Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 29, 2019

ကျနော် ပြောချင်တာကတော့ ပြည်သူတွေ အနေနဲ့ကျနော့်ကို ယုံကြည်ကြပါလို့. .လို့


ရပ်ကွက်ထဲမှာ မျက်​နှာချင်းဆိုင်​လက်ဖက်ရည်ဆိုင်က နှစ်ဆိုင်

တစ်​ဆိုင်နဲ့ တစ်​ဆိုင်က မတည့်ကြတော့
ဘောပွဲပြလည်း အပြိုင် အဆိုင်
သီချင်းဖွင့်လည်း အပြိုင်အဆိုင်​. .
တစ်​ဆိုင်က ဗီဗာဟိန်းဆိုတစ်​ဆိုင်က မနော. .

တစ်​ဆိုင်က လေးဖြူဆိုတစ်​ဖက်က ဇော်ဝင်းထွဋ်. .
အသီးသီးဆောင်းဘောက်ကို
အသားကုန်ဖွင့်ကြတော့
တဖက်ရပ်ကွက်ကပင် ကြားရ၏. .

ဒီနေ့တော့
တဆိုင်ရဲ့ ချန်နယ်ကမြန်မာကား ပြနေပြီး
တဆိုင်က တရားခွေ ဖွင့်ထားလေ၏. .

"ရှင်နော် ကျယ်မရဲ့ခန္ဓာကိုယ်ပဲ ရမယ်ကျယ်မရဲ့ အချစ်ကို
ဘယ်တော့မှ မရစေရဘူး ဟင့်. ."

"ခန္ဓာကိုယ် ပေးလှူတာကမွန်မြတ်တဲ့ အလုပ် ပျိတ်သတ်. .
သဘောပါသလား. .အာ့လိုနဲ့ ဘုရားလောင်း ယုန်မင်းဟာ. ."

"ရှင်နော်. .လွှတ်. .လွှတ်. ."

"မိမိ ခန္ဓာကိုယ်ကို ဖက်တွယ်နေသမျှတော့
နိဗ္ဗာန်ကို ဘယ်ရောက်လိမ့်မလဲ ပျိတ်သတ်. .
ဒီခန္ဓာကြီးကို မမက်မောနဲ့မတွယ်တာနဲ့. .
ဒါ အပုတ်ကောင်ရုပ်ဆောင်နေတာ လို့မှတ်. ."

"ကိုကြီးက ချစ်လို့ပါကွာာာ. .ဟီးး ဟီးး"

"အာ့ဒါနဲ့ ပျိတ်သတ်မိဘစော်ကားတဲ့ သူကို
မိုးကြိုး ပစ်ချလိုက်တာ. ."

"ခွမ်းးးး"

"ဟဲ့ သောက်ပလုတ်တုတ်မိုးကြိုးပစ်သံကလဲ ခွမ်းတဲ့. .
ကြား မကြားဖူးဘူး. ."

မုန့်ဟင်းခါး စားနေတဲ့အဒေါ်ကြီးတျောက်က
အထူးအဆန်း ထအော်သည်. .

"ဟိုဖက် မြန်မာကားကပန်းအိုးကျကွဲတာ အဒေါ်ရဲ့"

ပေါလိဝုဒ် ပျိတ်သတ်မုတ့်ဟင်းခါး ဆိုင်ရှင်က
ရှင်းပြနေသံကြားသည်. .

"သိပေါင်အေ. .နင်တို့ဟာကလည်း
ရှုပ်လိုက်တာဘာနားထောင်လို့ ထောင်ရမှန်း မသိ. .
နိဗ္ဗာန်ပဲ ရောက်တော့မလို
မုဒိမ်းပဲ ကျင့်ခံရတော့မလိုနဲ့. .ဟင်း"

ဒလောက် ဆူညံနေတဲ့ကြားထဲ
မဲဆွယ်တဲ့ ကိုယ်စားလှယ်လောင်းကားက
အသံချဲ့စက်သံ တညံညံနဲ့ရောက်လာသေးသည်. .
ကားပေါ်မှာ သကောင့်သားက
မတ်တပ်ရပ်ပြီး မိုက်ခွက်ကိုင်လျက်. .

"ကျနော်ရဲ့ သမိုင်းကြောင်းကို
လေ့လာနိုင်ပါတယ် ကျနော်ဟာဆိုရင်ဖြင့်. ."

"သူခိုးဗျို့ သူခိုးသူခိုး. .လိုက်ဟ လိုက်. ."

ဟိုဖက်ဆိုင်က မြန်မာကားကောင်းခန်းရောက်ပြီ. .

"ငွင် ဘာဒွေတုန်းးး"

"လိုက်ဟေ့ မလွတ်စေနဲ့. .ချ . .ချ. ."

ကိုယ်စားလှယ်လည်းရုတ်တရက်မို့
ကြောင်သွားသည်ထင့်. .

"ကျနော် မခိုးရသေးပါဘူးဗျာ
ခုမှ ကြံတုန်းး အဲလေ ခုမှမဲဆွယ်နေတာပါ. ."

"ဟာ ကိုကျော်မြင့် အဲဒါ ဟိုက်ဖက် လက်ဖက်ရည်ဆိုင်က
ဇာတ်ကားပြနေတဲ့အသံဗျ. ."

ဘေးနားက တယောက်က ပြောမှ အသိပြန်ဝင်လာပြီး. .

"အဟမ်း အဟမ်း. .
အာ့ကြောင့်ပြည်သူဖက်က မားမားမတ်မတ်
ရပ်တည်မယ့် ကျနော့်ကို. ."

"တော်​လောက်​ပြီ ထင်တယ်. .
တော်​လောက်​ပြီ ထင်တယ်. .အဲ ပျိတ်သတ်.."

"ငွင် ဘာတွေလားး"

ကိုယ်စားလှယ်လောင်း မျက်နှာပျက်ချေပြီ. .

"ဒါက ဟိုဖက်ကတရားခွေဖွင့် နေတာဗျ. .
ဂရုစိုက်မနေနဲ့ကွ ပြောစရာရှိတာပြောချ "

ငါနော်ဘယ်လိုရပ်ကွက်မျိုး မဲဆွယ်မိပါလိမ့်. .
သူမှာသာ အာပေါက်မတတ် ဆွယ်နေရသည်၊
ယခု အချိန်ထိ ကားရှေ့မှ တျောက်မှ မရှိ. .
ငိုတောင် ငိုချင်လာဘီ. .ဟင့်

အာ့လိုနဲ့. .

"ကျနော်ရဲ့ လုပ်ဆောင်ချက်တွေက
ကျနော် ဘယ်လိုလူမျိုးလဲဆိုတာ . .တာ"

"မုဒိမ်းကောင်ကြီးကျမကို အတင်းအဓမ္မကျင့်ခဲ့တာ သူပဲ
သူ့ကို ဖမ်းကြဘာာာာ. ."

"အဲ ကျဒေါ် ဘယ်လို လူမျိုးလဲ ဆိုတာ
ကျနော်လုပ်ခဲ့တဲ့ မုဒိမ်းမှုက သက်သေပြ. .ဟင့်
ယောင်ကုန်ဘီ. .အဲအလုပ်က သက်သေပြပါလိမ့်မယ်. .ဟင့်"

"မုသာဝါဒ ကျူးလွန်တာလဲကံငါးပါးထဲက တပါးကို
ချိုးဖောက်တာပဲ ပျိတ်သတ်. .
ဒါလည်း ဒယ်အိုးပဲ. .ဘာတုန်း ပျိတ်သတ်. .
ဒယ်အိုးပါ. .ဖျာ"့

"ကတိပေးပါတယ်. .
ကျနော် အနစ်နာခံဆောင်ရွက်ပါ့မယ်. ."

"ရော့. .ဒါက
ငါ့ညီမကို စော်ကားတဲ့ အတွက်. .
ခွပ်. .
အားးဒါက ငါ့ကို လိမ်တဲ့အတွက်. .
ခွပ်. .အား!!! "

ကိုယ်စားလှယ်ကြီး ခမြာမျက်ရည်အဝဲသားနဲ့
ကိုယ့်ပါးကိုယ် ယောင်ရမ်းစမ်းမိရှာသည်. .

"အာဏာရူး ဥစ္စာရူးတယ်
ဆိုတာကလည်းတဏှာ မပြတ်နိုင်လို့. .
ကုသိုလ် အကုသိုလ်ကို ခွဲခြား မသိ. ."

ဟင့် ဟင့်. .အီးး

ငိုသံက ကျယ်လောင်စွာထွက်ပေါ်လာသည်. .

"ဟဲ့ ဇာတ်​ကားထဲက ဟဝှာကျင့်ခံရတဲ့
ကောင်မ ငိုတာကလည်းယွကျားသံကြီးနဲ့. ."

ခုနက မုန့်ဟင်းခါးစားနေတဲ့
အဘွားက ထပ်မေးပြန်သည်. .

"ဒီတခါ ကျင့်ခံရတာမင်းသမီး မဟုတ်ဘူး၊
ယွကျားကြီး ယွကျားကြီး
ဟ်ုမဲဆွယ်နေတဲ့ ကိုယ်စားလှယ်လောင်းကြီး. ."

"ဟင် ဘယ်လို ဘယ်လို. ."

"ဟွတ်ဒယ် အဒေါ်ရေသူ့ခမြာ ဒီရပ်ကွက်ထဲရောက်မှ
နားမုဒိမ်းကျင့်ခံရလို့. .ငိုနေတာ. .!!"

လွှတ်တော် ကိုယ်စားလှယ်ကြီး
ငိုသံကြားမှ လက်ဖက်ရည်ဆိုင်တွေ
အားနာလို့ထင့် မြန်မာကားတွေ
တရားခွေတွေကို ပိတ်လိုက်ကြသည်. .
သို့သော်လည်း
ကိုယ်စားလှယ်ကြီးခမျာ ဝမ်းနည်းလို့မဆုံးး. .

"ကျေးဇူး မမေ့ပါဘူးဗျာဟင့် အီးး"

လက်ဖက်ရည်ဆိုင်တွေဖက်ပင်
လက်အုပ်ချီ၍ ရှိခိုးလိုက်သေးသည်. .

ရပ်ကွက်က လူတွေလည်း ယခုမှ
မဲဆွယ်နေမှန်း သတိထားမိကြလေ၏. .

ထိုအခါမှ ကိုယ်စားလှယ်လောင်းကြီးလည်း
အတိုဆုံးနဲ့ အထိရောက်ဆုံး
မဲဆွယ်တော့မည်ဟုအားယူလိုက်ပြီး. .

"ကျနော် ပြောချင်တာကတော့
ပြည်သူတွေ အနေနဲ့ကျနော့်ကို ယုံကြည်ကြပါလို့. .လို့ "

ပြောလို့မှ မဆုံးသေး. .

လိမ်ဒယ်. .ညာဒယ်. .လူညာကြီးရယ်​ . .
ယုံအောင် ဖြီးတတ်ဒယ်. .

ဟူသော သီချင်းကို ဖွင့်လျက်ဘောက်သံ ကျယ်လောင်လှသော
ထီလှည်းတစီး လက်ဖက်ရည်ဆိုင်တွေအနီး
လာရောင်းလေ၏. .

ထိုလှည်းနဲ့ မရှေးမနှောင်းမှာ. .

လူမျိုး မရွေး ဘာသာမရွေး စားသုံးနိုင်တဲ့
ကျနော်များရဲ့. .ရွှေမြင်းပျံ ဟလဝါဟာ
မိဘပြည်သူများ ရှေ့မှောက်သို့
မနှေးအရောက် လာပါပြီ

ဟူသည့် အသံနဲ့အတူပုသိမ် ဟလဝါရောင်းသည့်
ကားကိုတွေ့လိုက်ရလေ၏. .

ထိုကားနောက်မှာမှမနှဲလေး ရင်ကျပ်သည့်
အသံဖြင့် တစာစာ အော်နေသည့်
ဝက်ဆီဖတ် တွန်းလှည်းးး. .

ဒီညတော့
ရဦီးမည့် မဲ. .ငါ့လခွမ်းးး

😜😜😜

crd

No comments:

Post a Comment