Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 11, 2019

“အမွားၾကာ အမွန္လို ့ယူဆတတ္တယ္”- အရွင္မဟာကႆပ မဟုတ္တဲ့ အေလာင္းေတာ္ကႆပ…


“အမွားၾကာ အမွန္လို ့ယူဆတတ္တယ္” အေလာင္းေတာ္ကႆပဟု ဆိုလိုက္လွ်င္ အမ်ားစုက ျမတ္ဗုဒၶ လက္ထက္ အရွင္မဟာကႆပ ကိုေျပးျမင္တတ္ၾကပါသည္။ အမွန္လည္း အေလာင္းေတာ္ ကႆပကို အရွင္မဟာကႆပ အျဖစ္ယုံၾကည္ၾကသည္။

အင္တာနက္သမိုင္းစာမ်က္ႏွာမ်ားကအစ အရွင္မဟာကႆပကို ေရးသား ပုံေဖာ္ေနၾကသည္ကိုေတြ႕ရ၏။ ကေလးေတြဖတ္ရွဳေလ့လာဖို႔ အတြက္ ဘုရားသမိုင္းစာအုပ္မ်ား ဝယ္ေပးျဖစ္သည္။အခ်ိဳ႕သမိုင္း မ်ားက တိက်ေရရာေသာ သမိုင္း မဟုတ္ေပ။ထိုးဇာတ္ေတြကမ်ား

ေန၏။ဒ႑ာရီပုံျပင္ဆန္လွသည္။ လူၾကီးသူမ်ားက အဟုတ္ထင္သ ျဖင့္ သမိုင္းမွတ္တမ္းစာအုပ္မ်ား ေရးသားထုတ္ေဝျပီးေရာင္းခ်ၾက သည္။ကေလးသူငယ္မ်ားက လည္း အဟုတ္ဟုမွတ္ထင္ေနၾက လိမ့္မည္။ အမွတ္မွားပါက သမိုင္း အမွန္မ်ားေပ်ာက္ေတာ့မည္။

“အမွားၾကာလွ်င္ အမွန္ျဖစ္ အမွန္စင္စစ္ အမွားထင္ ဘုရား ရွင္ပင္ ေဟာ၍မရ” ဟူသကဲ႔သို႕ အမွားၾကာလာသည့္အခါ အမွန္ ဟု ယူဆတတ္ၾကသည္။ အမွန္ ျဖစ္လာျခင္းေတာ့မဟုတ္ေပ။ အမွန္ဟု ထင္ျမင္ယူဆလာျခင္း သာျဖစ္သည္။ အေလာင္းေတာ္ကႆပ ကို သြားေရာက္ဖူးေျမာ္ၾကသူေတြမ်ား

လွသည္။ျမန္မာအမ်ားစုသည္ပင္ နယ္လွည့္ဘုရားဖူးျခင္းျဖင့္သာ အခ်ိန္ကုန္ေနတတ္ၾကသည္။ စာေပဖတ္ရွဳေလ့လာျခင္းကား နည္း ပါးလွ၏။ မေရာက္ဘူးသည့္အရပ္ ေဒသသို႔ ေဒသႏၲရဗဟုသုတျဖစ္

ေစျခင္းငွါသြားသင့္၏။ မိမိသြား ေရာက္ေလ့လာေသာအခါ၌လည္း ဓာတ္ပုံရိုက္ျခင္းႏွင့္အခ်ိန္မကုန္ ေစပဲ စနစ္တက်ေလ့လာထားသင့္၏။ မိမိစီးေသာျမင္း အထီးအမကြဲ သင့္သည္မဟုတ္ေလာ့။ အမ်ားစု က

ဘုရားဖူးခရီးဟူ၍သာ သြား လိုက္ၾကသည္။ ပါရမီေျမာက္ ဘုရားဖူးသြားျခင္းမ်ိဳးမဟုတ္ပဲ ပ်ားရည္ဆန္းခရီး ဟန္းနီးမြန္းခရီး သာျဖစ္ခဲ႔ၾကသည္ကမ်ား၏။

အေလာင္းေတာ္ကႆပ ၏ သမိုင္းျဖစ္ရပ္မွန္ကို တည္ေတာ ဆရာေတာ္ၾကီး၏ ယေန႔ဗုဒၶဝါဒ ျပႆနာမ်ား စာအုပ္တြင္စတင္၍ ဖတ္ရွဳခဲ႔သည္။ ေပါင္ေလာင္ ရွင္ကႆပ ဟုဆရာေတာ္ၾကီးကေျဖ ၾကားထားေတာ္မူ၏။ ယခုအမ်ိဳးသား ပညာဝန္ဦးဖိုးက်ား၏ အေလာင္းေတာ္ကႆပ စာအုပ္

ကိုဖတ္ရွဳေလ့လာမိျပန္သည္။ ေပါင္ေလာင္ရွင္ကႆပဟုပင္ ဆို ထားျပန္၏။ ဦးဖိုးက်ား၏စာသည္ သဘာဝယုတၱိလည္းရွိသည္။

အာဂမယုတၱိလည္းက်သည္။စနစ္ တက်ေလ့လာျပီးေရးသားထား ျခင္းသာျဖစ္သည္။ သမိုင္းျဖစ္ရပ္ မွန္ကိုေလ့လာသူတိုင္း ဦးဖိုးက်ား ၏ အေလာင္းေတာ္ကႆပ စာအုပ္ကို ေလ့လာဖတ္ရွဳေစခ်င္သည္။

ျမတ္စြာဘုရားလက္ထက္က အရွင္မဟာကႆပအေၾကာင္းကို လည္း ေလ့လာဖူးသည္။ ေရႊပါရမီဆရာေတာ္ေရးေသာ”လမ္းခြဲတာဝမ္းနည္းစရာလား”စာအုပ္၌ လည္း ဖတ္ရွဳဘူးသည္။ ဖိုးလမင္း ၏”လမ္းအခြဲမွာ ဝမ္းမနည္းပါ” တရားေတာ္လည္း နာယူဘူးသည္ သီတဂူဆရာေတာ္ၾကီး၏ တရား ေတာ္၌လည္း နာယူမွတ္သားဘူးသည္။ ။ၾကည္ညိဳစရာ ေလးစားစရာ

အားက်အတုယူစရာ စံျပဳထိုက္ ေသာ မေထရ္ျမတ္တစ္ပါးသာျဖစ္ သည္။ျမတ္စြာဘုရားႏွင့္သကၤန္း ခ်င္း လဲလွည္ကတည္းက သာသ နာေတာ္ ပခုံးေျပာင္းတာဝန္ေပး အပ္ေၾကာင္း သတိထားမိသည္။

ပထမသဂၤါယနာတင္သည့္အခါ၌ အရွင္မဟာကႆပမေထရ္ျမတ္ က ဦးေဆာင္ခဲ႔သည္။ ပရိနိဗၺာန္စံခဲ႔ သည္မွာလည္း ရာဇၿဂိဳဟ္ျပည္ ေဝဘာရေတာင္မွာပင္ ပရိနိဗၺာန္ စံဝင္ခဲ႔ေၾကာင္း စာေပမွတ္တမ္း မ်ား၌ေတြ႕ရသည္။ ယခုျမန္မာျပည္သူျပည္သားမ်ား

သြားေရာက္ေလ့လာဖူးေျမာ္ေန ေသာ မေထရ္မွာ ပုဂံေခတ္ နရပ တိစည္သူမင္းလက္ထက္ ေပါင္ ေလာင္ရွင္ကႆပသာျဖစ္သည္။ သို႔ေသာ္ အမ်ားစုယုံၾကည္ေန ၾကသည္က ျမတ္ဗုဒၶလက္ထက္ အရွင္မဟာကႆပ ဟုယူဆေနၾကသည္။

ထိုကဲ႔သို႔ယူဆႏိုင္ဖို႕ အ တြက္လည္း သက္ဆိုင္ရာတာဝန္ ရွိသူမ်ားက ဖန္တီးထားၾကသည္။ ျမတ္စြာဘုရားႏွင့္သကၤန္းခ်င္းလဲ

လွည္ဟန္ရုပ္တုေတည္မ်ားျပဳလုပ္ ထားၾကသည္။ ျမတ္ဗုဒၶလက္ထက္ အရွင္မဟာကႆပဟု ပုံမွားရိုက္ ထားၾကသည္။ သို႔မွလည္း နယ္ လွည့္ဘုရားဖူးမ်ားေရာက္ရွိလာျပီး စီးပြာေရးသမားမ်ားအတြက္ အ

ဆင္ေျပမည္မဟုတ္ပါလား။ ျမန္မာအမ်ားစု ေစတီဘုရားမ်ားကို အ သုံးခ်၍ လုပ္စားေနၾကသည္က မ်ားေနတတ္ပါသည္။ စာေရးဆရာအမ်ားစုကလည္း သမိုင္းအမွန္ကိုတင္ျပမွဳအားနည္း ၾကသည္။ ဦးဘုန္း[ဓာတု]၏ေပ့စ္ မွာပင္ အေလာင္းေတာ္ အရွင္ မဟာကႆပ အေၾကာင္းဟူ၍အင္တာနက္တင္ထားသည္ကိုေတြ႕ရသည္။
သမိုင္းဆရာမ်ား စာေရးဆရာ မ်ား စီးပြားရွာသူမ်ားလုပ္ၾကံဖန္ တီး ပုံမွားရိုက္ေနေသာေၾကာင့္ အနာဂတ္မ်ိဳးဆက္သစ္ကေလး ငယ္မ်ား သမိုင္းအမွန္ႏွင့္ေဝးၾကရေတာ့မည္။ အရွင္မဟာကႆပသည္လည္း သံဃာ ေပါင္ေလာင္ရွင္ကႆပ သည္လည္း သံဃာ၊မေထရ္ျမတ္ ႏွစ္ပါးလုံးသည္ သံဃာရတနာ၌ အက်ဳံးဝင္၏။ သံဃာ့ဂုဏ္ကိုရည္ မွန္း၍

ပူေဇာ္တတ္ဖို႔သာလိုသည္။ သို႔ေသာ္ သမိုင္းအမွန္ကိုေတာ့ တိတိက်က်မွတ္တမ္းတင္ထားဖို႔ ေကာင္းေပသည္။

အမ်ားစုသမိုင္းအမွန္ကိုတင္ျပဖို႔ ဝန္ေလးေနတတ္ၾကသည္။ အမွား ၾကာလာသည္ႏွင့္အမွ် အမွားကို ပင္ အမွန္ဟု ယူဆလာၾကေတာ့မည္။

ဤပိုစ့္ကို အမ်ားႏွင့္ဆန္႔က်င္ ဘက္ ျဖစ္ေနသည့္အတြက္ မေရး လိုေသာ္လည္း စာေပဖတ္ရွဳေလ့ လာေစလိုေသာ ဆႏၵျဖင့္ ေရးသား လိုက္ျခင္းသာျဖစ္ပါသည္။ ယေန႔ဖတ္ရွဳေလ့လာမိေသာ စာေပကို လည္း ေရးပါဟု ဆိုလာသည့္အ

တြက္လည္း ေရးျဖစ္သြားျခင္းျဖစ္သည္။ စာေရးသူ ေလ့လာဖတ္ရွဳမိထား သည့္ ဦးဖိုးက်ား၏ အေလာင္း ေတာ္ ကႆပ စာအုပ္ေလးကို စိတ္ဝင္စားသူမ်ား အေနျဖင့္ မျဖစ္မေန ေလ့လာဖတ္ရွဳၾကပါဟု လည္း ေစတနာျဖင့္ တိုက္တြန္းအပ္သည္။

မူရင္း Credit အမ်ိဳးသားပညာဝန္​ ဦးဖိုးၾကားရဲ႕ အ​ေလာင္​း​ေတ.ာ္​

ကႆပသမိုင္​းစာအုပ္​႐ွာ​ေဖြဖတ္​႐ွဴ႕ၾကကုန္​​ေလာ

ခရဒ္ဒစ္




Unicode version
“အမှားကြာ အမှန်လို့ယူဆတတ်တယ်” အလောင်းတော်ကဿပဟု ဆိုလိုက်လျှင် အများစုက မြတ်ဗုဒ္ဓ လက်ထက် အရှင်မဟာကဿပ ကိုပြေးမြင်တတ်ကြပါသည်။ အမှန်လည်း အလောင်းတော် ကဿပကို အရှင်မဟာကဿပ အဖြစ်ယုံကြည်ကြသည်။

အင်တာနက်သမိုင်းစာမျက်နှာများကအစ အရှင်မဟာကဿပကို ရေးသား ပုံဖော်နေကြသည်ကိုတွေ့ရ၏။ ကလေးတွေဖတ်ရှုလေ့လာဖို့ အတွက် ဘုရားသမိုင်းစာအုပ်များ ဝယ်ပေးဖြစ်သည်။အချို့သမိုင်း များက တိကျရေရာသော သမိုင်း မဟုတ်ပေ။ထိုးဇာတ်တွေကများ

နေ၏။ဒဏ္ဍာရီပုံပြင်ဆန်လှသည်။ လူကြီးသူများက အဟုတ်ထင်သ ဖြင့် သမိုင်းမှတ်တမ်းစာအုပ်များ ရေးသားထုတ်ဝေပြီးရောင်းချကြ သည်။ကလေးသူငယ်များက လည်း အဟုတ်ဟုမှတ်ထင်နေကြ လိမ့်မည်။ အမှတ်မှားပါက သမိုင်း အမှန်များပျောက်တော့မည်။



“အမှားကြာလျှင် အမှန်ဖြစ် အမှန်စင်စစ် အမှားထင် ဘုရား ရှင်ပင် ဟော၍မရ” ဟူသကဲ့သို့ အမှားကြာလာသည့်အခါ အမှန် ဟု ယူဆတတ်ကြသည်။ အမှန် ဖြစ်လာခြင်းတော့မဟုတ်ပေ။ အမှန်ဟု ထင်မြင်ယူဆလာခြင်း သာဖြစ်သည်။ အလောင်းတော်ကဿပ ကို သွားရောက်ဖူးမြော်ကြသူတွေများ

လှသည်။မြန်မာအများစုသည်ပင် နယ်လှည့်ဘုရားဖူးခြင်းဖြင့်သာ အချိန်ကုန်နေတတ်ကြသည်။ စာပေဖတ်ရှုလေ့လာခြင်းကား နည်း ပါးလှ၏။ မရောက်ဘူးသည့်အရပ် ဒေသသို့ ဒေသန္တရဗဟုသုတဖြစ်

စေခြင်းငှါသွားသင့်၏။ မိမိသွား ရောက်လေ့လာသောအခါ၌လည်း ဓာတ်ပုံရိုက်ခြင်းနှင့်အချိန်မကုန် စေပဲ စနစ်တကျလေ့လာထားသင့်၏။ မိမိစီးသောမြင်း အထီးအမကွဲ သင့်သည်မဟုတ်လော့။ အများစု က

ဘုရားဖူးခရီးဟူ၍သာ သွား လိုက်ကြသည်။ ပါရမီမြောက် ဘုရားဖူးသွားခြင်းမျိုးမဟုတ်ပဲ ပျားရည်ဆန်းခရီး ဟန်းနီးမွန်းခရီး သာဖြစ်ခဲ့ကြသည်ကများ၏။

အလောင်းတော်ကဿပ ၏ သမိုင်းဖြစ်ရပ်မှန်ကို တည်တော ဆရာတော်ကြီး၏ ယနေ့ဗုဒ္ဓဝါဒ ပြဿနာများ စာအုပ်တွင်စတင်၍ ဖတ်ရှုခဲ့သည်။ ပေါင်လောင် ရှင်ကဿပ ဟုဆရာတော်ကြီးကဖြေ ကြားထားတော်မူ၏။ ယခုအမျိုးသား ပညာဝန်ဦးဖိုးကျား၏ အလောင်းတော်ကဿပ စာအုပ်

ကိုဖတ်ရှုလေ့လာမိပြန်သည်။ ပေါင်လောင်ရှင်ကဿပဟုပင် ဆို ထားပြန်၏။ ဦးဖိုးကျား၏စာသည် သဘာဝယုတ္တိလည်းရှိသည်။

အာဂမယုတ္တိလည်းကျသည်။စနစ် တကျလေ့လာပြီးရေးသားထား ခြင်းသာဖြစ်သည်။ သမိုင်းဖြစ်ရပ် မှန်ကိုလေ့လာသူတိုင်း ဦးဖိုးကျား ၏ အလောင်းတော်ကဿပ စာအုပ်ကို လေ့လာဖတ်ရှုစေချင်သည်။



မြတ်စွာဘုရားလက်ထက်က အရှင်မဟာကဿပအကြောင်းကို လည်း လေ့လာဖူးသည်။ ရွှေပါရမီဆရာတော်ရေးသော”လမ်းခွဲတာ

ဝမ်းနည်းစရာလား”စာအုပ်၌ လည်း ဖတ်ရှုဘူးသည်။ ဖိုးလမင်း ၏”လမ်းအခွဲမှာ ဝမ်းမနည်းပါ” တရားတော်လည်း နာယူဘူးသည် သီတဂူဆရာတော်ကြီး၏ တရား တော်၌လည်း နာယူမှတ်သားဘူးသည်။ ။ကြည်ညိုစရာ လေးစားစရာ

အားကျအတုယူစရာ စံပြုထိုက် သော မထေရ်မြတ်တစ်ပါးသာဖြစ် သည်။မြတ်စွာဘုရားနှင့်သင်္ကန်း ချင်း လဲလှည်ကတည်းက သာသ နာတော် ပခုံးပြောင်းတာဝန်ပေး အပ်ကြောင်း သတိထားမိသည်။

ပထမသင်္ဂါယနာတင်သည့်အခါ၌ အရှင်မဟာကဿပမထေရ်မြတ် က ဦးဆောင်ခဲ့သည်။ ပရိနိဗ္ဗာန်စံခဲ့ သည်မှာလည်း ရာဇဂြိုဟ်ပြည် ဝေဘာရတောင်မှာပင် ပရိနိဗ္ဗာန် စံဝင်ခဲ့ကြောင်း စာပေမှတ်တမ်း များ၌တွေ့ရသည်။ ယခုမြန်မာပြည်သူပြည်သားများ

သွားရောက်လေ့လာဖူးမြော်နေ သော မထေရ်မှာ ပုဂံခေတ် နရပ တိစည်သူမင်းလက်ထက် ပေါင် လောင်ရှင်ကဿပသာဖြစ်သည်။ သို့သော် အများစုယုံကြည်နေ ကြသည်က မြတ်ဗုဒ္ဓလက်ထက် အရှင်မဟာကဿပ ဟုယူဆနေကြသည်။



ထိုကဲ့သို့ယူဆနိုင်ဖို့ အ တွက်လည်း သက်ဆိုင်ရာတာဝန် ရှိသူများက ဖန်တီးထားကြသည်။ မြတ်စွာဘုရားနှင့်သင်္ကန်းချင်းလဲ

လှည်ဟန်ရုပ်တုတေည်များပြုလုပ် ထားကြသည်။ မြတ်ဗုဒ္ဓလက်ထက် အရှင်မဟာကဿပဟု ပုံမှားရိုက် ထားကြသည်။ သို့မှလည်း နယ် လှည့်ဘုရားဖူးများရောက်ရှိလာပြီး စီးပွာရေးသမားများအတွက် အ

ဆင်ပြေမည်မဟုတ်ပါလား။ မြန်မာအများစု စေတီဘုရားများကို အ သုံးချ၍ လုပ်စားနေကြသည်က များနေတတ်ပါသည်။ စာရေးဆရာအများစုကလည်း သမိုင်းအမှန်ကိုတင်ပြမှုအားနည်း ကြသည်။ ဦးဘုန်း[ဓာတု]၏ပေ့စ် မှာပင် အလောင်းတော် အရှင် မဟာကဿပ အကြောင်းဟူ၍အင်တာနက်တင်ထားသည်ကိုတွေ့ရသည်။
သမိုင်းဆရာများ စာရေးဆရာ များ စီးပွားရှာသူများလုပ်ကြံဖန် တီး ပုံမှားရိုက်နေသောကြောင့် အနာဂတ်မျိုးဆက်သစ်ကလေး ငယ်များ သမိုင်းအမှန်နှင့်ဝေးကြရတော့မည်။ အရှင်မဟာကဿပသည်လည်း သံဃာ ပေါင်လောင်ရှင်ကဿပ သည်လည်း သံဃာ၊မထေရ်မြတ် နှစ်ပါးလုံးသည် သံဃာရတနာ၌ အကျုံးဝင်၏။ သံဃာ့ဂုဏ်ကိုရည် မှန်း၍

ပူဇော်တတ်ဖို့သာလိုသည်။ သို့သော် သမိုင်းအမှန်ကိုတော့ တိတိကျကျမှတ်တမ်းတင်ထားဖို့ ကောင်းပေသည်။

အများစုသမိုင်းအမှန်ကိုတင်ပြဖို့ ဝန်လေးနေတတ်ကြသည်။ အမှား ကြာလာသည်နှင့်အမျှ အမှားကို ပင် အမှန်ဟု ယူဆလာကြတော့မည်။

ဤပိုစ့်ကို အများနှင့်ဆန့်ကျင် ဘက် ဖြစ်နေသည့်အတွက် မရေး လိုသော်လည်း စာပေဖတ်ရှုလေ့ လာစေလိုသော ဆန္ဒဖြင့် ရေးသား လိုက်ခြင်းသာဖြစ်ပါသည်။ ယနေ့ဖတ်ရှုလေ့လာမိသော စာပေကို လည်း ရေးပါဟု ဆိုလာသည့်အ

တွက်လည်း ရေးဖြစ်သွားခြင်းဖြစ်သည်။ စာရေးသူ လေ့လာဖတ်ရှုမိထား သည့် ဦးဖိုးကျား၏ အလောင်း တော် ကဿပ စာအုပ်လေးကို စိတ်ဝင်စားသူများ အနေဖြင့် မဖြစ်မနေ လေ့လာဖတ်ရှုကြပါဟု လည်း စေတနာဖြင့် တိုက်တွန်းအပ်သည်။

မူရင်း Credit အမျိုးသားပညာဝန် ဦးဖိုးကြားရဲ့ အလောင်းတေ.ာ်

ကဿပသမိုင်းစာအုပ်ရှာဖွေဖတ်ရှူ့ကြကုန်လော

ခရဒ်ဒစ်

No comments:

Post a Comment