Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 18, 2019

အသာတၾကည္အဖမ္းမခံတဲ႔ တရားခံရဲ႔ လက္ထဲကိုင္းခုတ္ဓါးျဖင္႔ အခုတ္မခံရခင္္ လက္္မတင္ေလးမွာ ပစ္္မိခဲ႔ေသာ က်ည္္သံုးေတာင္္႔ေၾကာင္႔ အခက္ၾကံဳေနရသူ စခန္းမႈးတစ္ေယာက္္


ျပည္ သူ႕ အသက္ အိုးအိ္မ္ စည္းစိမ္အား ကာကြယ္ေစာင့္ေရွက္ေပးေသာ ေပါင္းတလည္စခန္းမွဴး ရဲအုပ္ေက်ာ္ေထြးအား ဝန္းရံႀက

အခ်ိန္ ကား —— ၂၀၁၉၊ သႀကၤန္အတက္ေန႕ ေန႔လည္္

ေနရာ ကား——-ျပည္ခရိုင္ ျပည္ျမိဳ႕နယ္ ေပါင္းတလည္ နယ္ေျမရဲစခန္း…ရဲစခန္းမွဴး ရဲအုပ္ေက်ာ္ေထြး တစ္ေယာက္ ဒီႏွစ္ မိမိစခန္းပိုင္အတြင္း သႀကၤန္ကာလ မူးရစ္ရမ္းကား နာက်င္ မွဳ အမွဳႀကီးမ်ားမျဖစ္ေစေရးအတြက္

မိမိစခန္းမွ ထုတ္ႏွဳတ္အင္အား …နယ္ေျမ အုပ္ခ်ဳပ္ေရးမွအရံအင္အားမ်ား ႏွင့္ပူးေပါင္းလ်က္္ မဏၭပ္ လံုၿခံဳေရးနယ္ေျမလံုၿခံဳေရး လွည့္ကင္းမ်ားျဖင့္ အားသြန္ခြန္စိုက္ ေဆာင္ရြက္ခဲ႔ရာ…အႀကိဳ အက် အၾကပ္ မိမိစခန္းနယ္ေျမတြင္း ဘာျပသနာ မွ ႀကီးႀကီးမားမားမရွိ …

အခုဆို အတက္ေန႕ ေန႕လည္ေတာင္ေရာက္လာျပီ … ညေန ေနကုန္လို႕မွ ဘာသတင္းမွ မၾကားရလ်င္ သက္ျပင္းခ်လို႕ရၿပီ …အတက္ေန႕နံနက္ပိုင္း လံုၿခံဳေရးအဖြဲ႕မ်ား လိုက္လံ ႀကီးၾကပ္ခဲ႔ျပီး ရဲစခန္းတြင္ ေန႔လည္စာစားျပီး ခ်ိန္…ဖုန္းမည္သံ ၾကား၍ ၾကည့္လိုက္ရာ ရြာမအုပ္စု အုပ္ခ်ဳပ္ေရးမွဴးဖုန္း…တစ္ဖက္မွ “ဗိုလ္ႀကီးေရ က်ြန္းေတာရြာ ဖိုးသဲဆိုတဲ႕ေကာင္ အိမ္မီးရွိဳ႕ ကိုယ့္မိန္းမကိုယ္ဓါးနဲ႔ခုတ္လို႕တဲ႔ ေသျပီလားေတာင္မသိဘူးဗ်ာ ´´ရဲအုပ္ေက်ာ္ေထြးတစ္ေယာက္ သူ႕အေတြ႕အႀကံဳ ကိုအေျခခံံ

အေတြးအႀကံ အလ်င္အျမန္ ထုတ္ရၿပီ …တရားခံသြားေရာက္ထိန္းသိမ္းဖို႕ ရာ ရဲစခန္းမွဴးတစ္ဦးအေနျဖင့္ လက္ေအာက္ အရာရွိ/ အၾကပ္ဦးစီးေစၿပီး လံုေလာက္ေသာအင္အားျဖင့္ လႊတ္လိုက္လ်င္ျဖစ္သည္ … သို႕ေသာ္ …ထုိသို႕ေသာ္သည္အေရးႀကီးပါ၏ … မူူရူးျပီး
ကိုယ့္အိမ္ကိုယ္မီးရွိဳ႕ ကိုယ္မိန္းမကို ဓါးႏွင့္ခုတ္သူ၏ ဇကမေသး… ရဲသြားဖမ္းလို႕ အသာတၾကည္အဖမ္းခံမည့္ပံုမဟုတ္ …အသာတၾကည္အဖမ္းမခံ ခဲ႔လ်င္ …ျပည္သူ႕အသက္အိုးအိမ္… မိမိတပ္ဖြဲ႕ဝင္မ်ားလံံုျခံဳမွဳ…မိမိလက္ေအာက္အဖြဲ႕မ်ားကို စိတ္မခ်ႏိုင္…



မိမိကိုယ္တိုင္ ဦးစီးသြားဖို႕ဆံုးျဖတ္လိုက္သည္ … ေျခာက္လံုျပဴး က်ည္အျပည့္ျဖည့္သည္ ္…တပ္ဖြဲ႕ဝင္ (၅ )ဦး ေျပာင္းေခ်ာ (၁) လက္ ထုတ္လိုက္သည္ …“အသာတၾကည္အဖမ္းမခံလို႕ ခုခံလို႕ပစ္ရမယ္ဆို ငါအရင္ပစ္မယ္ … ငါ့အမိန္႔မရ လံုးဝမ မပစ္နဲ႕´´ လို႕ေသနတ္သမားကိုမွာသည္…အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕ကို ရြာထိပ္လမ္းဆံုကေစာင့္ရန္လွမ္းေျပာရသည္ …

ေတြ႕ပါပီ ဖိုးသဲ… သူ႕အိမ္ေရွ႕မွာ အကၤ ီ် ကိုယ္ေျပာင္… မ်က္ႏွာအရက္ဆီတက္လ်က္…ပုဆိုးတိုတို လက္ထဲမွာ ဝင္းလက္ေနသည့္ ကိုင္းခုတ္ဓါးရွည္ … သူ႕ေဘးမွာ ေသြးသံရဲရဲျဖင့္ ပံုလ်က္လဲက်ေနသည့္ သူ႕ဇနီး…အိမ္ေခါင္မိုး မီးခိုးေငြ႕မ်ား… မီးကိုေတာ့ ဝိုင္းဝန္းျငိမ္းသတ္ထားဟန္တူသည္္…လူနာကိုေတာ့ လက္ထဲက ဓါးေၾကာင့္ ဘယ္သူမွမကပ္ရဲ …

“ ေဟ့ေရာင္ ဖိုးသဲ ငါစခန္းမွဴးပါ… မင္းလက္ထဲက ဓါးကိုခ်လိုက္ … မင္းဒီလို ဥပေဒမဲ႔လုပ္လို႕မရဘူး … ရဲစခန္းကို ေအးေဆးေဆးလိုက္ရွင္းပါ ´´ဖိုးသဲ ၏ တုန္႔ျပန္မွဳကလည္း သြက္သည္ … “ဘာစခန္းမွဴးလဲ … စခန္းမွဴးလဲ ဒါပဲရမယ္´´ လက္ထဲကိုင္းခုတ္ဓါးျဖင့္ ရဲအုပ္ေက်ာ္ေထြးထံ တည့္တည့္ေျပးဝင္လာသည္ …ရဲအုပ္ေက်ာ္ေထြးအတြက္ စဥ္းစားတြက္ခ်က္ခ်ိန္ စကၠန္႕ပိုင္းသာ “ဒိုင္း ဒိုင္း ဒိုင္း ´´ ဆက္တိုက္

(၃ ) ခ်က္ …ပထမတစ္ခ်က္ – ေသနတ္သံၾကားရင္ ရပ္သြားမလားလို႕ ေျခာက္လွန္႕ …ဒုတိယတစ္ခ်က္ – ေသကြင္းေသကြက္မဟုတ္သည့္ ေျခေထာက္ …

တတိယတစ္ခ်က္ – သူ႔ပုခံုးေပၚ ကိုင္းခုတ္ဓါးက်မလာခင္ လက္မတင္ကေလး…ဖိုးသဲ တစ္ေယာက္ ယာဘက္ရင္ဘတ္ လက္တစ္ဖက္အုပ္လ်က္ လဲက်သြားၿပီ …စကားျပန္လဲ မရေတာ့ၿပီ…

အခုေတာ့ ျပည္သူ႕ အသက္အိုးအိမ္စည္းစိမ္ကို အသက္နဲ႕ထပ္တူ ကာကြယ္ေစာင့္ေရွာက္ခဲ႕ေသာ ရဲအုပ္ေက်ာ္ေထြးတစ္ေယာက္ – – – – –

ေသခ်ာျပီ အထက္လူႀကီးမ်ားသည္ ရဲအုပ္ေက်ာ္ေထြးအား သနားညွာတာစြာျဖင့္စုံခုံ သက္ခ်ဳပ္ ရဲတရားရုံးလုပ္္အေရးယူဖုိ႔မ်ားပါသည္ ဒါဟာအထက္က ကုိယ္ခ်င္းမစာ လုပ္္္ရက္ပါကြယ္္….( ျဖစ္ရပ္မွန္ အား ဖတ္၍ အဆင္ေျပေအာင္ ရဲအုပ္ေက်ာ္ေထြးအား ဂုဏ္ျပဳ ေရးဖြဲဲ႔သည္ )

ေက်ာ္ေက်ာ္္ ဥာဏ္ဝင္း

Unicode Version

ပြည် သူ့ အသက် အိုးအိမ် စည်းစိမ်အား ကာကွယ်စောင့်ရှေက်ပေးသော ပေါင်းတလည်စခန်းမှူး ရဲအုပ်ကျော်ထွေးအား ဝန်းရံကြ

အချိန် ကား —— ၂၀၁၉၊ သြင်္ကန်အတက်နေ့ နေ့လည်

နေရာ ကား——-ပြည်ခရိုင် ပြည်မြို့နယ် ပေါင်းတလည် နယ်မြေရဲစခန်း…ရဲစခန်းမှူး ရဲအုပ်ကျော်ထွေး တစ်ယောက် ဒီနှစ် မိမိစခန်းပိုင်အတွင်း သြင်္ကန်ကာလ မူးရစ်ရမ်းကား နာကျင် မှု အမှုကြီးများမဖြစ်စေရေးအတွက်

မိမိစခန်းမှ ထုတ်နှုတ်အင်အား …နယ်မြေ အုပ်ချုပ်ရေးမှအရံအင်အားများ နှင့်ပူးပေါင်းလျက် မဏ္ဌပ် လုံခြုံရေးနယ်မြေလုံခြုံရေး လှည့်ကင်းများဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ရာ…အကြို အကျ အကြပ် မိမိစခန်းနယ်မြေတွင်း ဘာပြသနာ မှ ကြီးကြီးမားမားမရှိ …

အခုဆို အတက်နေ့ နေ့လည်တောင်ရောက်လာပြီ … ညနေ နေကုန်လို့မှ ဘာသတင်းမှ မကြားရလျင် သက်ပြင်းချလို့ရပြီ …အတက်နေ့နံနက်ပိုင်း လုံခြုံရေးအဖွဲ့များ လိုက်လံ ကြီးကြပ်ခဲ့ပြီး ရဲစခန်းတွင် နေ့လည်စာစားပြီး ချိန်…ဖုန်းမည်သံ ကြား၍ ကြည့်လိုက်ရာ ရွာမအုပ်စု အုပ်ချုပ်ရေးမှူးဖုန်း…တစ်ဖက်မှ “ဗိုလ်ကြီးရေ ကျွန်းတောရွာ ဖိုးသဲဆိုတဲ့ကောင် အိမ်မီးရှို့ ကိုယ့်မိန်းမကိုယ်ဓါးနဲ့ခုတ်လို့တဲ့ သေပြီလားတောင်မသိဘူးဗျာ ´´ရဲအုပ်ကျော်ထွေးတစ်ယောက် သူ့အတွေ့အကြုံ ကိုအခြေခံံ

အတွေးအကြံ အလျင်အမြန် ထုတ်ရပြီ …တရားခံသွားရောက်ထိန်းသိမ်းဖို့ ရာ ရဲစခန်းမှူးတစ်ဦးအနေဖြင့် လက်အောက် အရာရှိ/ အကြပ်ဦးစီးစေပြီး လုံလောက်သောအင်အားဖြင့် လွှတ်လိုက်လျင်ဖြစ်သည် … သို့သော် …ထိုသို့သော်သည်အရေးကြီးပါ၏ … မူူရူးပြီး
ကိုယ့်အိမ်ကိုယ်မီးရှို့ ကိုယ်မိန်းမကို ဓါးနှင့်ခုတ်သူ၏ ဇကမသေး… ရဲသွားဖမ်းလို့ အသာတကြည်အဖမ်းခံမည့်ပုံမဟုတ် …အသာတကြည်အဖမ်းမခံ ခဲ့လျင် …ပြည်သူ့အသက်အိုးအိမ်… မိမိတပ်ဖွဲ့ဝင်များလံုံခြုံမှု…မိမိလက်အောက်အဖွဲ့များကို စိတ်မချနိုင်…



မိမိကိုယ်တိုင် ဦးစီးသွားဖို့ဆုံးဖြတ်လိုက်သည် … ခြောက်လုံပြူး ကျည်အပြည့်ဖြည့်သည် ်…တပ်ဖွဲ့ဝင် (၅ )ဦး ပြောင်းချော (၁) လက် ထုတ်လိုက်သည် …“အသာတကြည်အဖမ်းမခံလို့ ခုခံလို့ပစ်ရမယ်ဆို ငါအရင်ပစ်မယ် … ငါ့အမိန့်မရ လုံးဝမ မပစ်နဲ့´´ လို့သေနတ်သမားကိုမှာသည်…အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို ရွာထိပ်လမ်းဆုံကစောင့်ရန်လှမ်းပြောရသည် …

တွေ့ပါပီ ဖိုးသဲ… သူ့အိမ်ရှေ့မှာ အင်္က ျီ ကိုယ်ပြောင်… မျက်နှာအရက်ဆီတက်လျက်…ပုဆိုးတိုတို လက်ထဲမှာ ဝင်းလက်နေသည့် ကိုင်းခုတ်ဓါးရှည် … သူ့ဘေးမှာ သွေးသံရဲရဲဖြင့် ပုံလျက်လဲကျနေသည့် သူ့ဇနီး…အိမ်ခေါင်မိုး မီးခိုးငွေ့များ… မီးကိုတော့ ဝိုင်းဝန်းငြိမ်းသတ်ထားဟန်တူသည်…လူနာကိုတော့ လက်ထဲက ဓါးကြောင့် ဘယ်သူမှမကပ်ရဲ …

“ ဟေ့ရောင် ဖိုးသဲ ငါစခန်းမှူးပါ… မင်းလက်ထဲက ဓါးကိုချလိုက် … မင်းဒီလို ဥပဒေမဲ့လုပ်လို့မရဘူး … ရဲစခန်းကို အေးဆေးဆေးလိုက်ရှင်းပါ ´´ဖိုးသဲ ၏ တုန့်ပြန်မှုကလည်း သွက်သည် … “ဘာစခန်းမှူးလဲ … စခန်းမှူးလဲ ဒါပဲရမယ်´´ လက်ထဲကိုင်းခုတ်ဓါးဖြင့် ရဲအုပ်ကျော်ထွေးထံ တည့်တည့်ပြေးဝင်လာသည် …ရဲအုပ်ကျော်ထွေးအတွက် စဉ်းစားတွက်ချက်ချိန် စက္ကန့်ပိုင်းသာ “ဒိုင်း ဒိုင်း ဒိုင်း ´´ ဆက်တိုက်

(၃ ) ချက် …ပထမတစ်ချက် – သေနတ်သံကြားရင် ရပ်သွားမလားလို့ ခြောက်လှန့် …ဒုတိယတစ်ချက် – သေကွင်းသေကွက်မဟုတ်သည့် ခြေထောက် …

တတိယတစ်ချက် – သူ့ပုခုံးပေါ် ကိုင်းခုတ်ဓါးကျမလာခင် လက်မတင်ကလေး…ဖိုးသဲ တစ်ယောက် ယာဘက်ရင်ဘတ် လက်တစ်ဖက်အုပ်လျက် လဲကျသွားပြီ …စကားပြန်လဲ မရတော့ပြီ…

အခုတော့ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို အသက်နဲ့ထပ်တူ ကာကွယ်စောင့်ရှောက်ခဲ့သော ရဲအုပ်ကျော်ထွေးတစ်ယောက် – – – – –

သေချာပြီ အထက်လူကြီးများသည် ရဲအုပ်ကျော်ထွေးအား သနားညှာတာစွာဖြင့်စုံခုံ သက်ချုပ် ရဲတရားရုံးလုပ်အရေးယူဖို့များပါသည် ဒါဟာအထက်က ကိုယ်ချင်းမစာ လုပ်ရက်ပါကွယ်….( ဖြစ်ရပ်မှန် အား ဖတ်၍ အဆင်ပြေအောင် ရဲအုပ်ကျော်ထွေးအား ဂုဏ်ပြု ရေးဖွဲ့သည် )

ကျော်ကျော် ဉာဏ်ဝင်း

No comments:

Post a Comment