကို ယောဂ၂ချိန်လေ့ကျင့်ပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။

သွေးဆုံးနေတဲ့ အမျိုးသမီးတွေကလည်း ပုံမှန်ယောဂလေ့ကျင့်တဲ့အခါမှာ သူတို့ရဲ့ လက္ခဏာတွေက သက်သာသွားတယ်လို့ တွေ့ရှိရပါတယ်။ ယောဂကို ပုံမှန်လေ့ကျင့်သွားမယ်ဆိုရင်တော့ အိပ်စက်ခြင်းစွမ်းရည်ကို လှုံ့ဆော်ပေးနိုင်မယ်လို့ ယုံကြည်ကြပါတယ်။

အိပ်မရတဲ့ ရောဂါအတွက် အိပ်ဆေးတွေက အမြဲတမ်းအလုပ်ဖြစ်နေမှာမဟုတ်ပါဘူး။ အကောင်းဆုံးဆေးတွေကို သုံးမယ်ဆိုရင်တောင်မှာ အိပ်မရခြင်းအတွက် ဘဝနေထိုင်မှုပုံစံတွေ ချိန်ညှိဖို့လိုအပ်နေပါသေးတယ်။

 ယောဂဟာ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို တည်ဆောင်ပေးနိုင်ပြီး ဒါကပဲ သင့်ကိုကောင်းကောင်းအိပ်ပျော်စေနိုင်မှာပါ။ ပိုပြီးအိပ်ပျော်စေရုံတင်မက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အထိ ကူညီပေးနိုင်ပါလိမ့်မယ်။
hellosayarwon

No comments:

Post a Comment