Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 11, 2019

တကယ္ရွိတယ္.တကယ္ျဖစ္သြားပါၿပီ….Fbေျကာင့္ မိသားစုျပိဳကဲြျပီး အသက္ပါေပးလိုက္ရတဲ႔ က်ေနာ့္သူငယ္ခ်င္း (ျဖစ္ရပ္မွန္ )


သူတို႔မိသားစုဘဝထဲကို ဝင္ေရာက္ဖ်က္စီးသြားတဲ့အရာတခုက Fbမွာပါတဲ႔ messengerေလးတခု ဆိုရင္ မမွားပါဘူး..

ဒီေန႕ေခတ္ Online အသံုးျပဳသူ တခ်ိဳ႕ဟာFbဆိုတဲ႔ စိတ္ကြယ္ရာ အရပ္ကေန အိမ္ေထာင္ရွိတာ မရွိတာ နားမလည္ျကပဲ ဒု သ န ေသာဆိုတဲ႔ အျပစ္ကို လူမသိ သူမသိ တခ်ိဳ႕ေတြ က်ဴးလြန္ ေနျကျခင္းျဖစ္ပါတယ္။

က်ေနာ့္ သူငယ္ခ်င္းအေျကာင္းဆက္ရေအာင္ သူ႔နာမည္ ေက်ာ္ျမင့္သူတို႔မိသားစုက ဝန္ထမ္းေတြပါ သမီးေလးတစ္ေယာက္ ရွိပါတယ္။

ျဖစ္ပံုက ဒီလိုပါ သူ႔မိန္းမ Fb သံုးရင္းနဲ႕ ေယာက်္ားေလးတေယာက္နဲ႔ စျပီး ခင္ပါတယ္ အစကေတာ့ ရိုးရိုးသားသားပါ ” မဂၤလာပါ ေနေကာင္းလား ” စသည္ျဖင့္ေပါ့..

က်ေနာ့္သူငယ္ခ်င္းကလည္းသူတို႔ ရိုးရိုးသားပဲဆိုေတာ့ ဒီအတိုင္းပဲ ထားလိုက္တယ္ ဘာမွလည္းးေထြေထြထူးထူးေျပာမေနေတာ့ဘူး..

ေနာက္ပိုင္းျကေတာ့ တေန႕ထက္တေန႔ အဲဒီလူနဲ႔ အျမဲတမ္း စကားေတြ ေျပာေနျကတာ သူေတြ႔လာတယ္ တခါတေလ Free call ေတြ ေခၚရင္ သူ ့မိန္းမက ေနာက္ေဖးကို သြားပီး ေျပာတာမ်ားတယ္။

အဲဒီ အခ်ိန္ထိ က်ေနာ့္သူငယ္ခ်င္း ဘာမွမေျပာေသးဘူးနားလည္ေပးလိုက္တယ္။သူ႔မိန္မးက ခေလးကို ေက်ာင္းျကိုရမယ့္ ဝတၲရားေတြလည္း ပ်က္လာတယ္ ဖုန္းနဲ႕မ်က္နွာလည္း မခြာေတာ့ဘူးးျဖစ္လာတယ္။

တခါေတာ့ သူ႔မိန္းမ ထမင္းခ်က္ေနတုန္း ဖုန္းကို ယူျကည့္မိလိုက္ေတာ့ သူတို႔ ပို ့ထားတဲ႔ စာေတြကို ေတြ႕လိုက္ရေတာ့ က်ေနာ့္ သူငယ္ခ်င္း သူ႔မိန္းမကို သြားပီးဆူတယ္ ေျပာတယ္။

သူ႔မိန္းမက ဘာျပန္ေျပာလဲဆိုေတာ့ ဘာျဖစ္လဲ တဲ႔ လိုင္းမွာဆိုေတာ့ တကယ္ မဟုတ္ဘူးတဲ႔ အေပ်ာ္ စေနျကတာတဲ႕….

က်ေနာ့္သူငယ္ခ်င္းနားလည္ေပးလိုက္တယ္ ၊ဒါေပမယ့္ သူ႔စိတ္ထဲမွာေတာ့ ဘဝင္မက်ဘူး အေပ်ာ္ပဲ ျဖစ္ျဖစ္ စတာပဲ ျဖစ္ျဖစ္ ကိုယ့္မိန္းမ တျခားသူနဲ႕ အဲလို ေျပာထားတာေတာ့ ဘယ္သူက ဘဝင္က်မွာတုန္းဟုတ္ဘူးလား..

ေနာက္ပိုင္းသူ႔မိန္းမက Fbက ေကာင္နဲ႕ ခ်ိန္းေတြ႕တဲ႔ အေျကာင္းသူ သိလာတယ္ ၊သူ႔မိန္းမကို သူရွင္းျပတယ္ မိန္းမရယ္တဲ႕ မိန္းမမွားတာကို သူ ခြင့္လႊတ္တယ္တဲ႕….

ေနာက္ ဆက္ျပီးမမွားပါနဲ႕ေတာ့ကြာ တဲ႕ ကိုတို႔မွာ သမီးေလးလဲ ရွိတယ္လို ့သူ ေျပာတယ္။ဒါေပမယ့္ ေျပာလို ့မရပါဘူးသူ႔မိန္းမ ေရွ႕ဆက္တိုးတယ္ေလ….

တေန႔က်သူ အလုပ္သြားေနတုန္း Fbက ေကာင္နဲ႕ ခိုးရာလိုက္ေျပးသြားတယ္ က်ေနာ့္သူငယ္ခ်င္းသူ႕သမီးေလးကိုဖက္ျပီး အရမ္းငိုတယ္ေလ သမီး..သမီးအေမ မရွိေတာ့ဘူး တဲ႔ ခေလးက ဘာမွ မသိဘူးေပါ့…၊

ဒါနဲ႕ သူ႕မိဘဆီကိုအက်ိဳးအေျကာင္း ေျပာျပ ခေလးကို ထာခဲ႔ လိုက္တယ္ ၊အဲ႔ဒီအခ်ိန္ကေန စျပီးက်ေနာ့္ သူငယ္ခ်င္း အလုပ္လည္းမသြားေတာ့ဘူးအရက္ေတြခ်ည္း ဖိေသာက္ေတာ့တာပါပဲ။

ျကာေတာ့ အလုပ္ကလည္းထုတ္ခံလိုက္ရတယ္ သူ႔မိန္းမ ကိစၥနဲ႕ပဲ ေန႕စဥ္ ရက္ဆက္ အရက္ေတြ ေသာက္ ဒီလိုေနရင္းတစ္လေလာက္ရွိေတာ့ အရက္ေျကာင့္ပဲ သူ လူ႕ေလာကျကီးထဲကေန ထြက္ခြာ သြားခဲ႔ရတယ္။

Fbကို လဲႊမွားစြာ အသံုးျပဳခဲ႔တဲ႔ သူတို႔ေျကာင့္ ျကားထဲက အျပစ္မရွိတဲ႕ ကေလးတစ္ေယာက္ ပဲေလွာ္ျကားဆားညပ္ ေျမစာပင္ ျဖစ္ခဲ႔ရပီေလ။

ဒါ့ေျကာင့္ Fb သံုးတဲ႔သူတခ်ိဳ႕ကို က်ေနာ္ ေျပာလိုက္ပါရေစ။Fb ကို လြဲမွားစြာ အသံုးမျပဳမိပါေစနဲ႕ လို ့ေျပာလိုက္ပါရေစ။သူငယ္ခ်င္းးေရ …အားလံုးကို ေက်းဇူးတင္ပါသည္….။

ေတာင္ပံနီ လူေလး

Unicode version
သူတို့မိသားစုဘဝထဲကို ဝင်ရောက်ဖျက်စီးသွားတဲ့အရာတခုက Fbမှာပါတဲ့ messengerလေးတခု ဆိုရင် မမှားပါဘူး..

ဒီနေ့ခေတ် Online အသုံးပြုသူ တချို့ဟာFbဆိုတဲ့ စိတ်ကွယ်ရာ အရပ်ကနေ အိမ်ထောင်ရှိတာ မရှိတာ နားမလည်ကြပဲ ဒု သ န သောဆိုတဲ့ အပြစ်ကို လူမသိ သူမသိ တချို့တွေ ကျူးလွန် နေကြခြင်းဖြစ်ပါတယ်။

ကျနော့် သူငယ်ချင်းအကြောင်းဆက်ရအောင် သူ့နာမည် ကျော်မြင့်သူတို့မိသားစုက ဝန်ထမ်းတွေပါ သမီးလေးတစ်ယောက် ရှိပါတယ်။

ဖြစ်ပုံက ဒီလိုပါ သူ့မိန်းမ Fb သုံးရင်းနဲ့ ယောကျ်ားလေးတယောက်နဲ့ စပြီး ခင်ပါတယ် အစကတော့ ရိုးရိုးသားသားပါ ” မင်္ဂလာပါ နေကောင်းလား ” စသည်ဖြင့်ပေါ့..

ကျနော့်သူငယ်ချင်းကလည်းသူတို့ ရိုးရိုးသားပဲဆိုတော့ ဒီအတိုင်းပဲ ထားလိုက်တယ် ဘာမှလည်းးထွေထွေထူးထူးပြောမနေတော့ဘူး..

နောက်ပိုင်းကြတော့ တနေ့ထက်တနေ့ အဲဒီလူနဲ့ အမြဲတမ်း စကားတွေ ပြောနေကြတာ သူတွေ့လာတယ် တခါတလေ Free call တွေ ခေါ်ရင် သူ့မိန်းမက နောက်ဖေးကို သွားပီး ပြောတာများတယ်။

အဲဒီ အချိန်ထိ ကျနော့်သူငယ်ချင်း ဘာမှမပြောသေးဘူးနားလည်ပေးလိုက်တယ်။သူ့မိန်မးက ခလေးကို ကျောင်းကြိုရမယ့် ဝတ္တရားတွေလည်း ပျက်လာတယ် ဖုန်းနဲ့မျက်နှာလည်း မခွာတော့ဘူးးဖြစ်လာတယ်။

တခါတော့ သူ့မိန်းမ ထမင်းချက်နေတုန်း ဖုန်းကို ယူကြည့်မိလိုက်တော့ သူတို့ ပို့ထားတဲ့ စာတွေကို တွေ့လိုက်ရတော့ ကျနော့် သူငယ်ချင်း သူ့မိန်းမကို သွားပီးဆူတယ် ပြောတယ်။

သူ့မိန်းမက ဘာပြန်ပြောလဲဆိုတော့ ဘာဖြစ်လဲ တဲ့ လိုင်းမှာဆိုတော့ တကယ် မဟုတ်ဘူးတဲ့ အပျော် စနေကြတာတဲ့….

ကျနော့်သူငယ်ချင်းနားလည်ပေးလိုက်တယ် ၊ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဘဝင်မကျဘူး အပျော်ပဲ ဖြစ်ဖြစ် စတာပဲ ဖြစ်ဖြစ် ကိုယ့်မိန်းမ တခြားသူနဲ့ အဲလို ပြောထားတာတော့ ဘယ်သူက ဘဝင်ကျမှာတုန်းဟုတ်ဘူးလား..

နောက်ပိုင်းသူ့မိန်းမက Fbက ကောင်နဲ့ ချိန်းတွေ့တဲ့ အကြောင်းသူ သိလာတယ် ၊သူ့မိန်းမကို သူရှင်းပြတယ် မိန်းမရယ်တဲ့ မိန်းမမှားတာကို သူ ခွင့်လွှတ်တယ်တဲ့….

နောက် ဆက်ပြီးမမှားပါနဲ့တော့ကွာ တဲ့ ကိုတို့မှာ သမီးလေးလဲ ရှိတယ်လို့သူ ပြောတယ်။ဒါပေမယ့် ပြောလို့မရပါဘူးသူ့မိန်းမ ရှေ့ဆက်တိုးတယ်လေ….

တနေ့ကျသူ အလုပ်သွားနေတုန်း Fbက ကောင်နဲ့ ခိုးရာလိုက်ပြေးသွားတယ် ကျနော့်သူငယ်ချင်းသူ့သမီးလေးကိုဖက်ပြီး အရမ်းငိုတယ်လေ သမီး..သမီးအမေ မရှိတော့ဘူး တဲ့ ခလေးက ဘာမှ မသိဘူးပေါ့…၊

ဒါနဲ့ သူ့မိဘဆီကိုအကျိုးအကြောင်း ပြောပြ ခလေးကို ထာခဲ့ လိုက်တယ် ၊အဲ့ဒီအချိန်ကနေ စပြီးကျနော့် သူငယ်ချင်း အလုပ်လည်းမသွားတော့ဘူးအရက်တွေချည်း ဖိသောက်တော့တာပါပဲ။

ကြာတော့ အလုပ်ကလည်းထုတ်ခံလိုက်ရတယ် သူ့မိန်းမ ကိစ္စနဲ့ပဲ နေ့စဉ် ရက်ဆက် အရက်တွေ သောက် ဒီလိုနေရင်းတစ်လလောက်ရှိတော့ အရက်ကြောင့်ပဲ သူ လူ့လောကကြီးထဲကနေ ထွက်ခွာ သွားခဲ့ရတယ်။

Fbကို လွဲှမှားစွာ အသုံးပြုခဲ့တဲ့ သူတို့ကြောင့် ကြားထဲက အပြစ်မရှိတဲ့ ကလေးတစ်ယောက် ပဲလှော်ကြားဆားညပ် မြေစာပင် ဖြစ်ခဲ့ရပီလေ။

ဒါ့ကြောင့် Fb သုံးတဲ့သူတချို့ကို ကျနော် ပြောလိုက်ပါရစေ။Fb ကို လွဲမှားစွာ အသုံးမပြုမိပါစေနဲ့ လို့ပြောလိုက်ပါရစေ။သူငယ်ချင်းးရေ …အားလုံးကို ကျေးဇူးတင်ပါသည်….။

တောင်ပံနီ လူလေး

No comments:

Post a Comment