Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 1, 2019

ထီဖွင့်ပွဲမှာ သိန်းတစ်သောင်းဆု ပေါက်သွားသည့် စစ်တက္ကသိုလ်အမှတ်စဉ်(၃၈)မှ အောင်ဆန်းတပ်ခွဲဆင်း အစ်ကိုကြီး ဦးကျော်စိုးလင်း ဇာတာမှတ်တမ်း

ဗိုလ်လောင်းတုန်းက… အစ်ကိုကြီးထန်းသီးကညီငယ်တွေအတွက် လွမ်းတသသ, သတိရစေသလို….. ကျွန်တော်ကတော့ အစ်ကိုကြီးရဲ့ ဖေါက်သည်ပါ… အစ်ကိုကြီး အခွန်အရာရှိဖြစ်တော့ ညီငယ်တွေကို လုပ်ငန်းကိစ္စတွေကို အားတက်သရော အကူအညီတွေပေးပြီး…… အစ်ကိုကြီးက မေတ္တာသမားကြီး သက်သက် ဖြစ်သွားခဲ့တာ…….အံ့သြမိခဲ့ပါတယ်…………. အခွန်အရာရှိဘ၀က ကြီးသူ-ငယ်သူ၊အယုတ်-အလှ အမြတ်မရွေး ပြုံးပြုံးရွှင်ရွှင် စေတနာပရပွနဲ့ အကူအညီပေးခဲ့တဲ့ စေတနာတွေ အကျိုးပေးချိန်တန်လို့ အောင်ဘာလေ သိန်းတစ်သောင်းထီဆုကြီး ဆွတ်ခူးရတယ်လို့ ယူဆမိပါတယ်…… အစ်ကိုကြီး လုပ်ငန်းအမည်ပေးအတွက်ကျွန်တော့်ရုံးခန်းလာပြီး ဇာတာဆန်းစစ်တော့ ကြီးပွားချမ်းသာအောင်မြင်ပြီး ရွှေဖြစ်တော့မယ့် အချိန်လို့ ပြောမိခဲ့တဲ့အတိုင်း အစ်ကိုကြီး အခုတော့ ရွှေဖြစ်ကိန်း ဆိုက်ရောက်ပြီပေါ့……….

အစိုးရ၀န်ထမ်းဘ၀ကနေ ရဲရဲဝံ့ဝံ့နှုတ်ထွက်ပြီး စီးပွားရေးအောင်မြင်အောင် ဇောက်ချလုပ်မယ့် အစ်ကိုကြီး ဆန္ဒများ အမြန်ပြည့်ဝပါစေ……… မွေးရပ်ဇာတိမြေမှာ ခမ်းနားထည်ဝါတဲ့ အပန်းဖြေဥယျာဉ်ကမ္ဘာကြီး အမြန်ပေါ်ထွန်းလာပါစေ……….. အစ်ကိုကြီး ထီပေါက်ကိန်းကတော့သုဘဘာဝမှာ ရှိတဲ့ အာယုစန်းနဲ့ ယူရေးနပ်စ်ဂြိုဟ်အတွေ့….ကောဇာကြာသပတေး မွန်းတည့်ဘာဝမှ ဓနဘာဝအမြင်ရှိချိန် ထီဆုကြီးကံထူးခွင့် ရရှိစေခဲ့ပါတယ်.. လုပ်ငန်းတွေ ဆက်လက်အောင်မြင်ပြီး ကံထူးကံကောင်းမှုများ ဆက်လက်တွေ့ကြုံနိုင်ပါစေလို့ ဆန္ဒပြုလျက်……….

အောင်ဆန်း(၃၉)ညီငယ်…..
ဦးဇေယျာကို (နက္ခတ်ဥယျာဉ်)

၀၉၅၃ ၉၃၃၄၃ ၊ ၀၉၄၀၀ ၅၀၀၀၀၉
#Unicode Version#

No comments:

Post a Comment