Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 1, 2019

အင္ဒိုနီးရွားနိုင္ငံတြင္ ကိုယ္ဝန္အရင့္အမာနဲ႔ ဇနီးကို ဖုန္းpassward ေမးတာ မေျပာလို႔ ဓားနဲ႕ ခုတ္သတ္မိ

အင္ဒိုနီးရွားနိုင္ငံ၊ Bengkulu ၿမိဳ႕မွာ ခင္ပြန္းသည္ အမ်ိဳးသားတစ္ဦးဟာ၊ ဇနီးသည္နဲ႕ အခ်င္းမ်ား ရန္ျဖစ္ၿပီးေနာက္ ဇနီးျဖစ္သူကို ဓားနဲ႕ခုတ္သတ္ခဲ့ေၾကာင္း သိရပါတယ္။ တရားခံအမ်ိဳးသားအမည္မွာ Romi Sepriawan ျဖစ္ၿပီး အသက္(၃၀)ႏွစ္ ျဖစ္ပါတယ္။ ေသဆုံးသူကေတာ့ Erni Susanti ျဖစ္ၿပီး၊ (၂၉)ႏွစ္ပါ။

Erni ဟာ ကိုယ္ဝန္အရင့္အမာကို လြယ္ထားရၿပီး၊ ခင္ပြန္းသည္အမ်ိဳးသားက သဝန္တိုတတ္သူျဖစ္ေၾကာင္း၊ မၾကာခဏ ျပႆနာရွာေလ့ရွိၿပီး၊ အေၾကာင္းမရွိအေၾကာင္းရွာ စြပ္စြဲမႈေတြ ျပဳလုပ္တတ္ေၾကာင္း နီးစပ္ရာ အသိုင္းအဝိုင္းက ဆိုပါတယ္။ အခင္းျဖစ္တဲ့ေန႕ကလည္း Romi ဟာ ဇနီးကို မယုံလို႔ ဖုန္းကို စစ္ဖို႔ႀကိဳးစားခဲ့တာပါ။

Erni က ဖုန္း PW ကို လုံးဝ မေျပာတာေၾကာင့္ အခ်င္းမ်ား ရန္ျဖစ္ခဲ့ၾကၿပီး၊ Romi ဟာ ေနအိမ္ကေန ထြက္သြားခဲ့ပါတယ္။ အဲဒီေနာက္ ျပန္လာစဥ္မွာ ကိုင္းခုတ္ဓားကို ယူေဆာင္လာၿပီး၊ ဇနီးကို ရန္ျပဳတိုက္ခိုက္ခဲ့ပါတယ္။ အိမ္နီးနားခ်င္းေတြက သိရွိၿပီး၊ Romi ကို လက္ရဖမ္းဆီးေပးခဲ့ပါတယ္။ Erni ကေတာ့ ေဆး႐ုံမွာပင္ ေသဆုံးသြားခဲ့ေပမယ့္- ကေလးကိုေတာ့ ဆရာဝန္ေတြက ေအာင္ျမင္စြာ ေမြးေပးနိုင္ခဲ့ပါတယ္။
Myanmarnote
#Unicode Version#
အင်ဒိုနီးရှားနိုင်ငံ၊ Bengkulu မြို့မှာ ခင်ပွန်းသည် အမျိုးသားတစ်ဦးဟာ၊ ဇနီးသည်နဲ့ အချင်းများ ရန်ဖြစ်ပြီးနောက် ဇနီးဖြစ်သူကို ဓားနဲ့ခုတ်သတ်ခဲ့ကြောင်း သိရပါတယ်။ တရားခံအမျိုးသားအမည်မှာ Romi Sepriawan ဖြစ်ပြီး အသက်(၃၀)နှစ် ဖြစ်ပါတယ်။ သေဆုံးသူကတော့ Erni Susanti ဖြစ်ပြီး၊ (၂၉)နှစ်ပါ။

Erni ဟာ ကိုယ်ဝန်အရင့်အမာကို လွယ်ထားရပြီး၊ ခင်ပွန်းသည်အမျိုးသားက သဝန်တိုတတ်သူဖြစ်ကြောင်း၊ မကြာခဏ ပြဿနာရှာလေ့ရှိပြီး၊ အကြောင်းမရှိအကြောင်းရှာ စွပ်စွဲမှုတွေ ပြုလုပ်တတ်ကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းက ဆိုပါတယ်။ အခင်းဖြစ်တဲ့နေ့ကလည်း Romi ဟာ ဇနီးကို မယုံလို့ ဖုန်းကို စစ်ဖို့ကြိုးစားခဲ့တာပါ။

Erni က ဖုန်း PW ကို လုံးဝ မပြောတာကြောင့် အချင်းများ ရန်ဖြစ်ခဲ့ကြပြီး၊ Romi ဟာ နေအိမ်ကနေ ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် ပြန်လာစဉ်မှာ ကိုင်းခုတ်ဓားကို ယူဆောင်လာပြီး၊ ဇနီးကို ရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။ အိမ်နီးနားချင်းတွေက သိရှိပြီး၊ Romi ကို လက်ရဖမ်းဆီးပေးခဲ့ပါတယ်။ Erni ကတော့ ဆေးရုံမှာပင် သေဆုံးသွားခဲ့ပေမယ့်- ကလေးကိုတော့ ဆရာဝန်တွေက အောင်မြင်စွာ မွေးပေးနိုင်ခဲ့ပါတယ်။
Myanmarnote

No comments:

Post a Comment