Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 1, 2019

ျမန္မာအိမ္အကူ ေငြခိုးတာမဟုတ္ဘဲ လိင္ပိုင္းေစာ္ကားခံရျခင္းျဖစ္ဟု ေအေအစီစီေျပာ

ျမန္မာအိမ္အကူ ေငြခိုးတာမဟုတ္ဘဲ လိင္ပိုင္းေစာ္ကားခံရျခင္းျဖစ္ဟု ေအေအစီစီေျပာ

ဘန္ေကာက္ၿမိဳ႕မွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျမန္မာအိမ္အကူအမ်ဳိးသမီးဟာ အလုပ္ရွင္ဆီက ဘတ္ေငြ ၁ သိန္း ခုိးယူခဲ့တာမဟုတ္ဘဲ လိင္ပုိင္းဆုိင္ရာ ေစာ္ကားခံရတာေၾကာင့္ ထြက္ေျပးခဲ့တာလုိ႔ ေအေအစီက ေျပာပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ျမန္မာသန္႔ရွင္းေရးအလုပ္သမတဦးက အိမ္ရွင္ရဲ႕ ဘတ္ေငြ ၁ သိန္း ခိုးယူခဲ့ေၾကာင္း ထိုင္းသတင္းမီဒီယာေတြမွာ ေဖာ္ျပခဲ့ပါတယ္။

ေအေအစီ အလုပ္သမားကူညီေစာင့္ေရွာက္ေရး မဟာမိတ္အဖြဲ႔ ဥကၠ႒ ဦးခိုင္ႀကီးက ေတာ့ အဆိုပါအမ်ိဳးသမီးမွာ ေငြခိုးတာမဟုတ္ဘဲ အလုပ္ရွင္အမ်ိဳးသားက လိင္ပိုင္း ဆို င္ရာေစာ္ကားၿပီး အဓၶမျပဳရန္ၾကံရြယ္စဥ္ သူ႔ဇနီးေရာက္လာလို႔ ႏုတ္ပိတ္တဲ့အေနနဲ႔ ေငြေပး ခဲ့ေၾကာင္း၊ သူမလည္း ေၾကာက္လန္႔ကာ ေငြယူၿပီး ထြက္ေျပးခဲ့တယ္။

ရဲေတြလာဖမ္းေတာ့ အျဖ စ္မွန္ကို ေျပာျပေပမယ့္ လက္မခံဘဲ သူခိုးဆုိၿပီး စြပ္စြဲခဲ့တာလုိ႔ ဒီဗြီဘီကို ေျပာပါတယ္။“သူက ပိုက္ဆံမခိုးရတဲ့အေၾကာင္း ရဲကိုေျပာေပမယ့္ သူ႔လက္ထဲမွာ အလုပ္ရွင္အဖိုးႀကီး ေပးထားတဲ့ေငြကိုေတြ႔ေတာ့ သက္ေသရွိတယ္ဆိုၿပီး ဖမ္းလိုက္တာတဲ့၊ အဲဒါေအေအစီအဖြဲ႔ကို အကူအညီေတာင္းလာပါတယ္။

က်ေနာ္တို႔အဖြဲ႔အစည္းက တရား၀င္မဟုတ္ေတာ့ ျမန္မာသံ႐ုံး လုပ္သမားအရာရွိဆီ ဆက္သြယ္ခိုင္းလိုက္တယ္။ အလုပ္သမားသံအရာရွိေတြကို ဆက္သြယ္လို႔ မရေသးဘူး။ ဒါနဲ႔ က်ေနာ္လည္း ေထာင္းေလာ္ရဲစခန္းမွာ သြားၿပီး တိုင္ခ်က္ဖြင့္ထားေပးတယ္။

ၿပီးေတာ့ရဲစခန္းက လ၀က႐ဳံးခ်ဳပ္ကို လိုက္သြားခိုင္းတာ ဟိုေရာက္ေတာ့ သတင္းေထာက္ေတြ အမ်ားႀကီးနဲ႔ သတင္းစာရွင္းလင္းေနၿပီ။ အခ်ဳပ္ခန္းကိုလိုက္သြားေတာ့ ရဲကခိုးမႈနဲ႔ ျပည္ႏွင္ဒဏ္ေပး မယ္လို႔ ေျပာတယ္၊ သူ႔အမ်ိဳးသားလည္း အလိုတူပါအျဖစ္နဲ႔ ပတ္စပို႔စာအုပ္ေတြ အသိမ္းခံရၿပီး ျမန္မာျပည္ျပန္ပို႔ခံရမယ္လို႔ ေျပာတယ္။”

နန္းေဆြဇင္မာကေတာ့ အဆိုပါ ကြန္ဒို တိုက္ခန္းမွာ သန္႔ရွင္းေရးလုပ္ဖို႔ သူငယ္ခ်င္းအဆက္အသြယ္နဲ႔ အလုပ္၀င္ခဲ့ေၾကာင္း၊ အလုပ္၀င္ၿပီး ၂ ရက္အၾကာ အိပ္ခန္းထဲ သန္႔ရွင္းေရး၀င္လုပ္စဥ္ အသက္ ၆၀ အရြယ္ သူေဌးက ၀င္ေရာက္လာကာ သူမကို လိင္ပိုင္းဆိုင္ရာေစာ္ကာၿပီး အဓမၼျပဳဖုိ႔ ႀကိဳးစားလို႔ ႐ုန္းရင္း ဆန္ခတ္ျဖစ္စဥ္ ….

သူေဌးကေတာ္ အျပင္ကျပန္ေရာက္လာတာၾကားလို႔ သူေဌးက စာအိတ္အနီေရာင္ေပးၿပီး အဲဒီကိစၥ ဘယ္သူ႔ကိုမွမေျပာဖို႔ ႏုတ္ပိတ္ခဲ့တယ္လို႔ ေျပာပါတယ္။သူမလည္း ေငြပါတဲ့ စာအိတ္ကိုယူထားလိုက္မိၿပီး သူေဌးကေတာ္ကိုလည္း မေျပာရဲေၾကာ င္း၊ အဲဒီအိမ္ကေန ထြက္ခြာဖို႔ ဆံုးျဖတ္ၿပီး ေယာကၡမဆံုးတယ္လို႔ လိမ္ေျပာကာ သူေဌးမ သိမ္း ထားတဲ့ ပတ္စပို႔ျပန္ရတာနဲ႔ ထြက္လာခဲ့ေၾကာင္း…

ေငြကိုေတာ့ သူ႔ကို အလုပ္ရွာေပးတဲ့ သူငယ္ခ်င္း ဆီ အက်ိဳးအေၾကာင္းေျပာျပီး အပ္ထားခဲ့ကာ သူမအမ်ိဳးသားနဲ႔ လာေနစဥ္ အဖမ္းခံရတာလို႔ ေျပာ ပါတယ္။ေအေအစီအဖြဲ႔ကေတာ့ သူမကို ျမန္မာျပည္ျပန္မပို႔ဘဲ ေထာင္ခ်ပါက ေရွ႕ေနေတြနဲ႔တိုင္ပင္ၿပီး တရားရင္ဆိုင္ေပးလိုေၾကာင္း၊ ျမန္မာျပည္ျပန္ပို႔ခံရရင္ေတာ့ နယ္စပ္တေနရာမွာ ျဖစ္ရပ္မွန္ကို သတင္းစာရွင္းလင္းေျပာျပႏိုင္ဖို႔ စီစဥ္ေပးမယ္လို႔ ေျပာသြားပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဒီဗြီဘီက ထိုင္းျမန္မာသံ႐ုံး၊ အလုပ္သမားသံအရာရွိ ဦးစန္းေမာင္ဦး ၀၉ ၄၈၈၄ ၅၄၈၄ နဲ႔ ဦးသန္းႏုိင္ ၀၆ ၅၂၂၀ ၅၉၅၂ တို႔ကို ေမးျမန္းဖို႔ အႀကိမ္ႀကိမ္ဆက္သြယ္ေပမယ့္ မရခဲ့ပါဘူး။
DVB TV News

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာအိမ်အကူ ငွေခိုးတာမဟုတ်ဘဲ လိင်ပိုင်းစော်ကားခံရခြင်းဖြစ်ဟု အေအေစီစီပြော

ဘန်ကောက်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအိမ်အကူအမျိုးသမီးဟာ အလုပ်ရှင်ဆီက ဘတ်ငွေ ၁ သိန်း ခိုးယူခဲ့တာမဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကြောင့် ထွက်ပြေးခဲ့တာလို့ အေအေစီက ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာသန့်ရှင်းရေးအလုပ်သမတဦးက အိမ်ရှင်ရဲ့ ဘတ်ငွေ ၁ သိန်း ခိုးယူခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက တော့ အဆိုပါအမျိုးသမီးမှာ ငွေခိုးတာမဟုတ်ဘဲ အလုပ်ရှင်အမျိုးသားက လိင်ပိုင်း ဆို င်ရာစော်ကားပြီး အဓ္ဓမပြုရန်ကြံရွယ်စဉ် သူ့ဇနီးရောက်လာလို့ နုတ်ပိတ်တဲ့အနေနဲ့ ငွေပေး ခဲ့ကြောင်း၊ သူမလည်း ကြောက်လန့်ကာ ငွေယူပြီး ထွက်ပြေးခဲ့တယ်။

ရဲတွေလာဖမ်းတော့ အဖြ စ်မှန်ကို ပြောပြပေမယ့် လက်မခံဘဲ သူခိုးဆိုပြီး စွပ်စွဲခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။“သူက ပိုက်ဆံမခိုးရတဲ့အကြောင်း ရဲကိုပြောပေမယ့် သူ့လက်ထဲမှာ အလုပ်ရှင်အဖိုးကြီး ပေးထားတဲ့ငွေကိုတွေ့တော့ သက်သေရှိတယ်ဆိုပြီး ဖမ်းလိုက်တာတဲ့၊ အဲဒါအေအေစီအဖွဲ့ကို အကူအညီတောင်းလာပါတယ်။

ကျနော်တို့အဖွဲ့အစည်းက တရားဝင်မဟုတ်တော့ မြန်မာသံရုံး လုပ်သမားအရာရှိဆီ ဆက်သွယ်ခိုင်းလိုက်တယ်။ အလုပ်သမားသံအရာရှိတွေကို ဆက်သွယ်လို့ မရသေးဘူး။ ဒါနဲ့ ကျနော်လည်း ထောင်းလော်ရဲစခန်းမှာ သွားပြီး တိုင်ချက်ဖွင့်ထားပေးတယ်။

ပြီးတော့ရဲစခန်းက လဝကရုံးချုပ်ကို လိုက်သွားခိုင်းတာ ဟိုရောက်တော့ သတင်းထောက်တွေ အများကြီးနဲ့ သတင်းစာရှင်းလင်းနေပြီ။ အချုပ်ခန်းကိုလိုက်သွားတော့ ရဲကခိုးမှုနဲ့ ပြည်နှင်ဒဏ်ပေး မယ်လို့ ပြောတယ်၊ သူ့အမျိုးသားလည်း အလိုတူပါအဖြစ်နဲ့ ပတ်စပို့စာအုပ်တွေ အသိမ်းခံရပြီး မြန်မာပြည်ပြန်ပို့ခံရမယ်လို့ ပြောတယ်။”

နန်းဆွေဇင်မာကတော့ အဆိုပါ ကွန်ဒို တိုက်ခန်းမှာ သန့်ရှင်းရေးလုပ်ဖို့ သူငယ်ချင်းအဆက်အသွယ်နဲ့ အလုပ်ဝင်ခဲ့ကြောင်း၊ အလုပ်ဝင်ပြီး ၂ ရက်အကြာ အိပ်ခန်းထဲ သန့်ရှင်းရေးဝင်လုပ်စဉ် အသက် ၆၀ အရွယ် သူဌေးက ဝင်ရောက်လာကာ သူမကို လိင်ပိုင်းဆိုင်ရာစော်ကာပြီး အဓမ္မပြုဖို့ ကြိုးစားလို့ ရုန်းရင်း ဆန်ခတ်ဖြစ်စဉ် ….

သူဌေးကတော် အပြင်ကပြန်ရောက်လာတာကြားလို့ သူဌေးက စာအိတ်အနီရောင်ပေးပြီး အဲဒီကိစ္စ ဘယ်သူ့ကိုမှမပြောဖို့ နုတ်ပိတ်ခဲ့တယ်လို့ ပြောပါတယ်။သူမလည်း ငွေပါတဲ့ စာအိတ်ကိုယူထားလိုက်မိပြီး သူဌေးကတော်ကိုလည်း မပြောရဲကြော င်း၊ အဲဒီအိမ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီး ယောက္ခမဆုံးတယ်လို့ လိမ်ပြောကာ သူဌေးမ သိမ်း ထားတဲ့ ပတ်စပို့ပြန်ရတာနဲ့ ထွက်လာခဲ့ကြောင်း…

ငွေကိုတော့ သူ့ကို အလုပ်ရှာပေးတဲ့ သူငယ်ချင်း ဆီ အကျိုးအကြောင်းပြောပြီး အပ်ထားခဲ့ကာ သူမအမျိုးသားနဲ့ လာနေစဉ် အဖမ်းခံရတာလို့ ပြော ပါတယ်။အေအေစီအဖွဲ့ကတော့ သူမကို မြန်မာပြည်ပြန်မပို့ဘဲ ထောင်ချပါက ရှေ့နေတွေနဲ့တိုင်ပင်ပြီး တရားရင်ဆိုင်ပေးလိုကြောင်း၊ မြန်မာပြည်ပြန်ပို့ခံရရင်တော့ နယ်စပ်တနေရာမှာ ဖြစ်ရပ်မှန်ကို သတင်းစာရှင်းလင်းပြောပြနိုင်ဖို့ စီစဉ်ပေးမယ်လို့ ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ထိုင်းမြန်မာသံရုံး၊ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး ၀၉ ၄၈၈၄ ၅၄၈၄ နဲ့ ဦးသန်းနိုင် ၀၆ ၅၂၂၀ ၅၉၅၂ တို့ကို မေးမြန်းဖို့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။
DVB TV News

No comments:

Post a Comment